crd
unicode
သရုပ်ဆောင်ပြေတီဦးကတော့အမိုက်စား သရုပ်ဆောင်ကွက်တွေနဲ့အတူ အမျိုးမျိုးသောဇာတ်ကောင်တွေမှာမတူညီတဲ့ သရုပ်ဆောင်မှုများနဲ့အကောင်းဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တဲ့ အတွက်ကြောင့် ပရိတ်သတ်ကြီးတွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာအပြည့်အဝရရှိထားပါတယ်နော်။
အခုတစ်ခါမှာဆိုရင်သရုပ်ဆောင်ပြေတီဦးရဲ့ ညီမဖြစ်သူ ငွေတီဦးက အစ်ကိုဖြစ်သူ ပြေတီဦးတို့ဇနီးမောင်နှံ့ အကြောင်းကိုအခုလိုပြန်လည် ပြောပြလာခဲ့ပါတယ်နော်။သရုပ်ဆောင်ပြေတီဦး ရဲ့ ညီမဖြစ်သူငွေတီဦးက ကိုကိုက အရမ်းက တည်ငြိမ်တယ်၊ ရင်ဆိုင်နိုင်တယ်၊ ဒါဟာလောကဓံ ရဲ့ နိယာမ တစ်မျိုးပဲလို့ တွေးပြီး အေးအေးချမ်းချမ်း ရင်ဆိုင်နိုင်ပါတယ်၊ သားအမိနှစ်ယောက်တည်း ဆိုပေမဲ့ မေမေ့ကိုလည်း ပြောထားတယ်၊
စွဲလမ်းမှုတွေ ၊ စိတ်ပူပန်မှုတွေ၊ အာရုံတွေကို မေမေ အမြဲတမ်းဖြတ်တောက်နိုင်ဖို့ ပြင်ဆင်ထားပါလို့ လည်း သတိပေးဖြစ်တယ်၊ မေမေ့ကို ဆရာလုပ်တာတော့ မဟုတ်ပါဘူး၊ ဦးတီရဲ့ ပရိသတ်တွေက မေမေ့ ကိုတောင် အရမ်းချစ်ပေးကြတယ်၊ အစ်မတို့ထားခဲ့တဲ့ ကုသိုလ်ကံလေးပြန် အကျိုးပေးကြတာလို့ပဲမြင်ပါတယ် ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်၊ စာဖတ်ပရိတ်သတ်ကြီးများအတွက် ပြန်လည်တင်ဆက်ပေး လိုက်ပါတယ်နော်။
crd