ျမန္မာႏိုင္ငံမွာ အာဏာသိမ္းမႈ မျဖစ္ခင္ ၂ဝ၂ဝ ျပည့္ႏွစ္အတြင္းက အဆိုေတာ္ ယုန္ေလးကိုယ္တိုင္႐ိုက္ကူး သီဆိုၿပီး အဆိုေတာ္မ်ားစြာပါဝင္တဲ့ “ငါတို႔အားလုံးရဲ႕ေျမ” အမည္ရွိ သီခ်င္း MTV ထြက္ရွိၿပီးေနာက္ အဆိုပါ MTV ကို ၾကည့္ရႈနားဆင္မိသူတိုင္းနဲ႔ကိုယ္တိုင္ပါဝင္ သီဆိုခဲ့ၾကတဲ့ အဆိုေတာ္မ်ားအျပင္ ႏိုင္ငံေရးအသိုင္းအဝိုင္းကပါ ယုန္ေလးကို ျပင္းထန္စြာ ေဝဖန္ခဲ့ၾကပါတယ္။ MTV ထဲကအတိုင္း အာဏာသိမ္းမႈျဖစ္လာခ်ိန္မွာေတာ့ တေက်ာ့ျပန္ ေဝဖန္မႈမ်ားျမင့္တက္ခဲ့တာလည္းျဖစ္ပါတယ္။
ယုန္ေလးက ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးအရႈပ္အေထြးျဖစ္ၿပီးေနာက္ပိုင္း သူ႔ကိုေရွာင္ဖယ္ထားခဲ့တဲ့ သူေတြကိုလည္း စကားျပန္ေျပာသြားမွာျဖစ္ၿပီး ေဖ့ဘြတ္စ္လူမႈကြန္ယက္မွာ သူကြန္းမန႔္ဝင္ေရးမိလို႔ တျခားေသာသူေတြနဲ႔ အေကာင့္တုသုံးတဲ့သူေတြက ႐ိုင္းစိုင္းတဲ့စကားေတြေျပာလာခဲ့ပါက မိတ္ေဆြေတြအေနနဲ႔ သူ႔ရဲ႕ကြန္းမန႔္ကို ဖယ္ရွား ဖ်က္ပစ္လိုက္လည္းရပါတယ္လို႔ ဆိုပါတယ္။
အဲဒီေနာက္မွာေတာ့ ယုန္ေလးဟာ ဆိုရွယ္လူမႈကြန္ရက္ေပၚမွာ ခဏတျဖဳတ္ၿငိမ္သက္သြားခဲ့ၿပီး ကိုဗစ္တတိယလႈိင္းအတြင္းမွာလည္း အေရးေပၚ ေအာက္စီဂ်င္လိုအပ္သူမ်ားအား လိုက္လံကူညီရာမွ ကိုဗစ္ကူးစက္ခံလိုက္ရပါေသးတယ္။ဆိုးသြမ္းခဲ့တဲ့ အခ်ိန္ေတြ ၿပီးဆုံးသြားပါၿပီ😁 ဓိဌာန္ ဝင္ျဖစ္ ေနတယ္ဆိုတဲ့ ပုံေလးေတြ တင္ေပးလာတဲ့ျဖစ္ပါတယ္။
Credit
unicode
မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု မဖြစ်ခင် ၂ဝ၂ဝ ပြည့်နှစ်အတွင်းက အဆိုတော် ယုန်လေးကိုယ်တိုင်ရိုက်ကူး သီဆိုပြီး အဆိုတော်များစွာပါဝင်တဲ့ “ငါတို့အားလုံးရဲ့မြေ” အမည်ရှိ သီချင်း MTV ထွက်ရှိပြီးနောက် အဆိုပါ MTV ကို ကြည့်ရှုနားဆင်မိသူတိုင်းနဲ့ကိုယ်တိုင်ပါဝင် သီဆိုခဲ့ကြတဲ့ အဆိုတော်များအပြင် နိုင်ငံရေးအသိုင်းအဝိုင်းကပါ ယုန်လေးကို ပြင်းထန်စွာ ဝေဖန်ခဲ့ကြပါတယ်။ MTV ထဲကအတိုင်း အာဏာသိမ်းမှုဖြစ်လာချိန်မှာတော့ တကျော့ပြန် ဝေဖန်မှုများမြင့်တက်ခဲ့တာလည်းဖြစ်ပါတယ်။
ယုန်လေးက မြန်မာနိုင်ငံမှာ နိုင်ငံရေးအရှုပ်အထွေးဖြစ်ပြီးနောက်ပိုင်း သူ့ကိုရှောင်ဖယ်ထားခဲ့တဲ့ သူတွေကိုလည်း စကားပြန်ပြောသွားမှာဖြစ်ပြီး ဖေ့ဘွတ်စ်လူမှုကွန်ယက်မှာ သူကွန်းမန့်ဝင်ရေးမိလို့ တခြားသောသူတွေနဲ့ အကောင့်တုသုံးတဲ့သူတွေက ရိုင်းစိုင်းတဲ့စကားတွေပြောလာခဲ့ပါက မိတ်ဆွေတွေအနေနဲ့ သူ့ရဲ့ကွန်းမန့်ကို ဖယ်ရှား ဖျက်ပစ်လိုက်လည်းရပါတယ်လို့ ဆိုပါတယ်။
အဲဒီနောက်မှာတော့ ယုန်လေးဟာ ဆိုရှယ်လူမှုကွန်ရက်ပေါ်မှာ ခဏတဖြုတ်ငြိမ်သက်သွားခဲ့ပြီး ကိုဗစ်တတိယလှိုင်းအတွင်းမှာလည်း အရေးပေါ် အောက်စီဂျင်လိုအပ်သူများအား လိုက်လံကူညီရာမှ ကိုဗစ်ကူးစက်ခံလိုက်ရပါသေးတယ်။ဆိုးသွမ်းခဲ့တဲ့ အချိန်တွေ ပြီးဆုံးသွားပါပြီ😁 ဓိဌာန် ဝင်ဖြစ် နေတယ်ဆိုတဲ့ ပုံလေးတွေ တင်ပေးလာတဲ့ဖြစ်ပါတယ်။
Credit