Crd: TIKTOK MYANMAR
unicode
ဘယ်လိုနေနေ လှနိုင်လွန်းတဲ့ အိချောပိုက အမြဲ လိုလို ထိမိလွန်းတဲ့ ဖက်ရှင်တွေ နဲ့ ဆွဲဆောင်မှု အပြည့်ရှိ နေတာပဲ ဖြစ်ပါတယ်။ မနေ့ကလည်း အိချောပိုက အနက်ရောင် ဖက်ရှင် အလန်းစားလေးကို ဝတ်ဆင်ပြီး Photo Shooting တစ်ခုရိုက်ကူးခဲ့ရတာပဲ ဖြစ်ပါတယ်။ အမိုက်စား အပြင်အဆင်တွေနဲ့ အပြတ်ဂေါ် နေတဲ့ အိချောပို ကတော့ ညှို့အားပြင်းတဲ့ ပုံစံလေး နဲ့ အပီအပြင် ပို့စ်ပေးခဲ့ တာလည်း ဖြစ်ပါ တယ်။
ဒါ့အပြင် အိချောပိုက စတိုင်လ်ကျကျ လမ်းလျှောက်ပြီး ရင်ခုန်ချင်စရာ Tik Tok ကစား ပြ ခဲ့သေးတာ ဖြစ်ပါတယ်။ ချစ်ပရိသတ် တွေ အတွက် အိချောပိုရဲ့ ရိုက်ကွင်း ဗီဒီယိုလေး နဲ့ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။
မင်းသမီး ချော လေး အိချောပို ကတော့ အနုပညာပျိုးခင်း ရဲ့ စင်တင် မင်းသမီး တစ်လက်အဖြစ် ဗီဒီယိုဇာတ်ကားတွေ စတင်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သရုပ်ဆောင်တော်တဲ့ အိချောပိုက ရုပ်ရှင် ဇာတ်ကားကြီး တွေပါ ဆက်တိုက်ရိုက်ကူးပြီး နာမည်ရလာခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် အိချောပိုက ဇာတ်ကားတွေ၊ ကြော်ငြာတွေအပြင် Photo Shooting တွေလည်း မနားတမ်း ရိုက်နေရပါတယ်။
Crd: TIKTOK MYANMAR