shwethit
unicode
မင်းသမီးချောလေး ဝါဆိုမိုးဦးကတော့ ချောမောလှပတဲ့မျက်နှာလေးနဲ့အတူ ညှို့အားပြင်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်စူးရှတောက်ပတဲ့ မျက်ဝန်းအကြည့်တွေနဲ့တောင် ဖမ်းစားနိုင်စွမ်းရှိတဲ့ ဝါဆိုမိုးဦးက ယောက်ျားလေးပရိသတ်တွေကြားမှာ ရေပန်းစား နာမည်ကြီးနေတာ ဖြစ်ပါတယ် ။ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးခဲ့တဲ့ ဝါဆိုမိုးဦးက အဆိုတော်အဖြစ်လည်း တေးသီချင်းတွေ သီဆိုခဲ့တာ ဖြစ်ပါတယ် ။
အဆိုတော်ဖြိုးလေးရဲ့ကောင်မလေးလည်းဖြစ်တဲ့ ဝါဆိုက အနုပညာအလုပ်တွေကို ချစ်သူနဲ့အတူ လုပ်ကိုင်လေ့ရှိတာ ဖြစ်ပါတယ်ဝါဆိုက ခေတ်ရေစီးကြောင်းအတိုင်း လိုက်လျောညီထွေစွာနေထိုင်တတ်သူဖြစ်ပြီး သူမရဲ့ဖက်ရှင်တွေက အမြဲတမ်းခေတ်မီနေတာ ဖြစ်ပါတယ် ။ အခုလည်း ဝါဆိုက အရမ်းနာမည်ကြီးနေတဲ့ အမိုက်စားကကွက်လေးကို အားရပါးရကပြလိုက်တာ ဖြစ်ပါတယ်။
ဝါဆိုက Tik Tok မှာရေပန်းစားနေတဲ့ ကကွက်လေးကို သီချင်းတီးလုံးလေးအတိုင်း စည်းချက်ကျကျလှုပ်ခါပြီး ကပြထားတာပဲ ဖြစ်ပါတယ်ယုံကြည်မှုအပြည့်နဲ့ ပျော်ပျော်ပါးပါးကနေတဲ့ ဝါဆိုရဲ့ပုံစံလေးကတော့ အရမ်းကိုဆွဲဆောင်မှုရှိနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဝါဆိုမိုးဦးရဲ့အလန်းစား Tik Tok Video လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Video Credit-Warso Moe Oo’s FB Acc
shwethit