အေၾကာက္တရားလႊမ္းမိုးမႈ႔အႀကီးဆုံးလျဖစ္တဲ့ ၾသဂုတ္လတစ္လထဲမွာ (၂)ႀကိမ္တိတိ အသက္အႏၲရယ္နဲ႕ၾကံဳေတြ႕ခဲ့ရေၾကာင္း ေျပာျပလာတဲ့ ေမမဒီ

Posted on

ပရိသတ္ႀကီးေရ ဂီတအႏုပညာလာကမွာ အခ်ိန္အတိုတြင္း အသံခ်ိဳခ်ိဳေလးနဲ႔ ပရိသတ္ေတြရဲ႕ အသည္းေတြကို သိမ္းပိုက္ႏိုင္ခဲ့သူကေတာ့ အဆိုေတာ္မေလး ေမမဒီ ပဲျဖစ္ပါတယ္…။ ေမမဒီဟာ Myanmar idol season – 3 ၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ကာ အႏုပညာနယ္ပယ္ထဲကို စတင္ေလွ်ာက္လွမ္းလာခဲ့တာျဖစ္ပါတယ္…။ လက္ရွိမွာေတာ့ ေမမဒီက ပရိသတ္ေတြကို အေကာင္းဆုံးေဖ်ာ္ေျဖေပးႏိုင္တဲ့ အဆိုေတာ္ေကာင္းတစ္ေယာက္ျဖစ္ေအာင္လည္း ႀကိဳးစားေနတာကို ေတြ႕ရပါတယ္…။

ဒီကေန႔မွာေတာ့ ေမမဒီဟာ ၾသဂုတ္လအတြင္း ကံမေကာင္းအႀကိမ္ႀကိမ္ျဖစ္ခဲ့ရတဲ့အေၾကာင္းကို အခုလိုပဲေျပာျပလာပါတယ္…။ ေမမဒီက “အမွန္တိုင္းေျပာရရင္ ဒီ ၈ လပိုင္းဟာ သက္တန္းတေလွ်ာက္လုံးရဲ႕ ေနထိုင္လာခဲ့သမွ်မွာ အေၾကာက္တရားလႊမ္းမိုးမႈ႕အႀကီးဆုံးလျဖစ္တယ္။ အျမန္လမ္းမွာ ေသဖို႔ျဖစ္ခဲ့တာ ၂ႀကိမ္တိတိျဖစ္ၿပီး ကံေကာင္းစြာနဲ႔ အထိအခိုက္နည္းစြာျပန္ရွင္လာႏိုင္ခဲ့တယ္။ မ်က္စိ တစ္မွိတ္မွာ ငါေသၿပီလို႔ေတြးၿပီး သရဏဂုဏ္ တည္ႏိုင္ခဲ့တယ္🙏 အဆိုးထဲကအေကာင္းကိုယ္သိလိုက္ရတာက ေသၿပီဆိုတဲ့အေတြးထဲမွာတင္ စြဲလန္းမႈ႕ေတြမပါပဲ ဘာအစြဲမွမရွိပဲ လြတ္လြတ္ကင္းကင္း ဘုရားကိုပဲအာ႐ုံျပဳႏိုင္ခဲ့တယ္။ ယုံၾကည္ရာ ကိုးကြယ္ရာ ဘာသာတရား ဘုရား တရား မေမ့ၾကပါနဲ႔။

တကယ္ျဖစ္လာတဲ့အခါမွာ ဘုရား တရား ရဲ႕ ကုသိုလ္ကံနဲ႔ မျမင္ရတဲ့အေစာင့္အေရွာက္ေတြကပဲ ကယ္တင္ခဲ့တာမို႔ ျမင္ရတဲ့အရာေတြထက္ မျမင္ရတဲ့အရာကိုပိုယုံၾကည္ၿပီး အားကိုးလာမိတယ္။ အထူးသျဖင့္ ” ၾကာသာပေတး ” သားသမီးေတြပိုဂ႐ုစိုက္ရမယ့္ လလို႔ထင္ပါတယ္။ ဒီ ၈/၉/၁၀ လေတြမွာ သြားလာေနထိုင္စားေသာက္ အားလုံးသတိကပ္ေနထိုင္ၿပီး ဘုရား တရား ကိုလုံးဝ💯မေမ့ဖို႔ အႀကံျပဳခ်င္ပါတယ္။ ကံေကာင္းလို႔သာ ဒီစာကို ဒီေန႔မွာေရးႏိုင္တာပါ။ ကိုယ္ေတြ႕ခံစားေတြ႕ႀကဳံရေသာအရာမ်ားႏွင့္ယွဥ္၍ ေမတၱာျဖင့္” ဆိုၿပီး ေျပာလာပါတယ္။ႏွစ္ႀကိမ္တိတိအႏၲရယ္ၾကံဳေတြ႕ခဲ့ရတဲ့ ေမမဒီေလးဘုရားတရားမေမ့ေလ်ာ့တဲ့အက်ိဳးအားေၾကာင့္ ခုလိုအႏၲရယ္ကင္းစြာနဲ႕ျပန္ရွင္သန္လာခဲ့တာပဲျဖစ္ပါတယ္ေနာ္…။

Source: May Madi’s fb
crd

unicode

ပရိသတ်ကြီးရေ ဂီတအနုပညာလာကမှာ အချိန်အတိုတွင်း အသံချိုချိုလေးနဲ့ ပရိသတ်တွေရဲ့ အသည်းတွေကို သိမ်းပိုက်နိုင်ခဲ့သူကတော့ အဆိုတော်မလေး မေမဒီ ပဲဖြစ်ပါတယ်…။ မေမဒီဟာ Myanmar idol season – 3 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ အနုပညာနယ်ပယ်ထဲကို စတင်လျှောက်လှမ်းလာခဲ့တာဖြစ်ပါတယ်…။ လက်ရှိမှာတော့ မေမဒီက ပရိသတ်တွေကို အကောင်းဆုံးဖျော်ဖြေပေးနိုင်တဲ့ အဆိုတော်ကောင်းတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားနေတာကို တွေ့ရပါတယ်…။

ဒီကနေ့မှာတော့ မေမဒီဟာ သြဂုတ်လအတွင်း ကံမကောင်းအကြိမ်ကြိမ်ဖြစ်ခဲ့ရတဲ့အကြောင်းကို အခုလိုပဲပြောပြလာပါတယ်…။ မေမဒီက “အမှန်တိုင်းပြောရရင် ဒီ ၈ လပိုင်းဟာ သက်တန်းတလျှောက်လုံးရဲ့ နေထိုင်လာခဲ့သမျှမှာ အကြောက်တရားလွှမ်းမိုးမှု့အကြီးဆုံးလဖြစ်တယ်။ အမြန်လမ်းမှာ သေဖို့ဖြစ်ခဲ့တာ ၂ကြိမ်တိတိဖြစ်ပြီး ကံကောင်းစွာနဲ့ အထိအခိုက်နည်းစွာပြန်ရှင်လာနိုင်ခဲ့တယ်။ မျက်စိ တစ်မှိတ်မှာ ငါသေပြီလို့တွေးပြီး သရဏဂုဏ် တည်နိုင်ခဲ့တယ်🙏 အဆိုးထဲကအကောင်းကိုယ်သိလိုက်ရတာက သေပြီဆိုတဲ့အတွေးထဲမှာတင် စွဲလန်းမှု့တွေမပါပဲ ဘာအစွဲမှမရှိပဲ လွတ်လွတ်ကင်းကင်း ဘုရားကိုပဲအာရုံပြုနိုင်ခဲ့တယ်။ ယုံကြည်ရာ ကိုးကွယ်ရာ ဘာသာတရား ဘုရား တရား မမေ့ကြပါနဲ့။

တကယ်ဖြစ်လာတဲ့အခါမှာ ဘုရား တရား ရဲ့ ကုသိုလ်ကံနဲ့ မမြင်ရတဲ့အစောင့်အရှောက်တွေကပဲ ကယ်တင်ခဲ့တာမို့ မြင်ရတဲ့အရာတွေထက် မမြင်ရတဲ့အရာကိုပိုယုံကြည်ပြီး အားကိုးလာမိတယ်။ အထူးသဖြင့် ” ကြာသာပတေး ” သားသမီးတွေပိုဂရုစိုက်ရမယ့် လလို့ထင်ပါတယ်။ ဒီ ၈/၉/၁၀ လတွေမှာ သွားလာနေထိုင်စားသောက် အားလုံးသတိကပ်နေထိုင်ပြီး ဘုရား တရား ကိုလုံးဝ💯မမေ့ဖို့ အကြံပြုချင်ပါတယ်။ ကံကောင်းလို့သာ ဒီစာကို ဒီနေ့မှာရေးနိုင်တာပါ။ ကိုယ်တွေ့ခံစားတွေ့ကြုံရသောအရာများနှင့်ယှဉ်၍ မေတ္တာဖြင့်” ဆိုပြီး ပြောလာပါတယ်။နှစ်ကြိမ်တိတိအန္တရယ်ကြုံတွေ့ခဲ့ရတဲ့ မေမဒီလေးဘုရားတရားမမေ့လျော့တဲ့အကျိုးအားကြောင့် ခုလိုအန္တရယ်ကင်းစွာနဲ့ပြန်ရှင်သန်လာခဲ့တာပဲဖြစ်ပါတယ်နော်…။

Source: May Madi’s fb
crd