crd
unicode
ပရိသတ်ကြီးရေ.. မမြတ်လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် မင်းသမီးချော အေးမြတ်သူကတော့ ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ဟန်ပန် အပြောအဆိုလေးတွေနဲ့ ဟန်ဆောင်မှုကင်းတဲ့ နေထိုင် ပုံလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုရတဲ့သူလေးပါ။ ဒါ့ပြင်သူမရဲ့ ကျော့ရှင်းလှတဲ့အလှတရားလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ပါးချိုင့်လေး ဟာလည်း ပရိသတ်ရင်ကို ထိမှန်စေတာ အသေအချာပါပဲ ဖြစ်ပါတယ်။
အေးမြတ်သူဟာ အခုချိန်ထိလည်းအရွယ်တင်နုပျိုနေဆဲဖြစ်ပြီး သူမရဲ့ အလှတရားတွေဟာ ဆိုရင်လည်း ဆယ်ကျော်သက်တွေအရှုံးပေးရလောက်အောင်ကို လှပနေတာပါ။ အေးမြတ်သူဟာ အသက်(၃၀ )ကျော် လို့ထင်ရက်စရာမရှိအောင်ကို ခန္ဓာကိုယ်ပိုင်းရော၊အသားအရည်တွေပါ လှပနေတဲ့မင်းသမီးချော တစ်ယောက်ဖြစ်ပါတယ်။ အေးမြတ်သူဟာ ကျန်းမာရေးလိုက်စားတဲ့ မင်းသမီး တစ်ယောက်လည်းဖြစ်ပြီးတော့ သူမရဲ့ ဘော်ဒီလေးဟာဆိုရင်လည်း အားကျစရာကောင်းနေတာပါ။
မကြာသေးမီကတော့ အေးမြတ်သူဟာ သူမရဲ့ Facebook pageလေးမှာ “တေင့်တင်းခိုင်မာတဲ့ ပေါင်တံ………..ကျစ်လစ်တဲ့ တင်ပါး……… …..သေးသွယ်တဲ့ခါး….. ကို ပိုင်ဆိုင်ချင်တာ မမြတ်လေးရဲ့ ငယ်ဘဝ အိမ်မက်တခုပါ….ခုတော့ လမ်းစလေးမြင်ရပြီရှင့်…ထပ်ကြိုးစားရမယ်..နိုင်ငံ့ဂုဏ်ဆောင် Miss ဖြစ်ချင်ခဲ့ တာလည်း ရူးသွပ်မှု့တခုပေါ့…လက်ရှိ နိုင်ငံ့ဂုဏ်ဆောင်ခွင့်ရမယ့် ညီမတွေ နဲ့ နောင်ကိုနို င်ငံ့ဂု ဏ်ဆောင် ခွင့်ရမ ယ့်ညီမတွေ အများကြီးကြိုးစားစေချင်တယ်…. အမလို အသက်ကြီးတဲ့ အမျိုးသမီး က ကြိုးစားချင်ပေမယ့်အခွင့်အရေးမရတော့ဘူး …အခွင့်အရေးရှိတဲ့ ညီမတွေ ကြိုးစားပေး ကြပါနော်…. အင်တာနေရှ င်နယ်အ ဆင့်မမှီတဲ့ အရပ် နဲ့ ကြီးရင့်လာတဲ့အသက်နံပါတ်တွေကြောင့်…. ကိုယ့်ဘော်ဒီ ကိုတော့ အင်တာနေရှင်နယ် နေမှီအောင် ကြိုးစားနေပါတယ်လို့……” ဆိုပြီး ရေးသားကာ အလန်းစားပုံတွေ တင်ပေး လာပါတယ်။ ကဲ……ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
crd