ေခြၽးနဲစာနဲ႔ ရွာထားတဲ့လုပ္အားခရတိုင္း မိခင္ကိုကန္ေတာ့ေနရမွ ခုဆိုရင္ ခင္ပြန္းျဖစ္သူကိုပါကန္ေတာ့ခြင့္ရလို႔ ၾကည္ႏူးေနတဲ့ မင္းသမီးေလး “ျမတ္သူသူ”

Posted on

ပရိသတ္ႀကီးေရျမတ္သူသူကေတာ့MRTV- (4 )ဇာတ္လမ္းတြဲမင္းသမီးတစ္လက္ျဖစ္ၿပီး ” ပ်ားရည္အိုင္” ဇာတ္လမ္းတြဲမွာ ျမညိဳဆိုတဲ့ဇာတ္ေကာင္နဲ႔ ဇာတ္လမ္းတြဲမင္းသမီးေလးဆိုကာ ပရိသတ္အားေပးမႈ အျပည့္အဝရရွိလာခဲ့တဲ့ သူေလးတစ္ေယာက္ပါ။ခ်စ္ခြန္းေႁခြသီခ်စ္သူဆီ၊ ရတနာထဲကရတနာ ၊တို႔အျပင္ ဝကၤပါစံအိမ္ ဇာတ္လမ္းတြဲတို႔မွလည္း ပါဝင္ခဲ့တဲ့သူေလးပါ။။ ျမတ္သူသူဟာ သူမကို တန္ဖိုးထားခ်စ္ျမတ္ႏိုးသူရဲ႕ သိန္း (၁၀၀၀) နဲ႔ တင္ေတာင္းျခင္းခံခဲ့ရၿပီး မဂၤလာဧည့္ခံပြဲကိုလည္း ရန္ကုန္ၿမိဳ႕က အႀကီးဆုံးဟိုတယ္တစ္ခုမွာ ခမ္းခမ္းနားနား ႀကီးႀကီး က်ယ္က်ယ္က်င္းပႏိုင္ခဲ့တာပဲျဖစ္ပါတယ္။

ဒီကေန႔မွာေတာ့ ျမတ္သူသူက သူမရဲ႕ မိခင္နဲ႔ ခင္ပြန္းကို ကိုယ္တိုင္ရွာေဖြထားတဲ့ေငြနဲ႔ ကန္ေတာ့ႏိုင္ခဲ့ေၾကာင္း ေျပာျပလာပါတယ္။ ျမတ္သူသူက “ကိုယ့္လုပ္အားခေလးေတြရတိုင္း အေမ့ကို အၿမဲကန္ေတာ့ခဲ့တာ။ အခု ေယာက်ၤားကိုလည္း ကန္ေတာ့ခြင့္ရၿပီ 🙈 ျမတ္သူထက္ သိတတ္လိမၼာတဲ့သူေတြလည္း အမ်ားႀကီးရွိတာသိပါတယ္ အခုလိုေပ်ာ္စရာ အမွတ္တရေလးေတြကိုေတာ့ သိမ္းဆည္းမွ်ေဝပါရေစရွင့္ ❤️” ဆိုၿပီး အမွတ္တရေျပာလာပါတယ္။

ျမတ္သူသူကေတာ့ အိမ္ေထာင္ရွင္မတစ္ေယာက္ျဖစ္လာခ်ိန္မွာ အေမနဲ႔အတူတူ ခင္ပြန္းသည္ကိုပါ ကန္ေတာ့ျဖစ္ခဲ့ေၾကာင္း ေျပာလာခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း သိတတ္လိမၼာလြန္းတဲ့ ျမတ္သူသူကို အရင္ကထက္ပိုခ်စ္သြားမယ္လို႔ ထင္ပါတယ္ေနာ္။

Source: Myat Thu Thu’s fb

unicode

ပရိသတ်ကြီးရေမြတ်သူသူကတော့MRTV- (4 )ဇာတ်လမ်းတွဲမင်းသမီးတစ်လက်ဖြစ်ပြီး ” ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ မြညိုဆိုတဲ့ဇာတ်ကောင်နဲ့ ဇာတ်လမ်းတွဲမင်းသမီးလေးဆိုကာ ပရိသတ်အားပေးမှု အပြည့်အဝရရှိလာခဲ့တဲ့ သူလေးတစ်ယောက်ပါ။ချစ်ခွန်းခြွေသီချစ်သူဆီ၊ ရတနာထဲကရတနာ ၊တို့အပြင် ဝင်္ကပါစံအိမ် ဇာတ်လမ်းတွဲတို့မှလည်း ပါဝင်ခဲ့တဲ့သူလေးပါ။။ မြတ်သူသူဟာ သူမကို တန်ဖိုးထားချစ်မြတ်နိုးသူရဲ့ သိန်း (၁၀၀၀) နဲ့ တင်တောင်းခြင်းခံခဲ့ရပြီး မင်္ဂလာဧည့်ခံပွဲကိုလည်း ရန်ကုန်မြို့က အကြီးဆုံးဟိုတယ်တစ်ခုမှာ ခမ်းခမ်းနားနား ကြီးကြီး ကျယ်ကျယ်ကျင်းပနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မြတ်သူသူက သူမရဲ့ မိခင်နဲ့ ခင်ပွန်းကို ကိုယ်တိုင်ရှာဖွေထားတဲ့ငွေနဲ့ ကန်တော့နိုင်ခဲ့ကြောင်း ပြောပြလာပါတယ်။ မြတ်သူသူက “ကိုယ့်လုပ်အားခလေးတွေရတိုင်း အမေ့ကို အမြဲကန်တော့ခဲ့တာ။ အခု ယောင်္ကျားကိုလည်း ကန်တော့ခွင့်ရပြီ 🙈 မြတ်သူထက် သိတတ်လိမ္မာတဲ့သူတွေလည်း အများကြီးရှိတာသိပါတယ် အခုလိုပျော်စရာ အမှတ်တရလေးတွေကိုတော့ သိမ်းဆည်းမျှဝေပါရစေရှင့် ❤️” ဆိုပြီး အမှတ်တရပြောလာပါတယ်။

မြတ်သူသူကတော့ အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်လာချိန်မှာ အမေနဲ့အတူတူ ခင်ပွန်းသည်ကိုပါ ကန်တော့ဖြစ်ခဲ့ကြောင်း ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သိတတ်လိမ္မာလွန်းတဲ့ မြတ်သူသူကို အရင်ကထက်ပိုချစ်သွားမယ်လို့ ထင်ပါတယ်နော်။

Source: Myat Thu Thu’s fb