Credit.
unicode
အဆိုတော် နိုင်းဝမ်းကတော့ ခေတ်လူငယ်ကြိုက် သီချင်းတွေကို သီဆိုရင်းနဲ့ အောင်မြင်မှုရရှိခဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နိုင်းဝမ်းက လတ်တလောမှာတော့ သူ့ရဲ့ ဂီတအနုပညာအလုပ်တွေကို ရပ်နားထားပြီး သူ့ရဲ့ဇနီးသည်နဲ့အတူတူ အထည်ဆိုင်ကြီးတစ်ဆိုင်ကို ဖွင့်လှစ်ထားကာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင် နေလျက်ရှိတာပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ နိုင်းဝမ်းက သူ့မှာရှိတဲ့ ပိုက်ဆံတွေကို ဘယ်လိုတွေ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့လဲ ဆိုတာကို ပြောပြလာခဲ့ပါတယ်။နိုင်းဝမ်းက “သူများတွေ ရွှေဝယ်စု၊ ငွေဝယ်စု၊ မြေဝယ်စုနေကြတဲ့အချိန် ကိုယ်လဲဘာလုပ်လို့ဘာကိုင်ရမှန်းမသိလို့ ဘေတွေ ဝယ်စုထားလိုက်တာ မဆိုးဘူးပြောရမယ်။ အရောင်းလဲသွက်တဲ့အပြင် တစ်ထုပ်ကို လူ၄ယောက်လောက် မနဲမပြီးသယ်ရတာဆိုတော့ သူခိုးဓားပြရန်ကလဲသိပ်မပူရဘူး။
လာခိုးတဲ့သူခိုးပါ အီးထွက်သွားနိုင်တယ် ။နိုင်းဝမ်းကတော့ သူများတွေ ငွေဈေးတက် လို့ ရွှေဝယ်စု၊ ငွေဝယ်စု၊ မြေကွက်တွေဝယ်စုနေချိန်မှာ သူကတော့ သူ့လုပ်ငန်းလည်ပတ်ဖို့အတွက် ဘေထုတ်အထည်တွေကိုသာ ဝယ်ယူခဲ့တယ်ဆိုပြီး ပရိသတ်တွေကို အရွှန်းဖောက် စနောက်ခဲ့တာပဲဖြစ်ပါတယ်။
Credit.