ဒေါ်လာဈေးတွေ ရွှေဈေးတွေကျနေပေမယ့် ကုန်ဈေးနှုန်းတွေ မကျသေးလို့ ပေါက်ကွဲနေတဲ့ “ယုန်လေး”

Posted on




crd

unicode

ပရိသတ်ကြီးရေ အဆိုလောကမှတစ်ဆင့် ရုပ်ရှင်နယ်ပယ်ထဲကို ဝင်ရောက်လာခဲ့တဲ့ ယုန်လေးကိုတော့ အားလုံးပဲသိကြမှာပါ။ ယုန်လေး ဟာ အဆိုပိုင်းမှာနာမည်ကြီးခဲ့ပြီး သီဆိုခဲ့တဲ့ သီချင်းအပုဒ်တိုင်းဟာလဲ အားလုံးလိုလိုအောင်မြင်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ မင်းသား မြင့်မြတ် နဲ့အတူ ရုပ်ရှင်ကားပေါင်း များစွာကို ရိုက်ကူးခဲ့ပြီး ရုပ်ရှင်လောကထဲကို ခြေစုံပစ်ဝင်ခဲ့ပြန်ပါတယ်။ အရင်ချိန်တွေတုန်းက ယုန်လေးကို အားပေးတဲ့ပရိသတ်များစွာ ရှိခဲ့ပေမယ့်လဲ လက်ရှိအချိန်မှာတော့ ပရိသတ်တွေရဲ့ ဝေဖန်မှု့ကို ခံနေရပါတယ်။

လွန်ခဲ့တဲ့နာရီပိုင်းလောက်က ယုန်လေး ဟာ ကုန်ဈေးနှုန်း နဲ့ပတ်သက်တဲ့ ထင်မြင်ယူဆချက်တွေကို အခုလိုပဲရေးသားလာခဲ့ပါတယ်။” ဒေါ်လာဈေး 4300 ကနေ အခု 3000 အောက်ရောက်သွားပါပြီ ရွှေဈေး သိန်း 30 ကျော်ကနေ 26 သိန်းအောက် ရောက်သွားပါပြီ ကားဈေးတွေ လည်းတောင့်ထားတာပဲရှိတာ အဝယ်မရှိ ကျနေပါပြီ. ဆေး ရောင်းတဲ့ ဆေး ဆိုင်တွေ ဆန်. ဆီ. ဆား. တခြာတခြား ကုန်ဈေးနူန်းများရုပ်တည် ကြီးနဲ့ မသိချင်ယောင်ဆောင်မနေပါနဲ့ တော့ကျရင် ကျဈေးအတိုင်း ရောင်းပြီးကုသုလ် ယူလိုက်ပါ ခင်မျာ ” လို့ယုန်လေး ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။

ပရိသတ်ကြီးရေ ယုန်လေး ရဲ့ ထင်မြင်ယူဆချက်နဲ့ပတ်သက်ပြီး ဝေဖန်ချင်တာများရှိရင် ကောမန့်မှာရေးးသားသွားခဲ့ပါအုန်းနော်။

crd