နောင်တတရားတွေ ရရှိပြီး တာကြောင့် ပရိသတ် ကို ရိုင်းပြ ခဲ့ တာကြောင့် ပြန် လည်တောင်းပန် ခဲ့ ရ တဲ့ မအေးသောင်း

Posted on




crd

unicode

ပရိသတ်တွေကပဲ ချစ်စနိုးနဲ့ နာမည်ပေးထားကြတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းကတော့ လတ်တလော မှာ အနုပညာလှုပ်ရှားမှုတွေ ရပ်နားထားပြီး ခင်ပွန်းဖြစ်သူနဲ့အတူတူ ထို င်းနို င်ငံမှာ နေထိုင်နေတာပဲဖြစ်ပါတယ်။ဒီကနေ့မှာတော့ မအေးသောင်းဟာ သူမရဲ့ ဓာတ်ပုံဟောင်းတစ်ခုကို ဖေ့စ်ဘုတ်စာမျက်နှာပေါ် ပြန် Share ခဲ့ရာ ဝမ်းန ည်းစိတ်မကော င်းဖြစ်ေ နတဲ့ ပရိ သတ်တွေက ဒီကနေ့မှာ အလှဓာတ်ပုံတွေမတင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒါပေမယ့် မအေးသောင်းက ပရိသတ်အပေါ် လေးစားမှုမရှိပဲ “ကျော်သွားလိုက်ပါ”၊ “ဒီနေ့မို့ လို့တင်တာ” စသည်ဖြင့် ခနဲ့တဲ့တဲ့စကားတွေ ပြောခဲ့တာကြောင့် ပရိသတ်တွေက စိတ် ဆိုးဒေါသထွက်နေကြတာပဲဖြစ်ပါတယ်။မအေးသောင်းက သူမရဲ့ စကားအပြော အဆိုမှားယွင်းရိုင်းပြမိတာကို သိကာ “”အနာဂတ် ကိုပြောင်းလဲ ဖို့အတွက် ပစ္စပ္ပုန် ကို အရင် ပြောင်းလဲဖို့ လို တာပေါ့နော်” ဆိုတဲ့ ပိုစ့်လေး ပြန်ရှဲ မိတာမို့ နားလည်မှု လွဲသွားရင် အားလုံးစိတ် အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန် ပါတယ်

ကိုယ်တိုင်လည်းစိတ်မကောင်းဖြစ်နေတာ မို့ ပြန်ပြောမိတာကိုလည်း နားလည်ပေးပါရှင့် 🙏🙏🙏 ” ဆိုပြီး ပရိသတ်တွေကို ပြန်လည်တောင်းပန်လာခဲ့ပါတယ်။မအေးသောင်းက သူမရဲ့ ရိုင်းပြမှုကို ပြန်လည်တောင်းပန်လာခဲ့ပေမယ့် ပရိသတ်တွေက မအေးသောင်းရဲ့ ဖေ့စ်ဘုတ်နဲ့ အင်စတာဂရမ်အကောင့်တွေ ကို Unfollow ပြုလုပ် ခဲ့ကြကာ မအေးသောင်းမှာ လည်း စက္ကန့်နဲ့အမျှ Follower တွေ ကျဆင်းနေခဲ့တာကို တွေ့ရပါတယ်။

crd