အောင်မြင်သူတို့ရဲ့ လမ်းစဉ်

Posted on

အင်တာဗျူးတစ်ခုမှာ ဘီလ်ဂိတ်ပြောတဲ့ စကားလေးပါ………..
“ကျနော် ကျောင်း တက် တုန်းက ဘာသာရပ်အချို ့ စာမေးပွဲကျပြီး သူငယ်ချင်းတွေ က အောင်မြင်တယ်။ သူတို့က မိုက်ခရိုဆော့ဖ်ကုမ္ပဏီရဲ ့ ဝန်ထမ်းတွေ ဖြစ် သွားပြီး ကျနော်က မိုက်ဖရိုဆော့ဖ်ကုမ္ပဏီပိုင် ရှင် ဖြစ်လာတယ်”တကယ့် လက်တွေ့ ကမ္ဘာ့ အိုင်တီလောကမှာလည်း ဒီတိုင်းပါပဲ။

မိန်းကလေး များက အတန်းထဲမှာ အမှတ်ပြည့်နဲ့ အိုင်တီမေဂျာ ကို အောင်မြင်ပြီး ယောင်္ကျားလေးများက ကျပါတယ်။သို့ပေမယ့် ယင်း အမျိုးသားများက ကမ္ဘာ့ထိပ်တန်း ဆိုင်ဘာလုံခြုံရေး အဖွဲ့အစည်းတွေက အားကိုးရတဲ့ ဟက်ကာတွေ ဖြစ်ကုန်ပါတယ်။ တစ်ချို ့တစ်လေ ကို ပြောတာ ပါ။ဒါကြောင့် စာမေးပွဲမှာ အမှတ်ပြည့်ရဖို့ ကြိုးစားနေခြင်းက အကန့်အသတ် ရှိပါတယ်။

တကယ့် လက်တွေ့ဘဝ အသုံးချဖို့ ရည်ရွယ်ရိုးမှန်ရင် ထားရမယ့် target က တစ်မျိုးပြောင်းသွားပါပြီ။ဘီလ်ဂိတ်တို့၊ စတိဗ်ဂျော့တို့ဆိုတာ တစ်ချိန်တုန်းက ကွန်ပြူတာကုဒ်တွေကို စာရွက်ပေး ချရေးလို့ ရောင်း စားပြီး ကျောင်းတက်ခဲ့တဲ့သူတွေပါ။ဒီတော့ အထောက်အပံ့ပစ္စည်း မရှိတာတို့၊ အင်တာနက်လိုင်းမကောင်းတာတို့က ပြစရာ အကြောင်းပြချက် တစ်ခုမဖြစ်သင့်ပါဘူး။ လုပ်ချင်စိတ်၊ ဖြစ်ချင်စိတ်ကသာ အဓိက ကျတာပါ။သာမန် လုပ်ရိုးလုပ်စဉ်အတိုင်း ဆက်လုပ်မယ်၊ လခစားဘဝမှာ တာဝန်ကျေရုံပဲ လုပ်မယ်ဆိုရင် တစ်သက်လုံး နောက်လိုက်ပဲ ဖြစ်မှာပါ။ လုပ်ငန်းရှင်ဖြစ်မလာပါဘူး။ ကိုယ့်လျှောက်မယ့် ပရော်ဖက်ရှင်တစ်ခုကို အတိအကျ ရွေးပြီး ခုကတည်းက အကောင်းဆုံး လုပ်သွားဖို့ အကြံပေး တိုက်တွန်း လိုက်ရ ပါတယ်။

zawgyi




Leave a Reply

Your email address will not be published.