“မြတ်သူသူ” ရဲ့ မင်္ဂလာပွဲမှာ သတို့သမီးပစ်လိုက်တဲ့ လက်ကိုင်ပန်းစည်းလေးကို ရအောင်ဖမ်းနိုင်ခဲ့တဲ့ “ပိုးကြာဖြူခင်”

Posted on





unicode

သရုပ်ဆောင်ပိုးကြာဖြူခင်ကတော့ အပီပြင်ဆုံးသရုပ်ဆောင်ချက်တွေနဲ့အတူကျရာ ဇာတ်ကောင်တွေမှာအပီပြင်ဆုံး၊ အကောင်းဆုံးသရုပ်ဆောင်ပြနိုင်ခဲ့တဲ့ အတွက်ကြောင့်ပရိတ်သတ်ကြီးတွေရဲ့အားပေးမှုကိုအခိုင်အမာအပြည့်အဝရရှိထားပါတယ်နော်။ပိုးကြာဖြူခင်ဟာ အနုပညာအလုပ်တွေကိုပဲ အချိန်ပေး လုပ်ကိုင်ခဲ့ရတာမို့ အိမ်ထောင်ရေးကို မစဉ်းစားနိုင်သေးပဲ တစ်ကိုယ်တည်းအပျိုကြီးအဖြစ်ရှိနေတာပဲဖြစ်ပါတယ်

မနေ့က မတ်လ (၁၁) ရက်နေ့မှာတော့ ပိုးကြာဖြူခင်က သရုပ်ဆောင်မြတ်သူသူရဲ့မင်္ဂလာပွဲမှာ သတို့သမီးအရံအဖြစ် ဆောင်ရွက်ခဲ့ရပြီး မြတ်သူသူပစ်ပေးတဲ့ သတို့သမီးလက်ကိုင်ပန်းစည်းလေးကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ပိုးကြာဖြူခင်က “ဟိတ် 🌝 သတို့သမီး မြတ်သူသူ ပစ်လိုက် တဲ့ လက်ကိုင် ပန်းစည်းလေးတော့ ဒီနေ့ ဖမ်းမိပြီးပြီ နော် တို့အလှည့်ကရော ဘယ်တော့များလဲ 🤭🤭🤭 ဒီ အပျိုကြီး တော့ စွံတော့မယ်နဲ့ တူပါတယ်” ဆိုပြီးပြောလာပါတယ်။

ဓလေ့ထုံးတမ်းအယူအဆတွေအရ မင်္ဂလာသတို့သမီး လက်ကိုင်ပန်းစည်းရရှိတဲ့သူဟာ (၆) လအတွင်း မင်္ဂလာသတင်းကြားရမယ်ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အပျိုကြီးပိုးကြာဖြူခင်ရဲ့ မင်္ဂလာသတင်းလေးကို နားစွင့်ပေးကြပါဦးနော်။

Source: Poe Kyar Phyu Khin’s fb