ပျော့ပျောင်းလွန်းတဲ့ အချိုးအဆစ်လေးတွေ နဲ့ ‌အံ့ဩမှင်သက်ဖွယ် ကောင်းလောက်အောင် ယောဂကစား နေတဲ့ မိုးဟေကို

Posted on

အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ အတူ ပရိသတ်ကြီးတို့ရဲ့ တစ်ခဲနက်အချစ်တွေကို အခိုင်အမာရရှိထားတဲ့ ပြည်သူ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေးကတော့ မိုးလို့အများက ချစ်စနိုးခေါ်နေကြတဲ့ မိုးဟေကိုပဲ ဖြစ်ပါတယ်နော်..။ မိုးကတော့ သရုပ်ဆောင်ကောင်းတဲ့အပြင် ပင်ကိုယ်ဟန်ပန်လေးတွေနဲ့ ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားကာ ပုရိသပရိသတ်တွေရဲ့ သည်းသည်းလှုပ်အချစ်တွေအပြင် မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်နေကြတာပါ..။

မိန်းကလေးတိုင်းအားကျရပြီး အချိုးအစားကျလွန်းတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေကလည်း သူမရဲ့ဆွဲဆောင်မှုလေးတွေထဲက တစ်ခုဖြစ်ပြီး အဆီပိုတွေကင်းက ကျစ်လစ်သွယ်လျတဲ့သူမရဲ့ခန္ဓာကိုယ်လေးကို ထိန်းသိမ်းဖို့အတွက် လေ့ကျင့်ခန်းတွေလည်း မှန်မှန်လုပ်ဆောင်နေသူလေးပါ..။ အခုတစ်ခါမှာလည်း မိုးတစ်ယောက် ယောဂကျင့်နေတဲ့ ပုံရိပ်လေးတွေ ဝေမျှရင်း ယောဂကစားနည်းတွေနဲ့အတူ ချစ်ရတဲ့ ပရိသတ်တွေကိုလည်း သူမနဲ့အတူလိုက်ပါ ကစားဖို့ကိုလည်း ဖိတ်ခေါ်တိုက်တွန်းထားပါသေးတယ်နော်..။

မိုးကတော့ ပရိသတ်တွေ ယောဂကစားနည်းတွေ ဝေမျှရင်း ကိုယ်တိုင်လည်း ကျန်းမာရေး အတွက် လေ့ကျင့်ခန်းတွေကို ပုံမှန်အချိန်ပေးပြီး လုပ်ဖြစ်နေတာမို့ ကျန်းမာရေးကောင်းမွန်သလို အရွယ်တင်နုပျိုနေတာဆိုလည်း မမှားပါဘူးနော်..။ ကဲ.. ဒီကနေ့လေးမှာတော့ ချစ်ရတဲ့ မိုးရဲ့ပရိသတ်တွေအပြင် ကျန်းမာရေးအတွက် ယောဂကစားနေကြတဲ့ ပရိသတ်တွေအားလုံးအတွက်ပါ မိုးရဲ့ ပုံရိပ်လေးတွေကို ဝေမျှပေးလိုက်တာမို့ နှစ်သက်သဘောကျနေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။

Photo Credit – Moe Hay Ko’s Fb Page

Leave a Reply

Your email address will not be published. Required fields are marked *