ဒီနေ့အထိတိုင်သွေးမအေးဘဲ အတူတူတိုက်ပွဲဝင်နေတဲ့ ကိုပေါက် နဲ့ အမှတ်တရတွေ ပြောပြလာတဲ့ မင်းမော်ကွန်း

Posted on






crd

unicode

ပရိတ်သတ်တွေ ချစ်ခင်အားပေးရတဲ့ သရုပ်ဆောင် မင်းမော်ကွန်းကတော့ အနုညာနယ်ပယ်မှာ ဆယ်စုနှစ်တစ်ခုကြာအောင် အောင်မြင်မှုတွေ ထိမ်းသိမ်းထားနိုင်သူတစ်ယောက်ပါ။

ဒါအပြင်မင်းမော်ကွန်းကပြည်သူတော်လှန်ရေးကြီးမှာအစတည်းကတတ်တတ်ကြွကြွပါဝင်ခဲ့ပြီးလမ်းမပေါ်ထိထွက်ကာဆန္ဒထွက်ဖော်ခဲ့ကြတာဘဲဖြစ်ပါတယ်။

တချို့အနုပညာရှင်တွေကအစပိုင်းမှာပါဝင်ခဲ့ကြပြီးဖမ်းဆီးခံရမှုတွေရှိတာကြောင့်ဆက်မလုပ်တော့ဘဲသွေးအေးသွားကြတာဖြစ်ပါတယ်။သို့ပေမယ့်မင်းမော်ကွန်းကတော့သွေးမအေးနောက်မဆုတ်ဘဲ စစ်အာဏာရှင်ရဲ့လက်အောက်ကထွက်ကာလွတ်မြောက်နယ်မြေကိုမိသားစုနဲ့အတူသွားရောက်ပြီး

ဆက်လက်တိုက်ပွဲဝင်နေတဲ့သူတစ်ယောက်ပါ။ ဒါအပြင်သရုပ်ဆောင်ဒါရိုက်တာကိုပေါက်ကလည်း မင်းမော်ကွန်းနဲ့အတူ ဆန္ဒပြရာမှာလည်းအတူပါဝင်ခဲ့ပြီး လွတ်မြောက်နယ်မြေကိုလည်း အတူရောက်ရှိနေတာဖြစ်ပါတယ်။

မင်းမော်ကွန်းကလည်း ကိုပေါက်နဲ့ပတ်သတ်ပြီး အမှတ်တရတွေကို ပြောပြလာပါတယ်။မင်းမော်ကွန်းက အမှတ်တရသတိရ ခုထိသွေးမအေး ပွတ်ပွတ်ဆူနေတုန်း ခုထိနောက်မဆုတ် မဆုံးတမ်းလျှောက်နေတုန်းဆိုပြီး သူ့ရဲ့ဆုံးဖြတ်ချက်ခိုင်မာပုံကို ပြောပြထားတာပဲ ဖြစ်ပါတယ်။

crd

Leave a Reply

Your email address will not be published. Required fields are marked *