ရင်ခုန်စရာ အမှုအရာလေး တွေ နဲ့ ဆွဲဆောင်မှု ရှိရှိ လှရက်လွန်း နေ တဲ့ နန်းခင်ဇေယျာ ရဲ့ ဗီဒီယို ဖိုင်လေး

Posted on





unicode

ပရိသတ်ကြီးရေ…..ချစ်စရာ ဟန်ပန်အမူအရာလေးတွေ၊အပြုံး ချိုချိုလေးတွေ နဲ့ အမိုက်စား ဘော်ဒီအချိုးအစားလေးကို ပိုင်ဆိုင်ထားတဲ့ နန်းခင်ဇေယျာကတော့ ပရိသတ်တွေရဲ့ အသည်းနှလုံးထဲမှာ နေရာအခိုင်အမာရရှိထားတဲ့သူလေးပါနော်……။သူမကတော့ Miss Internationalတစ်ယောက်အနေနဲ့ ပရိသတ်တွေအားပေးမှုရရှိပြီး အောင်မြင်လာခဲ့ သူလေးလို့ ဆိုရင် လည်း မှားမယ်မထင်ပါဘူး…..။

နန်းခင်ဟာ ဗီဒီယိုကားတွေ ရုပ်ရှင်ကားတွေပါ အများအပြားရိုက်ကူး ထားတဲ့သူဖြစ်ပြီး အနုပညာအရည်အချင်းပြည့်ဝတဲ့သူလည်းဖြစ်ပါတယ်။ နန်းခင်ဇေယျာဟာ အနုပညာအလုပ်တွေအပြင် ပရဟိတလုပ်ငန်းတွေကိုပါ အားတက်သရောလုပ်ဆောင်တတ် တဲ့သူလည်းဖြစ်ပါတယ်။ ဒါ့ပြင်အခုလက်ရှိမှာဆိုရင်လည်း နန်းခင်ဟာ စီးပွားရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတာလည်း ဖြစ်ပြီး မာလာရှမ်းကော၊ အချဉ်ပေါင်းနဲ့ အသုပ်စုံဗန်းတို့ကိုရောင်းချပေးနေတာလည်းဖြစ်ပါတယ်။

နန်းခင်ဇေယျာဟာ မကြာခဏ ဆိုသလိုလည်း သူမရဲ့ ချစ်စရာ ပုံရိပ်လေးတွေကိုတင်ပေးလေ့ရှိပါတယ်။အခုဆိုရင်လည်းနန်းခင်ဟာ သူမရဲ့ Facebookစာမျက်နှာမှာ “ရုပ်တည်တည်ပဲ” ဆိုတဲ့ captionလေးနဲ့ပုံလေးတွေလည်းတင်ပေးလာပါတယ်။ နန်းခင်တစ်ယောက်ကတော့ အနုပညာအလုပ်ဘက်မှာရော စီးပွားရေးဘက်မှာပါ အောင်မြင်နေတဲ့သူလေးပါနော်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Nang Khin Zay Yar- နန်းခင်ဇေယျာ’s Facebook page

Leave a Reply

Your email address will not be published. Required fields are marked *