လုံလုံခြုံခြုံ လေးဝတ် ထားပြီး ဆွဲဆောင်မှု ရှိရှိ ကျော့ရှင်း လှပနေပြန်တဲ့ သင်ဇာဝင့်ကျော်

Posted on




unicode

အမိုက်စား ကောက်ကြောင်း အလှတရားတွေကြောင့် ပုရိသတွေ ကြွေကျနေရသူလေး ကတော့ သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားများနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို လက်မလည်အောင် ရိုက်ကူးခဲ့ရပြီး ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးချစ်ခင်မှု တွေကို ရရှိထားတဲ့ မင်းသမီးလေး တစ်လက် လည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ သင်ဇာ တစ်ယောက် ကြော်ငြာလေးတွေ ဆက်တိုက် ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။

သင်ဇာဟာ ကျန်းမာရေးအတွက် လေ့ကျင့်ခန်း တွေကို အပြင်းအထန် ကြိုးစားလေ့ကျင့်နေတာကြောင့်လည်း သူမရဲ့ ခန္ဓာကိုယ်လေးဟာ အရင်က ထက် အဆပေါင်းများစွာ ပိုပိုလှလာနေတာလည်း ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်နေတဲ့ ဗီဒီယိုလေးတွေကိုလည်း ဝေမျှပေးလေ့ရှိရာ မိန်းကလေး ပရိသတ်တွေကပါ သူမရဲ့ လှုပ်ရှားမှု ဗီဒီယိုလေးတွေကို အမြဲမပြတ် စောင့်ကြည့် အားပေးမှုကို ရရှိထားသူ တစ်ယောက် လည်း ဖြစ်ပါတယ်။ မကြာသေးခင်နာရီပိုင်းလောက်ကလည်း သင်ဇာရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ လုံလုံခြုံခြုံဖက်ရှင်လေးနဲ့ တောင် ညှို့အားပြင်းပြင်း နဲ့ စွဲမက်စရာကောင်းလွန်းနေတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ရဲ့ အမိုက်စား ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ သင်ဇာကတော့ ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို သူမရဲ့ ကိုယ်လုံးအလှတရားတွေက ထင်ရှားပေါ်လွင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် သင်ဇာဝင့်ကျော်ရဲ့ ပုံရိပ်လေးတွေကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source : Thinzar Wint Kyaw’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *