
Posted on




unicode

Halloween နေ့အမှတ်တရအတွက် ကြည့်မဝဖြစ်စေမဲ့ နန်းစုရတီစိုးရဲ့ အမိုက်စားပုံလေးများပရိသတ်တွေချစ်ခင်အားပေးရတဲ့အဆိုတော်နန်းစုရတီစိုးကတော့အသံချိုချိုလေးနဲ့သီချင်းတွေကိုသီဆိုတတ်သူတစ်ယောက်ပါ။ နန်းစုကတော့ကပြားမလေးဖြစ်ပြီးဖြူဖြူဖွေးဖွေးနဲ့အရပ်ရှည်ပြီးချစ်ဖို့ကောင်းတာကြောင့်ပုရိသတွေအားပေးမှုလည်းရရှိနေတာပါ။

သူမကတော့အင်တာဗျုးတွေမေးတိုင်းမှာလည်း ချစ်စရာကောင်းတဲ့အပြုံးလေးတွေနဲ့ ဖြေဆိုတတ်သူဖြစ်တာကြောင့် အားလုံးကချစ်ခင်နေရသူလေးဖြစ်ပါတယ်။သူမကသီချင်းတွေဆိုတတ်ရုံမကဘဲ မြန်မာဇာတ်လမ်းတွေမှာလည်း ကျရာနေရာကနေ ပါဝင်သရုပ်ဆောင်နိုင်သူပဲဖြစ်ပါ

တယ်နော်…နန်းစုကတော့ကိုယ်ပိုင်အမ်ဘမ်တွေလည်းထွက်ရှိထားပြီးအောင်မြင်နေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ လတ်တစ်လောက်မှာတော့ သူမက အချစ်ရေးနဲ့ပက်သက်လို့တော့ သိုသိပ်နေပါတယ်နော်.. ဒါပေမဲ့တစ်ခါတစ်ရံမှာတော့ ချစ်သူရဲ့ ဂရုစိုက်မှုလေးတွေကိုတော့ ဖေ့ဘုတ်စာမျက်နှာမှာ ဖြစ်ဖြစ် Instagram မှာပဲဖြစ်ဖြစ် တင်ပေးလာတတ်ပါတယ်နော်..ဒီနေ့လေးမှာတော့ နန်းစုက Halloween နေ့အမှတ်တရ အနေနဲ့ အမိုက်စား ပုံဖော်ဖန်တီးထားတဲ့ ပုံရိပ်တွေကို သူရဲ့ ဖေ့ဘွတ် စာမျက်နှာထက်မှာ ဝေမျှ လာပါတယ် ။ ပုံတိုင်းက မတူညီတဲ့ ဖန်တီးမှု အသစ်တွေနဲ့ မိမိုက်လွန်းလို့ အခါခါ ပြန်ကြည့်ချင်ရလောက်အောင်ပါပဲနော် ။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ နန်းစုရဲ့ ပုံလေးတွေနဲ့ လိုက်ဖက်လား ဆိုတာလေးလည်း ပြောပေးသွားကြပါအုံးနော်..

Leave a Reply

Your email address will not be published. Required fields are marked *