အထာကျကျဖက်ရှင်လေးဝတ်ဆင်ကာ ဆွဲဆောင်မှု ပိုလွန်းနေတဲ့ “ချောကလျာ”

Posted on

ပရိသတ်ကြီးရေ…. အနုပညာလောက မှာ အောင်မြင်မှုတွေ ကို အခိုင်အမာ ရရှိ သိမ်းပိုက်ထားပြီး ညို့အားပြင်းတဲ့ ဆွဲဆောင်မှု အလှတရားတွေကို ပိုင်ဆိုင် ထားတဲ့ သူလေးကတော့ မော်ဒယ် သရုပ်ဆောင် မင်းသမီးချောလေး ချောကလျာ ပဲဖြစ် ပါတယ်။ပရိသတ်တွေက ချစ်စနိုးခေါ်ကြတဲ့ သဲကတော့ သရုပ်ဆောင် ကောင်းသူလေး ဖြစ်တဲ့ အပြင် ချစ်စရာကောင်းတဲ့ ဟန်ပန် အမူအရာလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားတဲ့ မင်းသမီး တစ်လက်လည်း ဖြစ်ပါတယ်။

ချောကလျာဟာ ဗီဒီယို ဇာတ်ကား ပေါင်းများစွာ ကို ရိုက်ကူး ထားသူလေး ဖြစ်ပြီး ဇာတ်ကောင်ကို ပီပြင်အောင် ကြိုးစား သရုပ်ဆောင်နိုင်တဲ့ အပြင် ကျော့ရှင်းတဲ့ အလှတရားတွေနဲ့ ခန္ဓာကိုယ် အချိုးအစားကလည်း မိန်းကလေးတိုင်း သဘောကျတဲ့ ဘော်ဒီလေးကို ပိုင်ဆိုင်ထား သူလေး ဖြစ်ပါတယ်နော်…….။သဲကတော့ သူမရဲ့ အနုပညာ လှုပ်ရှားမှု ပုံရိပ်လေးတွေကို အမြဲ မျှဝေလေ့ရှိတာ ဖြစ်ပြီးတော့ လတ်တလော မှာ ဆိုရင်လည်း ကြော်ငြာတွေနဲ့ Live Sale တွေမှာ ပရိသတ်တွေ နဲ့ အဆက်အသွယ် မပြတ်ရှိနေ သူပဲ ဖြစ်ပါတယ်။

ယခုအခါမှာတော့ သဲ ရဲ့ လူမူကွန်ယက် စာမျက်နှာ ထက်တွင် “သူမ ချစ်ခိုင်းလည်း မုန်းလို့ မဖြစ် အချစ်က အမုန်းမဟုတ်ဘဲနော် အသက် သွေး နဲ့ဘဝ”ဆိုတဲ့ ကဗျာ ဆန်တဲ့ စာသားလေးနဲ့ အတူ အကြမ်းစား ပုံရိပ်လေးတွေကို မျှဝေပေး လာတာ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေ ကလည်း ချောကလျာ ကို ထပ်ပြီး ချစ်ခင် အားပေးနိုင်စေရန် အတွက် သဲရဲ့ လှသွေးကြွယ် နေတာလေးကို ကြည့်ရှုခံစား ရအောင် ပြန်လည် ဖော်ပြပေး လိုက်ပါတယ်။

Photo Credit -Naing Naing Tun ( Exposure )

Leave a Reply

Your email address will not be published. Required fields are marked *