ခ်စ္သူ ထားဖို႔ထက္ အပ်ိဳႀကီး ဇာတာ ျဖစ္ဖို႔ မ်ားေနၿပီ ဆို တဲ့ မတ္မတ္ သင္ဇာဝင့္ေက်ာ္

Posted on

အရမ္းဇီဇာေၾကာင္တတ္လာၿပီ။ သင္ဇာဝင့္ေက်ာ္ ကေတာ့ ခ်စ္သူအသစ္ထားဖို႔ထက္ ရင္ခုန္တဲ့သူကို အရင္ရွာရဦးမယ္လို႔ ဆိုပါတယ္။ သင္ဇာဝင့္ေက်ာ္တစ္ေယာက္ ဘယ္အခ်ိန္မွာ ခ်စ္သူထားမလဲ ဆိုၿပီးေတာ့ ပရိသတ္ေတြက စိတ္ဝင္စားလို႔ ေနပါတယ္။ သင္ဇာဝင့္ေက်ာ္ကိုယ္တိုင္ကလည္း ရင္ခုန္ရေလာက္တဲ့ အထိ ဆြဲေဆာင္မႈရွိသူ ကိုသာ စဥ္းစားေတာ့မယ္လို႔ ဆိုပါတယ္။ ခ်စ္သူေ႐ြးမယ္ ဆိုရင္ေတာင္ ကိုယ္ရင္ခုန္တဲ့သူကို အရင္ရွာရမယ္။ သူ႔ကို ရင္ခုန္ၿပီဆိုမွ သူ႔ကိုအရင္ေလ့လာၿပီးေတာ့ ေအာ္ အင္းေပါ့။ သေဘာက်လား မက်လား ဆိုတာ အရင္ ၾကည့္ရမွာေပါ့။ အဓိက ကေတာ့ ရင္ခုန္ဖို႔ လိုတယ္။ ကိုယ္ရင္မခုန္တဲ့သူကလည္း မ်ားလာတယ္။ ဂ်ီးအရမ္း မ်ားလာတယ္။ အပ်ိဳႀကီးျဖစ္ခ်င္လို႔လားမသိဘူး။ ဇီဇာအရမ္းေၾကာင္တယ္နဲ႔တူပါတယ္” ဆိုၿပီးေတာ့ သေဘာက်ရယ္ေမာရင္း ေျပာျပလာပါတယ္။

သင္ဇာဝင့္ေက်ာ္က လက္ရွိမွာ အခ်စ္ေရးထက္ မိသားစုအေရး ကို ပိုၿပီးေတာ့ ဦးစားေပး လာတာ ေတြ႕ရပါတယ္။ အႏုပညာအလုပ္ေတြကိုလည္း တစိုက္မတ္မတ္ လုပ္ေဆာင္ေနရသူတစ္ေယာက္ပါ။ သင္ဇာဝင့္ေက်ာ္ဟာ မိဘႏွစ္ပါး ကို အရမ္းခ်စ္တဲ့ သမီးေလး တစ္ေယာက္ဆိုရင္လည္း မမွားပါဘူး။ မိဘႏွစ္ပါးရဲ႕ ဓာတ္ပုံကိုလည္း သူမရဲ႕ လက္ေမာင္းေအာက္ မွာ တက္တူးထိုး ခဲ့တာကို ေတြ႕ရပါတယ္။

မိဘႏွစ္ပါးအေပၚထားတဲ့ သေဘာထား ကိုလည္း သင္ဇာဝင့္ေက်ာ္က ဖြင့္ဟေျပာျပ လာပါတယ္။ သူမ အလုပ္လုပ္တဲ့ အရာတိုင္းကလည္း မိဘႏွစ္ပါးအတြက္ပဲလို႔ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔က House Of Beauty ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။ “ မိဘႏွစ္ပါးက ေျခလက္အစုံနဲ႔ ေမြးေပးလိုက္လို႔ အခုလို အသက္ရွင္ လာတယ္။ အေဖနဲ႔အေမ အသက္ရွိေနသ၍ ေက်းဇူး ဆပ္သင့္တယ္။ ဘယ္ အရာမဆို ကိုယ့္မိဘအတြက္လုပ္တယ္ဆိုတဲ့ စိတ္ေလးတစ္ခုတည္း၊ လုပ္ေပးခ်င္တယ္ဆိုတဲ့ စိတ္ေလးနဲ႔ အလုပ္လုပ္ မေအာင္ျမင္တာ မရွိဘူး။ အကုန္လုံးက မိဘထက္အေရးမႀကီးပါဘူး” လို႔ သူကဆိုပါတယ္။ သင္ဇာဝင့္ေက်ာ္ဟာ သူမရဲ႕ အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး ပရိသတ္ကို ပြင့္ပြင့္လင္းလင္း ေျပာျပတတ္သူ တစ္ေယာက္ပါ။ လက္ရွိမွာေတာ့ ခ်စ္သူမရွိေသးပါဘူး။ သင္ဇာဝင့္ေက်ာ္ဟာ ခႏၶာကိုယ္ အလွအပနဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြ ၾကားေရပန္းစားေနသူ တစ္ဦးလည္း ျဖစ္ပါတယ္။ သူ႔ကိုေတာ့ တီဗီေၾကာ္ျငာေတြ၊ ဗီဒီယို ဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြက စတင္ သိရွိ အားေပးလာခဲ့ၾကတာျဖစ္ပါတယ္။ သူမရဲ႕ အႏုပညာသက္တမ္းကလည္း ၁၀ စုႏွစ္တစ္ခုကို ေက်ာ္လြန္လာခဲ့ပါၿပီ။

crd

unicode

အရမ်းဇီဇာကြောင်တတ်လာပြီ။ သင်ဇာဝင့်ကျော် ကတော့ ချစ်သူအသစ်ထားဖို့ထက် ရင်ခုန်တဲ့သူကို အရင်ရှာရဦးမယ်လို့ ဆိုပါတယ်။ သင်ဇာဝင့်ကျော်တစ်ယောက် ဘယ်အချိန်မှာ ချစ်သူထားမလဲ ဆိုပြီးတော့ ပရိသတ်တွေက စိတ်ဝင်စားလို့ နေပါတယ်။ သင်ဇာဝင့်ကျော်ကိုယ်တိုင်ကလည်း ရင်ခုန်ရလောက်တဲ့ အထိ ဆွဲဆောင်မှုရှိသူ ကိုသာ စဉ်းစားတော့မယ်လို့ ဆိုပါတယ်။ ချစ်သူရွေးမယ် ဆိုရင်တောင် ကိုယ်ရင်ခုန်တဲ့သူကို အရင်ရှာရမယ်။ သူ့ကို ရင်ခုန်ပြီဆိုမှ သူ့ကိုအရင်လေ့လာပြီးတော့ အော် အင်းပေါ့။ သဘောကျလား မကျလား ဆိုတာ အရင် ကြည့်ရမှာပေါ့။ အဓိက ကတော့ ရင်ခုန်ဖို့ လိုတယ်။ ကိုယ်ရင်မခုန်တဲ့သူကလည်း များလာတယ်။ ဂျီးအရမ်း များလာတယ်။ အပျိုကြီးဖြစ်ချင်လို့လားမသိဘူး။ ဇီဇာအရမ်းကြောင်တယ်နဲ့တူပါတယ်” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

သင်ဇာဝင့်ကျော်က လက်ရှိမှာ အချစ်ရေးထက် မိသားစုအရေး ကို ပိုပြီးတော့ ဦးစားပေး လာတာ တွေ့ရပါတယ်။ အနုပညာအလုပ်တွေကိုလည်း တစိုက်မတ်မတ် လုပ်ဆောင်နေရသူတစ်ယောက်ပါ။ သင်ဇာဝင့်ကျော်ဟာ မိဘနှစ်ပါး ကို အရမ်းချစ်တဲ့ သမီးလေး တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ မိဘနှစ်ပါးရဲ့ ဓာတ်ပုံကိုလည်း သူမရဲ့ လက်မောင်းအောက် မှာ တက်တူးထိုး ခဲ့တာကို တွေ့ရပါတယ်။

မိဘနှစ်ပါးအပေါ်ထားတဲ့ သဘောထား ကိုလည်း သင်ဇာဝင့်ကျော်က ဖွင့်ဟပြောပြ လာပါတယ်။ သူမ အလုပ်လုပ်တဲ့ အရာတိုင်းကလည်း မိဘနှစ်ပါးအတွက်ပဲလို့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က House Of Beauty ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ “ မိဘနှစ်ပါးက ခြေလက်အစုံနဲ့ မွေးပေးလိုက်လို့ အခုလို အသက်ရှင် လာတယ်။ အဖေနဲ့အမေ အသက်ရှိနေသ၍ ကျေးဇူး ဆပ်သင့်တယ်။ ဘယ် အရာမဆို ကိုယ့်မိဘအတွက်လုပ်တယ်ဆိုတဲ့ စိတ်လေးတစ်ခုတည်း၊ လုပ်ပေးချင်တယ်ဆိုတဲ့ စိတ်လေးနဲ့ အလုပ်လုပ် မအောင်မြင်တာ မရှိဘူး။ အကုန်လုံးက မိဘထက်အရေးမကြီးပါဘူး” လို့ သူကဆိုပါတယ်။ သင်ဇာဝင့်ကျော်ဟာ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်ကို ပွင့်ပွင့်လင်းလင်း ပြောပြတတ်သူ တစ်ယောက်ပါ။ လက်ရှိမှာတော့ ချစ်သူမရှိသေးပါဘူး။ သင်ဇာဝင့်ကျော်ဟာ ခန္ဓာကိုယ် အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ကိုတော့ တီဗီကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေက စတင် သိရှိ အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်တစ်ခုကို ကျော်လွန်လာခဲ့ပါပြီ။

crd

Leave a Reply

Your email address will not be published. Required fields are marked *