ကောက်ကြောင်း အလှ ပေါ်လွင်နေပြီး လှလွန်း နေတဲ့ အိချောပို

Posted on




unicode

စူစူလို့ ပရိသတ်တွေ ချစ်စနိုးနဲ့ ခေါ်ဆို ကြတဲ့ သရုပ်ဆောင် မင်းသမီးချောလေး အိချောပို ကတော့ ပီပြင်ပြီး အပိုလို မရှိကွက် တိကျလွန်းတဲ့ သရုပ်ဆောင် မှုတွေကြောင့် အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုတွေများစွာနဲ့ ရှေ့ဆက်လျှောက်လှမ်းနေသူ အနုပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ အနုပညာမျိုးရိုးမ ရှိဘဲ ” အနုပညာ ပျိုးခင်း ” မှ တစ်ဆင့် လူရွေး ချယ်ခံကာ ဝင်ရောက် လာသူ ဖြစ်ပြီး ယနေ့ချိန်မှာတော့ ထိပ်တန်းမင်းသမီးလေး တစ်လက်အဖြစ် ရပ်တည်နေပါပြီနော်။

စူစူဟာ လတ်တလော မှာတော့ အနုပညာ လှုပ်ရှားမှုလေးတွေ သိပ်မလုပ်သေးဘဲ အနားယူ နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကို အလွမ်းပြေစေရန်လည်း သူမရဲ့ ပုံရိပ်လေးတွေအမြဲ ဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။ အားရင် အားသလိုလည်း Tik Tok လေးတွေ ဆော့ကစားလေ့ရှိပြီး သူမ ရဲ့ Tik Tok Video လေးတွေဟာလည်း ပရိသတ်တွေ ကြားမှာ နာမည်ကြီး ရေပန်းစားလျက် ရှိနေတာပဲ ဖြစ်ပါတယ်။

ယခုမှာတော့ ရိုက်ကွင်းတစ်ခုက အရမ်းလှတဲ့ ပုံတွေကို တင်ပေး လိုက်တာပဲဖြစ်ပါတယ်။ စူစူ ရဲ့ ပုံတွေကို ချစ်တဲ့ ရိသတ်ကြီး ကြိုက်မယ်လို့ ယုံကြည့် ပါတယ်နော်။
Source and Photo Crd- Ei Chaw Po’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *