အားကစား ဝတ်စုံလေး နဲ့တောင် အလှတွေ ထင်ပေါ် နေတဲ့ နေခြည်ရွှန်းလဲ့
Posted on
mmload
unicode
ကလေးလေးတစ်ယောက် လိုချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင် ထားတဲ့မင်းသမီးချောလေး နေခြည်ရွှန်းလဲ့ဟာ ဇာတ်လမ်းတွဲများစွာကို ရိုက်ကူးနေပြီး “မျက်လုံးမှာ အလွမ်း နှုတ်ခမ်းမှာ မာန” ဇာတ်ကားဖြင့် ပရိသတ်များလူသိများစေခဲ့သော အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ သူမဟာ ကျရာဇာတ်ရုပ် များကို ပီပီပြင်ပြင် ပုံဖော်နိုင်ပြီး ပရိသတ်တွေ ရဲ့ အချစ်ကိုအခိုင်အမာရှိ ထားသူလေးတစ်ဦးဆိုလည်းမမှားပါဘူးနော်။ ရိုးရှင်းပြီး ကျက်သရေရှိတဲ့ အလှတရားများကို ပိုင်ဆိုင်ထားပြီး အေးချမ်းတဲ့အပြုံးလေးတွေကြောင့် ယောကျာ်းလေးပရိသတ်တင်မကပဲ မိန်းကလေး ပရိသတ်တွေပါ ချစ်ရတဲ့ပြည်သူချစ်အနုပညာရှင် တစ်ဦးပဲဖြစ်ပါတယ်။
သေးသွယ်ကျစ်လှစ်ပြီး အဆီပိုမရှိသော ဘော်ဒီအမိုက်စား လေးကို ပိုင်ဆိုင်ထားကာ သူမရဲ့ဝင်းဝါစိုပြေတဲ့အသားရေလေးကြောင့် အပြာရောင်အားကစား ဝတ်စုံလေးနဲ့ ထင်ဟပ်နေပြီးအလှတရားတွေပေါ်လွင်နေပါတယ်နော်။ အကြည့်တွေကစူးရှပြီး အားကစားလုပ်နေတာတောင်ဆွဲဆောင်မှုအပြည့် ရှိသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ နေခြည်လေးရဲ့ အလှ တရားတွေကြောင့် အားကစားခန်းမတောင်ပိုပြီး အသက်ဝင်သွားပြီး နေခြည်ဟာ MTV သီချင်းများ ရိုက်ကူးမှုှုမှာလည်း အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သူတစ်ဦး လည်းဖြစ်ပါတယ်။
MRTV-4 ရဲ့ ပင်တိုင်မင်းသမီးလေးတစ်ဦးလည်း ဖြစ်ပြီး အနုပညာ လုပ်ငန်းများကိုတစိုက် မတ်မတ်လုပ်ကိုင်နေသူလေးတစ်ယောက်လည်းဖြစ်ပါတယ်။ ဘာသာတရားလည်းကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ကာ လိမ္မာယဉ်ကျေးသော အပြောအဆိုလေးတွေကြောင့်ပရိသတ်တွေချစ်မဝ ဖြစ်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ ဖေ့စ်ဘုတ် အကောင့်မှာ” အနိုင်ကျင့်တာ ဘယ်သူလဲ ဒီကိုကြီးဆီ ကိုသာလွှတ်လိုက်….” ဆိုပြီး ခပ်ချေချေစကားလေးကို အရွှန်းဖောက်ပြီးဆိုလိုက်တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးအတွက် နေခြည့်ရဲ့ အလှဓာတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။
mmload
Leave a Reply
Your email address will not be published. Required fields are marked *