မမဆောင်းနဲ့ရိုက်ထားတဲ့ MTVသီချင်းလေးကို ဝေဖန်နေကြတာနဲ့ပတ်သက်ပြီး ပြောပြလာတဲ့ ကျော်ကျော်နန်

Posted on

ပရိသတ်ကြီးရေ.. ဂီတလောကမှာ သီချင်းတွေများစွာ ထွက်ရှိထားကာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေ အပြည့်အဝရရှိထားသူတွေထဲမှာ အဆိုတော်ကျော်ကျော်နန္ဒကလည်း အပါ အဝင်ပါပဲနော်..။ ကျော်ကျော်နန္ဒကတော့ သီချင်းလေးတွေ ထွက်ရှိထားသလို နောက်ထပ်ထွက်ရှိမယ့် သီချင်းအသစ်လေးဖြစ်တဲ့ မမဆောင်းနဲ့ ရိုက်ထားတဲ့ သီချင်း MTV လေးကို ဝေဖန်ေ နကြတာနဲ့ ပတ်သ က်ပြီး ပြောပြလာပါတယ်နော်..။

နာမည်ကျော်ဝါရင့်အဆိုတော် တံတွေးစိုးအောင်ရဲ့ “ချစ်မိပြီ ဆရာမလေး” သီချင်းကို ကျော်ကျော်နန္ဒက ပြန်လည်သီဆိုထားတာဖြစ်ပြီး မမဆောင်းနဲ့အတူ MTV လေးရိုက်ကူးထားတာ ဖြစ် ပါတယ်နော်..။အဆိုပါ သီချင်းလေးနဲ့ ပတ်သက်ပြီး အလွဲလေးတွေဖြစ်ခဲ့ရလို့ MTV လေးကို ပြန်လည်ရိုက်ကူးမယ့်အကြောင်းလေးနဲ့ ပရိသတ်တွေဝေဖန်နေကြတဲ့အကြောင်းလေးတွေကို ပြော ပထားတာပါ..။

မမဆောင်းနဲ့ရိုက်ထားတဲ့ “ချစ်မိပြီ ဆရာမလေး” သီချင်း ဆရာတွံတေးစိုးအောင်ရဲ့ သီချင်းလေးကို ဆိုပြီးပါပြီ သီချင်းလေးလည်း ကြိုက်တယ် MTV ရိုက်တဲ့အခါ မမဆောင်းက အခုချိန်မှာ ပေါ်ဖြူလာဖြစ်နေတဲ့ မမဆောင်းပေါ့ သူ့ကို လူတွေက စိတ်ဝင်စားနေတဲ့အချိန် ကိုယ်ကလည်း ဘာလုပ်လုပ် အဆဲမလွတ်တဲ့လူ ဘယ်လောက်ကောင်းအောင်လုပ်လုပ် မဆဲ မလွတ်တဲ့လူထဲမှာ ပါနေတဲ့လူဖြစ်တဲ့အတွက် ရိုက်တဲ့ခါကျတော့ အပြင်မှာမြင်ဖူးနေတဲ့ဆရာမတွေကလည်း ဆရာမဝတ်စုံနဲ့ယဉ်ယဉ်ကျေးကျေးလေးလှနေကြတော့ ကိုယ်ကလည်း ဆရာမဝတ်စုံ နဲ့ယဉ်ယ ဉ်ကျေးေ ကျးေ လး လှရင်ပြီးရောဆိုပြီး ပြောလိုက်တော့ လ က်ဇက်က လေးက အပေါ်ကို ရောက်ေ နတယ် ပညာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ဆရာမဝတ်စုံက အောက်ကအစိမ်း အပေါ်က အင်္ကျီအဖြူ လက်ရှည်ဖြစ်နေတော့ ရိုက်တဲ့အချိန်မှာ နည်းနည်းလွဲသွားတယ် ကျွန်တော်ကိုယ်တိုင်ကလည်း အကောင်းဖြစ်အောင် ရိုက်ထားတယ် တကယ်လည်း တန်ဖိုးထားတယ် အဲ့ MTV ကို ပြန်ရို က်မှာပါ မမဆောင်းနဲ့ပဲ ပြန်ရိုက်မှာပါ..”ဆိုပြီး ပြောပြထားတာပါ..။

သီချင်းပျက်ပါပြီလို့ ဝေဖန်နေကြတဲ့ ပတ်သက်တွေနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြထားသေးတဲ့ ကျော်ကျော်နန္ဒရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit – Kyaw Kyaw Nanda’s Fb Account

Leave a Reply

Your email address will not be published. Required fields are marked *