ဒီလိုေတြျဖစ္ ရင္ ၾကက္သြန္ျဖဴ ကို သံုးပါ

Posted on

ေရွးအခါက ရေသ့၊ ရဟန္းအေပါင္းတို႔သည္ ၾကက္သြန္ျဖဴကို အျမတ္ဆံုးေသာရသာရနေဆးအျဖစ္ နည္းအမ်ဳိးမ်ဳိးျဖင့္ သံုးစြဲခဲ့ၾက၏။ အာယုေဗၺဒေဆးအျဖစ္ နည္းမ်ဳိးမ်ဳိးႏွင့္ ေရွးဆရာႀကီး တို႔သ ည္ ၾကက္သြန္ျဖဴ၏ ဂုဏ္သတၱိကို အမ်ဳိးမ်ဳိးေရးသားခဲ့ၾကပါသည္။

အခ်ိဳ႕ဆရာတို႔သည္ ၾကက္သြန္္နီထက္ ၾကက္သြန္ျဖဴက ဂုဏ္သတၱိသာလြန္သည္ဟု ဆိုၾကသည္။

ၾကက္သြန္ျဖဴသည္ ေသြးကိုသန္႔ေစ၏၊ ပိုးေသ၏၊ ေလသက္၏၊ ဖ်ားနာ၊ အေရျပားေရာဂါကို ေပ်ာက္ေစ၏၊ ေခြၽးထြက္ျခင္း၊ သုတ္ပြားျခင္း ျဖစ္ေစ၏၊ ဆီးဝမ္းကိုရႊင္ေစ၏၊ကာ မကိုအားေပး၏၊ မ်က္စိ ကုိအက်ဳိးျပဳ၏၊ အသက္ရွည္၏။

ေသြးတိုးေရာဂါကို အိႏၵိယႏိုင္ငံ၏ သူရဲေကာင္းႀကီး မဟတၱမဂႏီၵႀကီးက မိမိ၏ေသြးတိုးေရာဂါသည္ ၾကက္သြန္ျဖဴကို ေန႔စဥ္စားျခင္းျဖင့္ ေပ်ာက္ကင္းရသည္ဟု ဆိုထား၏။ ေခ်ာင္းဆိုးေရာဂါသည္ ၾကက္သြန္ျဖဴကို နာတာ ရွည္ေရာဂါ၊ ေခ်ာင္းဆိုးေရာဂါအတြက္ အရည္ျပဳ၍တိုက္ပါ၊ ေကြၽးပါ၊ အလြန္ထင္ရွားေသာ အိမ္သံုးေဆးျဖစ္သည္။ ေလေရာဂါသည္ ၾကက္သြန္ျဖဴကို ႏွမ္းဆီႏွင့္စိမ္၍ ဆားအနည္းငယ္ထည့္ၿပီး ထမင္းမစားမီ စားပါ။ နာတာရွည္္ေရာဂါေပ်ာက္၏။

ကေလးေလဆန္နာေရာဂါကို ကေလးမ်ား၏ ေလဆန္ေရာဂါအတြက္ ၾကက္သြန္ျဖဴတစ္လံုးကို မီးဖုတ္၍ေကြၽးရ၏။ ၾကက္ညႇာေခ်ာင္းဆိုးကို ၾကက္သြန္ျဖဴကိုထုေထာင္း၍ ႏွမ္းဆီႏွင့္ ေက်ေအာ င္နယ္ၿပီး ရင္ဘက္ႏွင့္ ေက်ာကိုလိမ္း

က်ံေပးပါ။ ေျခဖဝါးကို ၾကက္သြန္ျဖဴေထာင္း၍ ႏွမ္းဆီႏွင့္နယ္ၿပီး ပတ္တီးစည္းေပးထားပါ။ နံနက္မွခြာပါ၊ သို႔မဟုတ္ ၾကက္သြန္ျဖဴကို အရည္ညႇစ္ၿပီး ေရအနည္းငယ္ႏွင့္

သၾကားေရာၿပီး လက္ဖက္ရည္ဇြန္းတစ္ဇြန္းခန္႔ တိုက္ေပးပါ။ လည္ပင္းႀကီးေရာဂါသည္ ၾကက္သြန္ျဖဴဆီကို တစ္ႀကိမ္လွ်င္ ႏွစ္စက္မွ် တစ္ေန႔သံုးႀကိမ္ တိုက္ေကြၽးပါ။ လည္ပင္းတြင္လိမ္းေပးပါ။

ေခါင္းကိုက္ေရာဂါသည္ ၾကက္သြန္ျဖဴကို ဆားႏွင့္ေရာၿပီးေသာက္ပါ။ ၾကက္သြန္ျဖဴကို ႀကိတ္ၿပီး နားထင္တြင္ လိမ္းေပးပါ။ ကေလးေခ်ာင္းဆိုးေရာဂါသည္ ၾကက္သြန္ျဖဴကို အပ္ႏွင့္ထိုး၍ ျပာ က်ေ အာင္ မီးဖုတ္၊ ျပာကိုအမႈန္႔ျပဳ၍ကေလးမ်ား ေခ်ာင္းဆိုးေရာဂါျဖစ္ေသာအခါ တိုက္ၾကရသည္။

ေပြး၊ ဝဲ၊ ယားနာတို႔သည္ ၾကက္သြန္ျဖဴတစ္လံုးကိုဖင္မွလီွး၍ ထြက္လာေသာအေစးႏွင့္ အနာကို မၾကာခဏပြတ္ေပးပါ။ မုခ်ေပ်ာက္ကင္းပါ၏။

အဆုတ္ေရာဂါကို ၾကက္သြန္ျဖဴတစ္လံုး တစ္ေန႔ တစ္ႀကိမ္ အရည္ညႇစ္တိုက္ပါ၊ စားပါ။ ၾကက္သြန္ျဖဴကို ႀကိတ္၍ ထြက္လာေသာအဆီျဖင့္ ရင္ဘက္ကိုလိမ္းေပးၿပီး အဝတ္ႏွင့္ ရင္ဘက္ကို ပ တ္ ထားပါ။ အေရျပားကြာျခင္းမရွိ

ေတာ့ပါ ၎အဆီ (အရည္)သည္ အေရျပားမွ အတြင္းသို႔ စိမ့္ဝင္ၿပီး ပိုးမ်ားကိုသတ္ႏိုင္ေသာ အစြမ္းသတိၱရွိေၾကာင္း ေရွးဆရာႀကီးမွ အဆိုရွိထားပါသည္။

အနာမ်ားသည္ အ႐ိုးထိေအာင္စားတတ္ေသာ အနာမ်ားပင္ျဖစ္ပါသည္။ အနာကို ေရေႏြး (ဖန္ရည္)ျဖင့္ ေဆးေၾကာၿပီး ၾကက္သြန္ျဖဴကို ထုေထာင္းအံု၍ပတ္တီး စည္းေပးထားပါ။

၂၄ နာရီၾကာေသာအခါ ပတ္တီးကိုေျဖ၍ အသစ္ထပ္မံ လိမ္းေပးပါ။ အနာတြင္ရွိေသာ ပိုးမ်ားကိုသတ္ႏိုင္ေသာ သတိၱရွိပါသည္။

အေၾကာအျခင္ကိုိက္ခဲပါက ၾကက္သြန္ျဖဴကို အရည္ ထုတ္၍ ပြတ္လိမ္းျခင္းျဖင့္ ေပ်ာက္ကင္း၏။ နား ျပည္ယိုျခင္းကို ႏွမ္းဆီငါးက်ပ္သားတြင္ ၾကက္သြန္ ျဖဴအနည္းအငယ္၊

ေလးညႇင္းႏွစ္ပြင့္ခန႔္ ထည့္ျပဳတ္၍ နားအတြင္း ပူေႏြးေႏြးထည့္ေပးပါ။ နားျပည္ယို၊ နား ကိုက္၊ နားထိုင္း ေပ်ာက္ကင္း၏။

ရာသီၿမံဳ၍ ဒုကၡေရာက္ေသာ္ ၾကက္သြန္ျဖဴ စမံုနက္၊ ဆား၊မန္က်ည္းသီးမွည့္၊ ထန္းလ်က္ငါးက်ပ္သားစီ၊မိႆလင္ သံုးက်ပ္သား ေပါင္းစပ္၍ႀကိတ္ (ရာသီဆိတ္ေသာ္၊ ေၾကာက္ထိတ္မလန္႔၊ ဆီး သီးခ န႔္ေလာက္စားသံုးေျမာက္ က ေပ်ာက္ရဧကန္ မလြဲမွန္၏။)

အနာဝင္ေသာ္ ၾကက္ သြန္ျဖဴဥတစ္လံုးႏွင့္္င႐ုတ္ေကာင္းခုနစ္ေစ့ကို ႀကိတ္၍အံု ပါ။ ဒူလာ၊ မီးယပ္ေပ်ာက္ေဆးၾကက္သြန္ျဖဴဥတစ္လံုးကို ဓားႏွင့္ အဖ်ားဘက္ကလွီးၿပီး အေခါင္းလု ပ္၊ဘိိ န္းေျ ခာက္ ေရြးသားထည့္၊ မီးကင္၊ ေျမသင္းခဲကို အရည္ေဖ်ာ္အရည္ ၾကည္ရေအာင္ေခတၱထား၊ ဂ်င္းေရၾကည္ျဖင့္ၾကက္သြန္ ျဖဴမီးကင္ကို ႀကိတ္၍ပဲေနာက္ေစ့ခန္႕လံုး၍ထား ေရာဂါရွင္ကို ခ်င့္ခ်ိန္ တုိက္ ပါ။ တုိက္သည့္အခါတြင္ ေျမသင္းခဲ (ေျမႀကီးကိုမီးရဲ ေအာင္ဖုတ္ထားေသာေျမ) အရည္ႏွင့္ပင္တုိက္ရမည္။ဝဲေရာဂါ ေပ်ာက္ကင္းခ်င္ပါက ၾကက္သြန္ျဖဴကိုေထာင္းၿပီး အုန္းဆီႏွ င့္လိ မ္းေပးပါ။ ။

ကုိေက်ာ္(မင္းဘူး)တုိင္းရင္းေဆး

unicode

ရှေးအခါက ရသေ့၊ ရဟန်းအပေါင်းတို့သည် ကြက်သွန်ဖြူကို အမြတ်ဆုံးသောရသာရနဆေးအဖြစ် နည်းအမျိုးမျိုးဖြင့် သုံးစွဲခဲ့ကြ၏။ အာယုဗ္ဗေဒဆေးအဖြစ် နည်းမျိုးမျိုးနှင့် ရှေးဆရာကြီး တို့သ ည် ကြက်သွန်ဖြူ၏ ဂုဏ်သတ္တိကို အမျိုးမျိုးရေးသားခဲ့ကြပါသည်။

အချို့ဆရာတို့သည် ကြက်သွန်နီထက် ကြက်သွန်ဖြူက ဂုဏ်သတ္တိသာလွန်သည်ဟု ဆိုကြသည်။

ကြက်သွန်ဖြူသည် သွေးကိုသန့်စေ၏၊ ပိုးသေ၏၊ လေသက်၏၊ ဖျားနာ၊ အရေပြားရောဂါကို ပျောက်စေ၏၊ ချွေးထွက်ခြင်း၊ သုတ်ပွားခြင်း ဖြစ်စေ၏၊ ဆီးဝမ်းကိုရွှင်စေ၏၊ကာ မကိုအားပေး၏၊ မျက်စိ ကိုအကျိုးပြု၏၊ အသက်ရှည်၏။

သွေးတိုးရောဂါကို အိန္ဒိယနိုင်ငံ၏ သူရဲကောင်းကြီး မဟတ္တမဂန္ဒီကြီးက မိမိ၏သွေးတိုးရောဂါသည် ကြက်သွန်ဖြူကို နေ့စဉ်စားခြင်းဖြင့် ပျောက်ကင်းရသည်ဟု ဆိုထား၏။ ချောင်းဆိုးရောဂါသည် ကြက်သွန်ဖြူကို နာတာ ရှည်ရောဂါ၊ ချောင်းဆိုးရောဂါအတွက် အရည်ပြု၍တိုက်ပါ၊ ကျွေးပါ၊ အလွန်ထင်ရှားသော အိမ်သုံးဆေးဖြစ်သည်။ လေရောဂါသည် ကြက်သွန်ဖြူကို နှမ်းဆီနှင့်စိမ်၍ ဆားအနည်းငယ်ထည့်ပြီး ထမင်းမစားမီ စားပါ။ နာတာရှည်ရောဂါပျောက်၏။

ကလေးလေဆန်နာရောဂါကို ကလေးများ၏ လေဆန်ရောဂါအတွက် ကြက်သွန်ဖြူတစ်လုံးကို မီးဖုတ်၍ကျွေးရ၏။ ကြက်ညှာချောင်းဆိုးကို ကြက်သွန်ဖြူကိုထုထောင်း၍ နှမ်းဆီနှင့် ကျေအော င်နယ်ပြီး ရင်ဘက်နှင့် ကျောကိုလိမ်း

ကျံပေးပါ။ ခြေဖဝါးကို ကြက်သွန်ဖြူထောင်း၍ နှမ်းဆီနှင့်နယ်ပြီး ပတ်တီးစည်းပေးထားပါ။ နံနက်မှခွာပါ၊ သို့မဟုတ် ကြက်သွန်ဖြူကို အရည်ညှစ်ပြီး ရေအနည်းငယ်နှင့်

သကြားရောပြီး လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့် တိုက်ပေးပါ။ လည်ပင်းကြီးရောဂါသည် ကြက်သွန်ဖြူဆီကို တစ်ကြိမ်လျှင် နှစ်စက်မျှ တစ်နေ့သုံးကြိမ် တိုက်ကျွေးပါ။ လည်ပင်းတွင်လိမ်းပေးပါ။

ခေါင်းကိုက်ရောဂါသည် ကြက်သွန်ဖြူကို ဆားနှင့်ရောပြီးသောက်ပါ။ ကြက်သွန်ဖြူကို ကြိတ်ပြီး နားထင်တွင် လိမ်းပေးပါ။ ကလေးချောင်းဆိုးရောဂါသည် ကြက်သွန်ဖြူကို အပ်နှင့်ထိုး၍ ပြာ ကျေ အာင် မီးဖုတ်၊ ပြာကိုအမှုန့်ပြု၍ကလေးများ ချောင်းဆိုးရောဂါဖြစ်သောအခါ တိုက်ကြရသည်။

ပွေး၊ ဝဲ၊ ယားနာတို့သည် ကြက်သွန်ဖြူတစ်လုံးကိုဖင်မှလှီး၍ ထွက်လာသောအစေးနှင့် အနာကို မကြာခဏပွတ်ပေးပါ။ မုချပျောက်ကင်းပါ၏။

အဆုတ်ရောဂါကို ကြက်သွန်ဖြူတစ်လုံး တစ်နေ့ တစ်ကြိမ် အရည်ညှစ်တိုက်ပါ၊ စားပါ။ ကြက်သွန်ဖြူကို ကြိတ်၍ ထွက်လာသောအဆီဖြင့် ရင်ဘက်ကိုလိမ်းပေးပြီး အဝတ်နှင့် ရင်ဘက်ကို ပ တ် ထားပါ။ အရေပြားကွာခြင်းမရှိ

တော့ပါ ၎င်းအဆီ (အရည်)သည် အရေပြားမှ အတွင်းသို့ စိမ့်ဝင်ပြီး ပိုးများကိုသတ်နိုင်သော အစွမ်းသတ္တိရှိကြောင်း ရှေးဆရာကြီးမှ အဆိုရှိထားပါသည်။

အနာများသည် အရိုးထိအောင်စားတတ်သော အနာများပင်ဖြစ်ပါသည်။ အနာကို ရေနွေး (ဖန်ရည်)ဖြင့် ဆေးကြောပြီး ကြက်သွန်ဖြူကို ထုထောင်းအုံ၍ပတ်တီး စည်းပေးထားပါ။

၂၄ နာရီကြာသောအခါ ပတ်တီးကိုဖြေ၍ အသစ်ထပ်မံ လိမ်းပေးပါ။ အနာတွင်ရှိသော ပိုးများကိုသတ်နိုင်သော သတ္တိရှိပါသည်။

အကြောအခြင်ကိုက်ခဲပါက ကြက်သွန်ဖြူကို အရည် ထုတ်၍ ပွတ်လိမ်းခြင်းဖြင့် ပျောက်ကင်း၏။ နား ပြည်ယိုခြင်းကို နှမ်းဆီငါးကျပ်သားတွင် ကြက်သွန် ဖြူအနည်းအငယ်၊

လေးညှင်းနှစ်ပွင့်ခန့် ထည့်ပြုတ်၍ နားအတွင်း ပူနွေးနွေးထည့်ပေးပါ။ နားပြည်ယို၊ နား ကိုက်၊ နားထိုင်း ပျောက်ကင်း၏။

ရာသီမြုံ၍ ဒုက္ခရောက်သော် ကြက်သွန်ဖြူ စမုံနက်၊ ဆား၊မန်ကျည်းသီးမှည့်၊ ထန်းလျက်ငါးကျပ်သားစီ၊မိဿလင် သုံးကျပ်သား ပေါင်းစပ်၍ကြိတ် (ရာသီဆိတ်သော်၊ ကြောက်ထိတ်မလန့်၊ ဆီး သီးခ န့်လောက်စားသုံးမြောက် က ပျောက်ရဧကန် မလွဲမှန်၏။)

အနာဝင်သော် ကြက် သွန်ဖြူဥတစ်လုံးနှင့််ငရုတ်ကောင်းခုနစ်စေ့ကို ကြိတ်၍အုံ ပါ။ ဒူလာ၊ မီးယပ်ပျောက်ဆေးကြက်သွန်ဖြူဥတစ်လုံးကို ဓားနှင့် အဖျားဘက်ကလှီးပြီး အခေါင်းလု ပ်၊ဘိ န်းေြ ခာက် ရွေးသားထည့်၊ မီးကင်၊ မြေသင်းခဲကို အရည်ဖျော်အရည် ကြည်ရအောင်ခေတ္တထား၊ ဂျင်းရေကြည်ဖြင့်ကြက်သွန် ဖြူမီးကင်ကို ကြိတ်၍ပဲနောက်စေ့ခန့်လုံး၍ထား ရောဂါရှင်ကို ချင့်ချိန် တိုက် ပါ။ တိုက်သည့်အခါတွင် မြေသင်းခဲ (မြေကြီးကိုမီးရဲ အောင်ဖုတ်ထားသောမြေ) အရည်နှင့်ပင်တိုက်ရမည်။ဝဲရောဂါ ပျောက်ကင်းချင်ပါက ကြက်သွန်ဖြူကိုထောင်းပြီး အုန်းဆီနှ င့်လိ မ်းပေးပါ။ ။

ကိုကျော်(မင်းဘူး)တိုင်းရင်းဆေး

Leave a Reply

Your email address will not be published. Required fields are marked *