ထမ င္းရည္ မွ ေပးေသာ အလွ အပႏွင္႔ က်န္းမာေရး အတြက္ အက်ိဳးေက်းဇူး မ်ား

Posted on

ထမင္္းရည္ကို

ဆံပင္အရည္အေသြး တိုးတက္ေကာင္းမြန္ေစရန္ႏွင့္ အသားအေရ စိုေျပေစရန္အတြက္ ေရွးပေဝ သဏီ ကတည္းပင္ အသုံးျပဳခဲ့ၾကသည္။

တကယ္ေတာ့ ထမင္းရည္ဟာ လူတို့အတြက္ က်ယ္ျပန႔္လွတဲ့ က်န္းမာေရး အေထာက္အကူေပးနိုင္တာကို ယေန႔ေခတ္ လူအေတာ္မ်ားမ်ား သိရွိထားၾကပါတယ္။

ဒီေခတ္ႀကီးထဲမွာ ထမင္းရည္ကို ငွဲ႕ခ်က္တဲ့ အေလ့အက်င့္က မရွိသေလာက္ ျဖစ္သြားၿပီမို့

က်န္းမာေရးအတြက္္ ျပဳလုပ္မယ္ဆို ရင္ေတာ့ ရံဖန္ရံခါ အားလပ္ခ်ိန္ေတြမွာ ျပဳလုပ္နိုင္ပါတယ္။

အနည္းငယ္ ေႏြးေနတဲ့ အခ်ိန္မွာ ေသာက္သုံးနိုင္ၿပီး ေအးသြားခ်ိန္မွာေတာ့ ဆံပင္ကို ေခါင္းေလၽွာ္ သလို အသုံးျပဳနိုင္သလို မ်က္ႏွာကိုလဲေဆးေၾကာနိုင္ပါတယ္။

က်န္းမာေရးအတြက္ အက်ိဳးေက်းဇူးမ်ားကေတာ့ကာယဉာဏ စြမ္းအားမ်ား ကို ျမႇင့္တင္ေပးျခင္းကိုယ္ခႏၶာအပူခ်ိန္ကို ထိန္းညႇိေပးျခင္း

ကင္ဆာေရာဂါကို ကာကြယ္ေပးျခင္းဝမ္းခ်ဳပ္ျခင္းကို ကာကြယ္ေပးျခင္းႏွင့္ ကုသေပးနိုင္ျခင္းအစာအိမ္၊ အူေရာင္ရမ္းနာတို့ကို ကာကြယ္နိုင္ျခင္းတို့ ျဖစ္ၾကသည္။

အလွွျပဳျပင္ျခင္းဆိုိင္ရာ ရရွိနိုင္တဲ့ အက်ိဳးေက်း ဇူးမ်ားကေတာ့ထမင္းရည္ႏွင့္ မ်က္ႏွာသစ္ျခင္းေၾကာင့္ မ်က္ႏွာအသားအေရ ႏူးညံ့ျခင္း။

ဆံံပင္အရည္အေသြးထိန္းသိမ္းရန္ႏွင့္ ျမႇင့္တင္ရန္ ေခါင္းေလၽွာ္သကဲ့သို့ အသုံးျပဳရန္။သဘာဝ အားေဆးကဲ့သို့ အသုံးျပဳနိုင္ျခင္း ႏွင့္ ေခၽြးေပါက္မ်ား ပိတ္ဆို့ေနျခင္းကို ဖယ္ရွားေပးေစ နိုင္သည္။

ထမင္းရည္ဆိုတာကေတာ ျမန္မာလူမ်ိဳးေတြအတြက္ေျပာစရာမလိုေလာက္ေအာင္ ရင္းႏွီးေနၾကမွာျဖစ္ပါတယ္။

ထမင္းခ်က္ရင္းနဲ႔သုံးမရေတာ့လို့သြန္ပစ္ေနတဲ့ထမင္းရည္မွာ ေကာင္းမြန္ေစတဲ့အက်ိဳးေတြရွိေနပါတယ္။

အေထြအထူးေဆးေသာက္ေဆးထိုးေနစရာမလိုပဲ လိုအပ္တဲ့ဓာတ္အခ်ိဳ့ကို ထမင္းရည္ကေနရရွိနိုင္ပါတယ္။

ထမင္းရည္ကို ေမြးကင္းစကေလးေတြအစာစေကၽြးေတာ့မယ့္ဆိုရင္ ျဖည့္စြက္စာအေနနဲ႔သုံးနိုင္ပါတယ္။

ေမြးစကေန 6လအထိမိခင္နို့တစ္မ်ိဳးပဲတိုက္ခဲ့ရတဲ့ကေလးကို အစာစေကၽြးေတာ့မယ္ဆိုရင္ ထမင္းရည္နဲ႔အစျပဳၿပီးေကၽြးၾကည့္လို့ရပါတယ္။

ထမင္း ရည္မွာထမင္းကထြက္တဲ့ကစီဓာတ္ေတြ၊ vitamin ေတြပါဝင္ပါတယ္။

အဆိုိပါဓာတ္ေတြက ကေလးအတြက္အာဟာရျဖစ္ေစနိုင္တာမို့ သင့္ေတာ္တဲ့စားစရာတစ္မ်ိဳးျဖစ္ပါတယ္။

သို့ိေသာ္ တစ္ျခားျဖည့္စြက္စာေတြေကၽြးစရာမလိုေတာ့ေအာင္၊ နို့တိုက္ဖို့မလိုေလာက္ေတာ့ေအာင္ေတာ့ ထမင္းရည္ကမစြမ္းေဆာင္ေပးနိုင္တဲ့အတြက္ ထမင္းရည္ကို ျဖည့္စြက္စာတ စ္မ်ိဳးအေ နနဲ ႔သုံး နိုင္ပါတယ္။

ေနာက္ထပ္အက်ိဳးတစ္ခုကေတာ့ ဝမ္းေလၽွတာသက္သာေစပါတယ္။ဝမ္းရပ္သြားေစတာမဟုတ္ပဲ ဝမ္းေလၽွရင္ခံစားရတဲ့ေဝဒနာေတြကို သက္သာေစနိုင္ပါတယ္။

ဝမ္းေလၽွရင္ဓာတ္ဆားေသာက္သင့္တယ္ဆိုေပမယ့္ ဓာတ္ဆားမရွိတဲ့အခ်ိန္က်ရင္ ထမင္းရည္ကိုေသာက္သုံးနိုင္ပါတယ္။

ထမင္းရည္က အူလွုပ္ရွားမွုကိုေလၽွာ့ခ်ေပးၿပီး အူကေန ေရစုပ္ယူဖို့အခ်ိန္ပိုရေစပါတယ္။ ဝမ္းထဲမွာေရပါဝင္မွုနည္းသြားၿပီး ဝမ္းကအေရေတြခ်ည္းပဲသြားေနျခင္းကို သက္သာေစပါတယ္။

သို့ေသာ္ေသာက္သုံးမယ့္ ထမင္းရည္ကသန္႔ရွင္းမွုရွိရပါမယ္။ မသန္႔ဘူးဆိုရင္ေတာ ဝမ္းပိုေလၽွာေစမွာျဖစ္တဲ့အတြက္ သန္႔တာေသခ်ာမွသုံးသင့္ပါတယ္။

ထမင္းေရထဲမွာvitamin B ဓာတ္ေတြြပါဝင္ပါတယ္။ ဆန္ထဲမွာပါတယ့္vitamin ေတြဟာ ထမင္းခ်က္ေနရင္းနဲ႔ ဆန္ထဲကေနအခ်ိဳ့ကထြက္ၿပီး ထမင္းရည္ထဲမွာေပ်ာ္ဝင္ၿပီးပါလာပါတယ္။

အဆိုပါဓာတ္ေတြဟာ ကိုိယ္တြင္းဇီဝကမၼျဖစ္စဥ္ေတြအတြက္ အရမ္းအက်ိဳးရွိေစပါတယ္။ ထမင္းရည္မွာပါတဲ့vitamin B1 ဟာ အစာကေနစြမ္းအင္အျဖစ္ေျပာင္းလဲရာမွာအေရးပါပါတယ္။

vitamin B2 ေၾကာင့္္ ပါးစပ္အနာေပါက္တာ၊ဗီတာမင္ခ်ိဳ့တဲ့လို့ျဖစ္တဲ့ လၽွာမွာအနာေပါက္တာေတြကိုကာကြယ္ေပးနိုင္ပါတယ္။

vitamin B6 ဟာလည္္းအာ႐ုံေၾကာဖြဲ႕စည္းမွုကိုအားေကာင္းေစနိုင္ပါတယ္။ေနာက္ထပ္ေကာင္းက်ိဳးတစ္ခုက အေရျပားေျခာက္တာကိုသက္သာေစနိင္ပါတယ္။

ကေလးကိုိေရခ်ိဳးေပးတဲ့အခါမွာ ခ်ိဳးေရထဲကို ထမင္းရည္ထည့္ခ်ိဳးရင္ အေရျပားေျခာက္တဲ့ေဝဒနာေတြကို 20ရာခိုင္ႏွုန္းေလာက္ေလ်ာ့ေစနိုင္တယ္လို့ဆိုထားပါတယ္။

ထမင္းေရဟာ ေရဓာတ္ကိုိထိန္းသိမ္းၿပီး အေရျပားေျခာက္ေသြ႕တာကိုအတိုင္းအတာတစ္ခုထိေလ်ာ့က်ေစတယ္လို့လည္းဆိုထားပါတယ္။

ထမင္းရည္ဟာ အဖိုးမတန္ဘူးထင္လို့ိသြန္ေနၾကေပမယ့္ ေကာင္းက်ိဳးေတြရွိပါတယ္။ ဒါေၾကာင့္ေနာက္အႀကိမ္ေတြမွာ ထမင္းရည္ကို သြန္မပစ္ပဲ အသုံးတည့္ေအာင္ သုံးရမွာျဖစ္ပါတယ္။

ခရစ္ဒစ္္

unicode

ထမင်းရည်ကို

ဆံပင်အရည်အသွေး တိုးတက်ကောင်းမွန်စေရန်နှင့် အသားအရေ စိုပြေစေရန်အတွက် ရှေးပဝေ သဏီ ကတည်းပင် အသုံးပြုခဲ့ကြသည်။

တကယ်တော့ ထမင်းရည်ဟာ လူတို့အတွက် ကျယ်ပြန့်လှတဲ့ ကျန်းမာရေး အထောက်အကူပေးနိုင်တာကို ယနေ့ခေတ် လူအတော်များများ သိရှိထားကြပါတယ်။

ဒီခေတ်ကြီးထဲမှာ ထမင်းရည်ကို ငှဲ့ချက်တဲ့ အလေ့အကျင့်က မရှိသလောက် ဖြစ်သွားပြီမို့

ကျန်းမာရေးအတွက် ပြုလုပ်မယ်ဆို ရင်တော့ ရံဖန်ရံခါ အားလပ်ချိန်တွေမှာ ပြုလုပ်နိုင်ပါတယ်။

အနည်းငယ် နွေးနေတဲ့ အချိန်မှာ သောက်သုံးနိုင်ပြီး အေးသွားချိန်မှာတော့ ဆံပင်ကို ခေါင်းလျှော် သလို အသုံးပြုနိုင်သလို မျက်နှာကိုလဲဆေးကြောနိုင်ပါတယ်။

ကျန်းမာရေးအတွက် အကျိုးကျေးဇူးများကတော့ကာယဉာဏ စွမ်းအားများ ကို မြှင့်တင်ပေးခြင်းကိုယ်ခန္ဓာအပူချိန်ကို ထိန်းညှိပေးခြင်း

ကင်ဆာရောဂါကို ကာကွယ်ပေးခြင်းဝမ်းချုပ်ခြင်းကို ကာကွယ်ပေးခြင်းနှင့် ကုသပေးနိုင်ခြင်းအစာအိမ်၊ အူရောင်ရမ်းနာတို့ကို ကာကွယ်နိုင်ခြင်းတို့ ဖြစ်ကြသည်။

အလှပြုပြင်ခြင်းဆိုင်ရာ ရရှိနိုင်တဲ့ အကျိုးကျေး ဇူးများကတော့ထမင်းရည်နှင့် မျက်နှာသစ်ခြင်းကြောင့် မျက်နှာအသားအရေ နူးညံ့ခြင်း။

ဆံံပင်အရည်အသွေးထိန်းသိမ်းရန်နှင့် မြှင့်တင်ရန် ခေါင်းလျှော်သကဲ့သို့ အသုံးပြုရန်။သဘာဝ အားဆေးကဲ့သို့ အသုံးပြုနိုင်ခြင်း နှင့် ချွေးပေါက်များ ပိတ်ဆို့နေခြင်းကို ဖယ်ရှားပေးစေ နိုင်သည်။

ထမင်းရည်ဆိုတာကတော မြန်မာလူမျိုးတွေအတွက်ပြောစရာမလိုလောက်အောင် ရင်းနှီးနေကြမှာဖြစ်ပါတယ်။

ထမင်းချက်ရင်းနဲ့သုံးမရတော့လို့သွန်ပစ်နေတဲ့ထမင်းရည်မှာ ကောင်းမွန်စေတဲ့အကျိုးတွေရှိနေပါတယ်။

အထွေအထူးဆေးသောက်ဆေးထိုးနေစရာမလိုပဲ လိုအပ်တဲ့ဓာတ်အချို့ကို ထမင်းရည်ကနေရရှိနိုင်ပါတယ်။

ထမင်းရည်ကို မွေးကင်းစကလေးတွေအစာစကျွေးတော့မယ့်ဆိုရင် ဖြည့်စွက်စာအနေနဲ့သုံးနိုင်ပါတယ်။

မွေးစကနေ 6လအထိမိခင်နို့တစ်မျိုးပဲတိုက်ခဲ့ရတဲ့ကလေးကို အစာစကျွေးတော့မယ်ဆိုရင် ထမင်းရည်နဲ့အစပြုပြီးကျွေးကြည့်လို့ရပါတယ်။

ထမင်း ရည်မှာထမင်းကထွက်တဲ့ကစီဓာတ်တွေ၊ vitamin တွေပါဝင်ပါတယ်။

အဆိုပါဓာတ်တွေက ကလေးအတွက်အာဟာရဖြစ်စေနိုင်တာမို့ သင့်တော်တဲ့စားစရာတစ်မျိုးဖြစ်ပါတယ်။

သို့ိသော် တစ်ခြားဖြည့်စွက်စာတွေကျွေးစရာမလိုတော့အောင်၊ နို့တိုက်ဖို့မလိုလောက်တော့အောင်တော့ ထမင်းရည်ကမစွမ်းဆောင်ပေးနိုင်တဲ့အတွက် ထမင်းရည်ကို ဖြည့်စွက်စာတ စ်မျိုးအေ နနဲ့သုံး နိုင်ပါတယ်။

နောက်ထပ်အကျိုးတစ်ခုကတော့ ဝမ်းလျေှတာသက်သာစေပါတယ်။ဝမ်းရပ်သွားစေတာမဟုတ်ပဲ ဝမ်းလျေှရင်ခံစားရတဲ့ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။

ဝမ်းလျေှရင်ဓာတ်ဆားသောက်သင့်တယ်ဆိုပေမယ့် ဓာတ်ဆားမရှိတဲ့အချိန်ကျရင် ထမင်းရည်ကိုသောက်သုံးနိုင်ပါတယ်။

ထမင်းရည်က အူလှုပ်ရှားမှုကိုလျှော့ချပေးပြီး အူကနေ ရေစုပ်ယူဖို့အချိန်ပိုရစေပါတယ်။ ဝမ်းထဲမှာရေပါဝင်မှုနည်းသွားပြီး ဝမ်းကအရေတွေချည်းပဲသွားနေခြင်းကို သက်သာစေပါတယ်။

သို့သော်သောက်သုံးမယ့် ထမင်းရည်ကသန့်ရှင်းမှုရှိရပါမယ်။ မသန့်ဘူးဆိုရင်တော ဝမ်းပိုလျှောစေမှာဖြစ်တဲ့အတွက် သန့်တာသေချာမှသုံးသင့်ပါတယ်။

ထမင်းရေထဲမှာvitamin B ဓာတ်တွေပါဝင်ပါတယ်။ ဆန်ထဲမှာပါတယ့်vitamin တွေဟာ ထမင်းချက်နေရင်းနဲ့ ဆန်ထဲကနေအချို့ကထွက်ပြီး ထမင်းရည်ထဲမှာပျော်ဝင်ပြီးပါလာပါတယ်။

အဆိုပါဓာတ်တွေဟာ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေအတွက် အရမ်းအကျိုးရှိစေပါတယ်။ ထမင်းရည်မှာပါတဲ့vitamin B1 ဟာ အစာကနေစွမ်းအင်အဖြစ်ပြောင်းလဲရာမှာအရေးပါပါတယ်။

vitamin B2 ကြောင့်် ပါးစပ်အနာပေါက်တာ၊ဗီတာမင်ချို့တဲ့လို့ဖြစ်တဲ့ လျှာမှာအနာပေါက်တာတွေကိုကာကွယ်ပေးနိုင်ပါတယ်။

vitamin B6 ဟာလည်းအာရုံကြောဖွဲ့စည်းမှုကိုအားကောင်းစေနိုင်ပါတယ်။နောက်ထပ်ကောင်းကျိုးတစ်ခုက အရေပြားခြောက်တာကိုသက်သာစေနိင်ပါတယ်။

ကလေးကိုရေချိုးပေးတဲ့အခါမှာ ချိုးရေထဲကို ထမင်းရည်ထည့်ချိုးရင် အရေပြားခြောက်တဲ့ဝေဒနာတွေကို 20ရာခိုင်နှုန်းလောက်လျော့စေနိုင်တယ်လို့ဆိုထားပါတယ်။

ထမင်းရေဟာ ရေဓာတ်ကိုထိန်းသိမ်းပြီး အရေပြားခြောက်သွေ့တာကိုအတိုင်းအတာတစ်ခုထိလျော့ကျစေတယ်လို့လည်းဆိုထားပါတယ်။

ထမင်းရည်ဟာ အဖိုးမတန်ဘူးထင်လို့ိသွန်နေကြပေမယ့် ကောင်းကျိုးတွေရှိပါတယ်။ ဒါကြောင့်နောက်အကြိမ်တွေမှာ ထမင်းရည်ကို သွန်မပစ်ပဲ အသုံးတည့်အောင် သုံးရမှာဖြစ်ပါတယ်။

ခရစ်ဒစ်

Leave a Reply

Your email address will not be published. Required fields are marked *