ကိုယ္ဝန္ရွိ စဥ္ ကြမ္းစားရင္ ဘာျဖစ္ တတ္ ပါ သလဲ

Posted on

ေဒါက္တာေဒၚဝင္းဝင္းျမင့္ (အာဟာရဆိုင္ရာ အထူးကု ဆရာဝန္ႀကီး)မွ ေျဖၾကားေပးပါသည္။

Q. ကိုယ္ဝန္ရွိစဥ္မွာ ကြမ္းစားလို႔ ရပါသလား။ ကြမ္းစားမိရင္ ကေလးကို ထိခိုက္ေစႏိုင္ပါသလားရွင့္။
A. ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ကြမ္းစားရင္ ေမြးလာတဲ့ကေလးေလးဟာ က်န္းမာေရး ထိခိုက္ႏိုင္ပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ကြမ္းစားတာက ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အရက္ေသာက္သလိုမ်ိဳး ရရွိတဲ့ ဆိုးက်ိဳးက အတူတူပါပဲ။ ေမြးလာမယ့္ကေလးအေပၚ ရရွိမယ့္ ထိခိုက္မႈကလည္း အတူတူပဲ ျဖစ္ပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ကြမ္းစားရင္ ဒီအင္န္ေအ (DNA) ထိခိုက္မႈ ျဖစ္ တ တ္ ပါတယ္။ ဒါေၾကာင့္ သေႏၶသားကို ထိခိုက္ေစတဲ့အတြက္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ကြမ္းကို လုံးဝမစားသင့္ပါဘူး။ ေနာက္ၿပီးေတာ့ ကေလးႏို႔တိုက္ေနတဲ့ အခ်ိန္မွာလည္း ကြမ္းယာကို လုံးဝမ စားသင့္ပါဘူး။

ကြမ္း႐ြက္ကလည္း သူ႔ခ်ည္းပဲဆိုရင္ ပိုးေသေစတဲ့ အစြမ္းရွိၿပီး ကြမ္းသီးကလည္း သူ႔သဘာဝအတိုင္းဆိုရင္ ဦးေႏွာက္ကိုေတာင္ လႈံ႕ေဆာ္ေပးပါတယ္။ ဒါေပမဲ့ ကြမ္းယာထဲမွာ ျပဳျပင္ထားတဲ့ ကြမ္းသီးထည့္ၿပီး ကြမ္း႐ြက္၊ ထုံး၊ ေဆး႐ြက္ႀကီးနဲ႔ တျခားေဆးေတြနဲ႔စားရင္ က်န္းမာေရးအတြက္ ဆိုးက်ိဳးေတြ ျဖစ္ေပၚေစပါတယ္။ ဆီးခ်ိဳေရာဂါ၊ ေသြးတိုးေရာဂါ၊ ႏွလုံးေရာဂါ၊ ကင္ဆာေရာဂါ စတဲ့ Metabolic Syndrome ေတြ ျဖစ္ႏိုင္ေျခကိုလည္း ပိုမ်ားေစပါတယ္။ အရင္က ကြမ္းယာစားတာနဲ႔ ဒီေရာဂါေတြ ဆက္စပ္မႈကို မသိခဲ့ေပမယ့္ အခုေနာက္ပိုင္းမွာ ေတြ႕ရွိတယ္လို႔ တိရ စာၦန္ေတြကို ေလ့လာထားတဲ့ ေလ့လာမႈတခ်ိဳ႕က ဆိုထားပါတယ္။

ကြမ္းစားရင္ အရင္ဆုံးျဖစ္တတ္တာက သြားေတြညစ္ပတ္ပါတယ္။ ကြမ္းေတြကို ဟိုေနရာ၊ ဒီေနရာေထြးရင္ ပတ္ဝန္းက်င္လည္း ညစ္ပတ္ပါတယ္။ ကြမ္းစားတာေၾကာင့္ ဆီးေက်ာက္တည္တာေ တာ့ ျဖစ္ႏို င္ပါတယ္။ ကြမ္းစားတဲ့ သူေတြဆိုရင္ ပါဝင္တဲ့ ေဆးေတြေၾကာင့္ ခံတြင္းကင္ဆာ ျဖစ္ေစႏိုင္ပါတယ္။ ကြမ္း႐ြက္တစ္မ်ိဳးတည္းဆိုရင္ ျပႆနာမရွိပါဘူး။ ကြမ္း၊ ကြမ္းသီး၊ ထုံး၊ ေဆး ႐ြက္ႀကီး နဲ႔ တျခားေဆးေတြ ပါတဲ့အတြက္ ကယ္လ္ဆီယမ္ကာဗြန္နိတ္ ရရွိေစၿပီး ကင္ဆာျဖစ္ေစႏိုင္ပါတယ္။ ကြမ္းစားတဲ့ကာလနဲ႔ စားတဲ့ပမာဏေပၚ မူတည္ၿပီး က်န္းမာေရးထိခိုက္မႈက ကြဲျ ပား သြား ပါတယ္။ တစ္ရက္ကို လူတစ္ေယာက္က ဘယ္ေလာက္ပမာဏ စားသလဲ၊ တစ္ေန႔ကြမ္းတစ္ယာပဲ စားတယ္ဆိုရင္ အဲဒီေလာက္အထိ က်န္းမာေရးထိခိုက္မႈ မရွိေပမယ့္ အမ်ား ႀကီး စားတယ္၊ ၾကာၾကာဝါးတယ္ဆိုရင္ ပါးစပ္၊ လည္ေခ်ာင္း၊ အစာေရမ်ိဳႁပြန္ စတဲ့ အဂၤါအစိတ္အပိုင္းေတြမွာ ကင္ဆာျဖစ္ေစႏိုင္ပါတယ္။ အထူးသျဖင့္ ကိုယ္ဝန္ရွိစဥ္နဲ႔ မိခင္ႏို႔ ခ်ိဳတိုက္ေ ကြၽး စဥ္မွာ ကြမ္း ယာကို လုံးဝမစားသင့္ပါဘူး။

unicode

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

Q. ကိုယ်ဝန်ရှိစဉ်မှာ ကွမ်းစားလို့ ရပါသလား။ ကွမ်းစားမိရင် ကလေးကို ထိခိုက်စေနိုင်ပါသလားရှင့်။
A. ကိုယ်ဝန်ဆောင်ချိန်မှာ ကွမ်းစားရင် မွေးလာတဲ့ကလေးလေးဟာ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကွမ်းစားတာက ကိုယ်ဝန်ဆောင်ချိန်မှာ အရက် သော က်သလိုမျိုး ရရှိတဲ့ ဆိုးကျိုးက အတူတူပါပဲ။ မွေးလာမယ့်ကလေးအပေါ် ရရှိမယ့် ထိခိုက်မှုကလည်း အတူတူပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကွမ်းစားရင် ဒီအင်န်အေ (DN A) ထိခိုက်မှု ဖြစ် တတ် ပါတယ်။ ဒါကြောင့် သန္ဓေသားကို ထိခိုက်စေတဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ ကွမ်းကို လုံးဝမစားသင့်ပါဘူး။ နောက်ပြီးတော့ ကလေးနို့တိုက်နေတဲ့ အချိ န် မှာလည်း ကွမ်းယာကို လုံးဝမ စားသင့်ပါဘူး။

ကွမ်းရွက်ကလည်း သူ့ချည်းပဲဆိုရင် ပိုးသေစေတဲ့ အစွမ်းရှိပြီး ကွမ်းသီးကလည်း သူ့သဘာဝအတိုင်းဆိုရင် ဦးနှောက်ကိုတောင် လှုံ့ဆော်ပေးပါတယ်။ ဒါပေမဲ့ ကွမ်းယာထဲမှာ ပြုပြင် ထားတဲ့ ကွမ်းသီးထည့်ပြီး ကွမ်းရွက်၊ ထုံး၊ ဆေးရွက်ကြီးနဲ့ တခြားဆေးတွေနဲ့စားရင် ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်ပေါ်စေပါတယ်။ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ကင် ဆာရောဂါ စတဲ့ Metabolic Syndrome တွေ ဖြစ်နိုင်ခြေကိုလည်း ပိုများစေပါတယ်။ အရင်က ကွမ်းယာစားတာနဲ့ ဒီရောဂါတွေ ဆက်စပ်မှုကို မသိခဲ့ပေမယ့် အခုနောက်ပိုင်းမှာတွေ့ ရှိတယ်လို့ တိရစ္ဆာန်တွေကို လေ့လာထားတဲ့ လေ့လာမှုတချို့က ဆိုထားပါတယ်။

ကွမ်းစားရင် အရင်ဆုံးဖြစ်တတ်တာက သွားတွေညစ်ပတ်ပါတယ်။ ကွမ်းတွေကို ဟိုနေရာ၊ ဒီနေရာထွေးရင် ပတ်ဝန်းကျင်လည်း ညစ်ပတ်ပါတယ်။ ကွမ်းစားတာကြောင့် ဆီးကျော က်တ ည်တာေ တာ့ ဖြစ်နို င်ပါတယ်။ ကွမ်းစားတဲ့ သူတွေဆိုရင် ပါဝင်တဲ့ ဆေးတွေကြောင့် ခံတွင်းကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ကွမ်းရွက်တစ်မျိုးတည်းဆိုရင် ပြဿနာမရှိပါဘူး။ ကွမ်း၊ ကွမ်း သီး၊ ထုံး၊ ဆေး ရွက်ကြီး နဲ့ တခြားဆေးတွေ ပါတဲ့အတွက် ကယ်လ်ဆီယမ်ကာဗွန်နိတ် ရရှိစေပြီး ကင်ဆာဖြစ်စေနိုင်ပါတယ်။ ကွမ်းစားတဲ့ကာလနဲ့ စားတဲ့ပမာဏပေါ် မူတည်ပြီး ကျန်းမာ ရေးထိခိုက်မှုက ကွဲြ ပား သွား ပါတယ်။ တစ်ရက်ကို လူတစ်ယောက်က ဘယ်လောက်ပမာဏ စားသလဲ၊ တစ်နေ့ကွမ်းတစ်ယာပဲ စားတယ်ဆိုရင် အဲဒီလောက်အထိ ကျန်းမာ ရေးထိခို က်မှု မရှိပေမယ့် အများ ကြီး စားတယ်၊ ကြာကြာဝါးတယ်ဆိုရင် ပါးစပ်၊ လည်ချောင်း၊ အစာရေမျိုပြွန် စတဲ့ အင်္ဂါအစိတ်အပိုင်းတွေမှာ ကင်ဆာဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ကို ယ် ဝန်ရှိစဉ်နဲ့ မိခင်နို့ ချိုတိုက်ေ ကျွး စဉ်မှာ ကွမ်း ယာကို လုံးဝမစားသင့်ပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *