PPE အကန့်အသတ်ကြောင့် ကွယ်လွန် သွားခဲ့တဲ့ ကိုဗစ်လူနာ အကြောင်း (သမီး ဖြစ်သူ ကိုယ်တွေ့)

Posted on




Crd-Original Post

unicode

ကို ဗစ် ကြောင့် မိဘဆုံးရှုံးရတာတွေက ဘာနဲ့မှ မဖြည် ဆည်နိုင်ပါဘူး အထူးသဖြင့် အရမ်းမဆိုးဝါးတဲ့ အခြေနေမို့ အားကိုးရအောင် လာတဲ့ ဆေးရုံက လူနာ အောက်ဆီဂျင် ကျချိန် PPE li mit တွေကြောင့် ချက်ချင်းမလာနိုင်တဲ့အခါ (မနက် ခေါ် ညမှ လာတာမျိုး)ပါ။ အဲဒီလိုမျိုးတွေကြောင့် ဆုံးရှုံးရတဲ့သူတွေ ဘယ်နှစ်ယောက် ရှိပြီလဲ မသိဘူး။ ညီမလဲ အ မေ့ကို အာ့လို မျိုးေ တွကြောင့် ဆုံးရှုံး ထားတာပါ စံပြဆေးရုံ မှာပါ။ ဆရာဝန်တွေကိုလဲ မစော်ကား ပါဘူး သူတို့လဲ အကောင်းဆုံးတော့ ကြိုးစားပေးမှာပဲ။

သူတို့ရဲ့ လစ်မစ် တွေကြောင့် ဆုံးရှုံးရတာကတော့ အိမ်တအိမ်မှာ တန်ဖိုးမဖြတ်နိုင်တဲ့သူတွေ အထူးသဖြင့် မိဘ ဆိုရင် မဟာဆုံးရှုံးမှုပါ ဖြည်မဆည်နိုင် ပါဘူး အခုထိလဲ ဘယ်သူ့ အပြစ်တ င်လို့ တင်ရမှန်း မသိတော့ပါဘူး အဲဒီလိုမသေချင်ရင် အပြင်မထွက်နဲ့ မကူးတော့ဘူး ဆိုတဲ့ စကားတွေ အတွက်ကတော့ ညီမဆိုလဲ အလုပ်နားထားတာကြာပြီး ဈေးကိုလဲ တ ခါဝယ် ၂ပက်စာ လောက် ဝယ်တာ သွားရင်လဲ Faceshield mask gloves အကုန် ဝတ်တာပါ ညီမ အမေဆိုတာ အိမ်ထဲပဲ နေတာ ကိုဗစ် စဖစ်ကတည်းပါ ဒီလို တွေလုပ်လဲ ကူးတာက ကူးတာပါပဲ။

အမေ့ထက်ဆိုးတဲ့ သူတွေ သက်သာလာတာ ဆေးကုသမှု တွေကြောင့် သက်သာလာတာတွေ မြင်ရင် အရမ်းစိတ်မကောင်းဖစ်ရပါတယ်။ ညီမအမေလဲ အာ့လို ဆေးတွေ ကုသမှုတွေ အ မြ န်ခံ ယူခဲ့ရင် သက်သာလာမှာ မသေနိုင်ဘူး တွေးတိုင်း နေ့တိုင်းအရူးမီးဝိုင်းသလိုပါပဲ ဆူံးရှုံးထားရတာ မိခင်ပါ တယောက်တည်း ရှိတဲ့မိဘမို့ပါ။ နောက်ဆုံး ဖြစ်ချိန်တန် ဖြ စ်ပြီးသေတာလဲ မ ဟုတ် ပါဘူး ဘာကုထုံးနဲ့မှ မကုလိုက်ရဘဲ အသက်ရှင်စိတ် ရှိနေသေးတဲ့ မိဘ ဆုံးရှူံးရတဲ့အတွက် ဒိစာရေးရခြင်းဖစ်ပါတယ် ကျေးဇူးပါ။ အခု လို အချိန်ပေးပြီး ဖတ် ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့‌လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Crd-Original Post

Leave a Reply

Your email address will not be published. Required fields are marked *