သူရဲ့ နှလုံးသားရေးရာ ကိစ္စနဲ့ပတ်သက်ပြီး ပရိတ်သတ်တွေ ကို ကြွားလုံး ထုတ်လိုက်တဲ့ ဥက္ကာမင်းမောင်

Posted on





unicode

ပရိတ်သတ်ကြီးရေ…. ဥက္ကာမင်းမောင်ဟာ ဆိုရင် ပရိတ်သတ်တွေ ရဲ့အားပေးချစ်ခင်မှုကိုအပြည့်အဝရရှိထားတာဖြစ်ပြီး လက်ရှိမှာတော့ သူဟာအမေရိကန်မှာနေထိုင်နေတာပဲဖြစ်ပါတယ်နော်။ဥက္ကာမင်းမောင်ကတော့ တစ်ခါတစ်လေမှာဆိုရင် ကြမန်မာပြည်သို့ပြန်လာပြီးအနုပညာအလုပ်တွေလုပ်ကိုင်လေ့ရှိပါတယ် ပရိတ်သတ်ကြီးရေ။ဥက္ကာမင်းမောင်ကို ချစ်ခင်အားပေးတဲ့ပရိသတ်တွေကတော့ အမေရိကန်မှာနေထိုင်နေလည်း အားပေးချစ်ခင်နေကြဆဲပဲဖြစ်ပါတယ်။သူဟာဆိုရင် မော်ဒယ်တစ်ယောက်အဖြစ်ရပ်တည်နေတဲ့ အရမ်းကိုမိမိုက်လွန်းတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပြီး တောင့်တင်းတဲ့ဗလတွေကလည်ည်းပရိတ်သတ်တွေကိုကြွေစေနိုင်လောက်တဲ့အပြင် ချောမောခန့်ညားတဲ့ရုပ်ရည်ကိုပါပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။

ဥက္ကာမင်းမောင်ဟာဆိုရင် မိဘအပေါ်သိတတ်လိမ္မာပြီး မိဘကိုဂရုစိုက်စောင့်ရှောက်ပေးတဲ့ သားလိမ္မာတစ်ယောက်လည်းဖြစ်ပါတယ်နော်။သူကတော့ အခုလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေမှာဆိုရင်လည်း အဝေးတစ်နေရာကနေ ပြည်သူလူထုနဲ့အတူ အမှန်တရားဘက်ကနေရပ်တည်နေတာပဲဖြစ်ပါတယ်။အဲ့ဒီလိုနိုင်ငံရေးအခြေအနေတွေကေို အာရုံစိုက်နေတဲ့ ဥက္ကာမင်းမောင်တစ်ယောက် အချစ်ရေးမှာတော့ Single ဖြစ်နေတာဆိုရင် (၆)လတောင်ရှိသွားပါပြီနော်..။ကိုယ့်နိုင်ငံရဲ့အရေးရယ် အလုပ်မအားတာတွေရယ်ကြောင့် အချစ်ရေးဘက်ကို အလှည့်နိုင်တဲ့ ဥက္ကာမင်းမောင်တစ်ယောက် ဒီကနေ့မှာတော့ သူ့ရဲ့နှလုံးသားရေးရာကိစ္စနဲ့ပတ်သက်ပြီး ပရိတ်သတ်တွေကို ရင်ဖွင့်ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်..။

အဲ့ဒါကတော့”ဘာလိုလိုနဲ့ Single ဖြစ်တာ ၆ လတောင်ရှိသွားပြီ..ကိုယ့်နိုင်ငံအရေးတွေနဲ့ အလုပ်မအားတာနဲ့ စိတ်က Dating life ဘက်ကို စိတ်မပါလို့ ဘယ်သူနဲ့မှ မ date ပဲ တစ်ယောက်ထဲအေးဆေးနေတာ ဘဝက အရမ်းအေးချမ်းတာပဲ.. လွတ်လပ်ခြင်းအပြည့်.. ရည်းစားဟောင်းကို လဲ ပြန်မလိုချင်ဘူး.. အသစ်လဲမထားချင်ဘူး… သြော် ငါ ဒီတခါတော့ Single ဘဝနဲ့ အကြာကြီးနေဦးမယ်ပေါ့… အာ့လို ဆုံးဖြတ်ထားတာ.. သို့ပေမယ့်လဲ လောကကြီးမှာ ကံကြုံလာရင် ကိုယ်က မရှာသော်လဲ ကိုယ့်ရှေ့မှောက် ရောက်ရောက်လာတတ်တယ်တဲ့.. အမှန်ပဲ.. ဟိဟိ.. စတွေ့တာ ရက်ပိုင်းပဲ ရှိသေးတယ်.. တည်ငြိမ်နေတဲ့ ကန်ရေပြင်ကို ခဲနဲ့ လာပေါက်တာလား အနူမြှူဗုံးလာကြဲတာလားတော့ မသိ.. စိတ်ကတော့ ယွစိယွစိဂယက်တသိန်း ထနေပြီ .. ဘာတွေဆက်ဖြစ်မလဲတော့ မသိ..ရင်တွေခုန်.. အား 😁🤣😂😜” ဆိုပြီး သူရဲ့လူမှု ကွန်ယက် စာမျက်နှာမှာ ချစ်စဖွယ်ရေးသားထားတာပဲဖြစ်ပါတယ်နော်။သူ့ကိုချစ်တဲ့ပရိတ်သတ်တွေကလည်း တကယ်ချစ်တဲ့သူနဲ့ဆုံစည်းပါစေဆိုပြီးဆုတောင်ထားတာတွေကိုလည်း တွေ့မြင်ရပါသေးတယ် ပရိတ်သတ်ကြီးရေ….။ဖတ်ရှုပေးတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်း ကို ကျေးဇူးအထူးပဲတင်ရှိပါတယ်နော်…။

Source ; Oakker Min Maung’s Facebook Acc

Leave a Reply

Your email address will not be published. Required fields are marked *