လုံၿခဳံေရး အရ လူကိုယ္တိုင္ ေရာ ONLINE ကေနပါ အဆက္အသြယ္ ျဖတ္ၿပီး ေရွာင္ေနရေပမယ့္ အမွန္တရားဖက္ မွာ အျပည့္အဝ ရပ္တည္ေပးေနေၾကာင္း ေျပာျပလာတဲ့ သႏၲာလႈိင္

Posted on

ပရိသတ္ႀကီးေရ…..ေမာ္ဒယ္လ္ေလာကမွာ ေအာင္ျမင္မႈေတြ ကို သရဖူေဆာင္း ထားႏိုင္တဲ့ သႏၲာလႈိင္ ကေတာ့ လက္ရွိျမန္မာႏိုင္ငံတြင္ ျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈေတြမွာ ျပည္သူေတြနဲ႔ အတူ ပူးေပါင္းပါဝင္ အားျဖည့္ေနသူ ပဲျဖစ္ပါတယ္။ျပည္သူေတြနဲ႔ တစ္သားတည္းပါဝင္ ေဆာင္႐ြက္ေနရင္း ၅၀၅ က ျဖင့္ အမႈဖြင့္ တရားစြဲဆို ခံထားရေပမယ့္လည္း သူမ တတ္ႏိုင္တဲ့ ဘက္ကေန ယေန႔အခ်ိန္ထိ အခိုင္အမာ ရပ္တည္ေပး ေနတာလည္း ေတြ႕ရပါတယ္။

ဒီေန႔မွာဆိုရင္ေတာ့ ကမာၻလုံးဆိုင္ရာ ျမန္မာ့ေႏြဦးေတာ္လွန္ေရး သပိတ္ကို လုံၿခဳံေရးအရ လမ္းမေပၚတြင္ ထြက္ကာ ျပည္သူလူထု နဲ႔အတူ ဆႏၵမထုတ္ေဖာ္ႏိုင္ေပမယ့္လည္း အမွန္တရားဘက္ကေန အျပည့္အဝ ပါဝင္ ေထာက္ခံေနေၾကာင္းကို သူမရဲ႕Facebook စာမ်က္ႏွာထက္တြင္ ေဖာ္ျပေပးလာတာ ေတြ႕ရပါတယ္။ျမန္မာျပည္ထဲက လုံၿခဳံတဲ့ တစ္ေနရာမွာ ရွိေနေပမယ့္လည္း internet မရတဲ့ သူမကိုယ္စား သမီးေလးက Australia ကေန အလုပ္လုပ္ၿပီး post ေတြ တင္ေပးေနတာေၾကာင့္ အားကိုးလို႔ရေနၿပီ ျဖစ္ေၾကာင္းကိုလည္း ေျပာထားပါေသးတယ္ေနာ္……

“လုံၿခဳံေရးအရ လူကိုယ္တိုင္ေရာ Online ကေနပါ ကြၽန္မ အဆက္အသြယ္ ျဖတ္ၿပီး ေရွာင္ေနရေပမယ့္ အမွန္တရားဖက္မွာ အျပည့္အဝရပ္တည္တဲ့ ျပည္သူလူသားတစ္ေယာက္အေနနဲ႔ လုပ္စရာရွိတဲ့ တာဝန္ေတြေတာ့ မလစ္ဟင္းေစခဲ့ပါဘူး။ ဒါ့အျပင္ အသက္ေပးခဲ့တဲ့ သူရဲေကာင္းေတြ အကုန္လုံးကို တစ္ရက္မွ မေမ့ပါဘူး။ သူတို႔ ရင္းခဲ့တဲ့ အသက္ေတြရယ္ ကြၽန္မတို႔ရဲ႕ အနာဂတ္အတြက္ အခ်ည္းအႏွီးမျဖစ္ရေအာင္ သတင္းအေမွာင္က်ေနတဲ့ ကြၽန္မတို႔ေတြကိုယ္စား အသံျပဳေပးေနတဲ့ တစ္ကမာၻလုံးမွာရွိတဲ့ လူမ်ိဳး၊ ႏိုင္ငံသား နဲ႔ ဘာသာဝင္ ေပါင္းစုံကိုလည္း ေက်းဇူးတင္ လို႔မဆုံးပါဘူးရွင္ #globalmyanmarspringrevolutionday”ဆိုၿပီးေရးသား မွ် ေဝေပးလာတာ ျဖစ္ပါတယ္။ပရိသတ္ေတြကလည္း သူမရဲ႕ comment ေအာက္တြင္ “ေန႔တိုင္းဝင္ၾကည့္မိေနတာ အခုမွပဲ စိတ္ေအးရေတာ့တယ္”ဆိုၿပီး စိတ္ပူေပးေနၾကတာလည္း ေတြ႕ရပါတယ္။

Photo Credit -Thandar Hlaing FB Page

unicode
ပရိသတ်ကြီးရေ…..မော်ဒယ်လ်လောကမှာ အောင်မြင်မှုတွေ ကို သရဖူဆောင်း ထားနိုင်တဲ့ သန္တာလှိုင် ကတော့ လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့ အတူ ပူးပေါင်းပါဝင် အားဖြည့်နေသူ ပဲဖြစ်ပါတယ်။ပြည်သူတွေနဲ့ တစ်သားတည်းပါဝင် ဆောင်ရွက်နေရင်း ၅၀၅ က ဖြင့် အမှုဖွင့် တရားစွဲဆို ခံထားရပေမယ့်လည်း သူမ တတ်နိုင်တဲ့ ဘက်ကနေ ယနေ့အချိန်ထိ အခိုင်အမာ ရပ်တည်ပေး နေတာလည်း တွေ့ရပါတယ်။

ဒီနေ့မှာဆိုရင်တော့ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး သပိတ်ကို လုံခြုံရေးအရ လမ်းမပေါ်တွင် ထွက်ကာ ပြည်သူလူထု နဲ့အတူ ဆန္ဒမထုတ်ဖော်နိုင်ပေမယ့်လည်း အမှန်တရားဘက်ကနေ အပြည့်အဝ ပါဝင် ထောက်ခံနေကြောင်းကို သူမရဲ့Facebook စာမျက်နှာထက်တွင် ဖော်ပြပေးလာတာ တွေ့ရပါတယ်။မြန်မာပြည်ထဲက လုံခြုံတဲ့ တစ်နေရာမှာ ရှိနေပေမယ့်လည်း internet မရတဲ့ သူမကိုယ်စား သမီးလေးက Australia ကနေ အလုပ်လုပ်ပြီး post တွေ တင်ပေးနေတာကြောင့် အားကိုးလို့ရနေပြီ ဖြစ်ကြောင်းကိုလည်း ပြောထားပါသေးတယ်နော်……

“လုံခြုံရေးအရ လူကိုယ်တိုင်ရော Online ကနေပါ ကျွန်မ အဆက်အသွယ် ဖြတ်ပြီး ရှောင်နေရပေမယ့် အမှန်တရားဖက်မှာ အပြည့်အဝရပ်တည်တဲ့ ပြည်သူလူသားတစ်ယောက်အနေနဲ့ လုပ်စရာရှိတဲ့ တာဝန်တွေတော့ မလစ်ဟင်းစေခဲ့ပါဘူး။ ဒါ့အပြင် အသက်ပေးခဲ့တဲ့ သူရဲကောင်းတွေ အကုန်လုံးကို တစ်ရက်မှ မမေ့ပါဘူး။ သူတို့ ရင်းခဲ့တဲ့ အသက်တွေရယ် ကျွန်မတို့ရဲ့ အနာဂတ်အတွက် အချည်းအနှီးမဖြစ်ရအောင် သတင်းအမှောင်ကျနေတဲ့ ကျွန်မတို့တွေကိုယ်စား အသံပြုပေးနေတဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူမျိုး၊ နိုင်ငံသား နဲ့ ဘာသာဝင် ပေါင်းစုံကိုလည်း ကျေးဇူးတင် လို့မဆုံးပါဘူးရှင် #globalmyanmarspringrevolutionday”ဆိုပြီးရေးသား မျှ ဝေပေးလာတာ ဖြစ်ပါတယ်။ပရိသတ်တွေကလည်း သူမရဲ့ comment အောက်တွင် “နေ့တိုင်းဝင်ကြည့်မိနေတာ အခုမှပဲ စိတ်အေးရတော့တယ်”ဆိုပြီး စိတ်ပူပေးနေကြတာလည်း တွေ့ရပါတယ်။

Photo Credit -Thandar Hlaing FB Page

Leave a Reply

Your email address will not be published. Required fields are marked *