ကိုဗစ္ ကူးစက္ခံရလို႔ ထိုင္း မွာ ပိတ္ေလွာင္ ခံေနရတဲ့ ျမန္မာတဦး မိမိကိုယ္ ကို အဆုံးစီရင္

Posted on

ထိုင္းႏိုင္ငံစမုတ္ပရာကမ္ခ႐ိုင္အတြင္းက ထိုင္းနဲ႔ ျမန္မာ၅၀၀ေလာက္ အလုပ္လုပ္ေနတဲ့ သံမဏိ စက္႐ုံက အလုပ္သမားတန္းလ်ားမွာ

ကိုဗစ္ကူစက္မူေတြေၾကာင့္ ေစာင့္ၾကည့္ခံ ေနရတဲ့ ျမန္မာ အလုပ္သမားတဦး တိုက္အျမင့္ ၄ လႊာကေန ခုန္ခ်ၿပီး ကိုယ့္ကိုကိုယ္ အဆုံးစီရင္ခဲ့ပါတယ္။

ဗြီေအအို ျမန္မာပိုင္း ထိုင္းအေျခစိုက္ သတင္းေထာက္ မေအးေအးမာက သတင္းေပး ပို႔ထား ပါတယ္။

ထိုင္းႏိုင္ငံစမုတ္ပရာကန္ခ႐ိုင္ ထဲက ျမန္မာနဲ႔ထိုင္း ႏိုင္ငံသား အလုပ္သမား ၅၀၀ ေလာက္ရွိ တဲ့သံမဏိ ပစၥည္းကေတြထုတ္တဲ့စက္႐ုံအတြင္းမွာ

ၿပီးခဲ့တဲ့အပတ္ကစလို႔ ကိုဗစ္-၁၉ ေရာဂါပိုး ကူးဆက္ေနသူ ၃၀ နီးပါး ေတြ႕ခဲ့ရာကေန အလုပ္သမား၂၀၀ေလာက္ကို မိမိ

ေနထိုင္ေနတဲ့ တိုက္ခန္းတြင္းကေန အျပင္ထြက္ခြင့္ပိတ္ပင္ထားတာပါ ဒီထဲက ျမန္မာအလုပ္သမားတဦ

း တိုက္ေပၚကခုန္ခ်ၿပီးမိမိကိုယ္ကိုအဆုံးစီရင္ သြားခဲ့ေၾကာင္း ပညာေရးနဲ႔ဖြံ႕ၿဖိဳးေရး ေဖာင္ေဒးရွင္းကအလုပ္သမားေရးလႈပ္ရွားသူဦးမင္းဦးကအခုလိုေျပာပါတယ္။

”က်န္ခဲ့တဲ့တပတ္ေလာက္ကတည္းကကိုဗစ္ေတြ႕တယ္ေပါ့ေနာ္အဲဒီမွာအလုပ္လုပ္ေနတဲ့ အလုပ္သမား၅၀၀ ဝန္းက်င္ေလာက္ရွိတယ္

ျမန္မာေကာထိုင္းေကာ ေပါ့ ပထမအုပ္စုထဲမွာအဲဒီထဲမွာ ၅ေယာက္ေတြ႕တယ္ သူတို႔နဲ႔ ထိစပ္သူဘယ္ႏွစ္ေယာက္ရွိလဲ စစ္လိုက္တဲ့အခါက်ေတာ့အေယာက္ ၂၀၀ေလာက္ကို

ေစာင္ၾကည့္သေဘာမ်ိဳးေပးမထြက္ဘူးထားတယ္ ထားထားတဲ့ အခ်ိန္မွာ အဲဒီအုပ္စုထဲမွာပါတာေပါ့

ဆုံးတဲ့တေယာက္က ၄လြာကေန ခုန္ခ်ၿပီးသူ႔ကိုယ္သူ အဆုံးစီရင္တယ္လို႔ ယူဆရတာေပါ့ အဲဒီေနရာမွာဝန္ထမ္းေတြရွိတဲ့apartment ကို lockdown လုပ္ထားတာေပါ့ ေပးမထြက္တာေပါ့ ခန႔္မွန္းတာကေတာ့စိတ္က်ဥ္းၾကပ္ၿပီးအဆုံးစီရင္တယ္လို႔ေတာ့သုံးသပ္တာပဲ။”

ေမ၁ရက္ ညေန ပိုင္းက ထိုင္းႏိုင္ငံ စမုတ္ပရာကမ္ ေလးထပ္အျမင့္ တိုက္ခန္း ကေန ခုန္ခ်သတ္ေသသြားခဲ့သူဟာ အသက္ ၄၃ ႏွသ္အ႐ြယ္ရွိ ျမန္မာႏိုင္ငံသား

အမ်ိဳးသားတစ္ဦး ျဖစ္ေၾကာင္း စမုပရကမ္ ရဲမႉး Pol Capt Suwit Phudonnang စူဝစ္ ပုဒုံနမ္ က အတည္ျပဳခဲ့ပါတယ္။

ထိုင္းႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းကျဖစ္ခဲ့တဲ့ ကိုဗစ္ ဒုတိယလႈိင္းတုန္းကေတာ့ ဘန္ေကာက္ၿမိဳ႕ျပင္မွာရွိတဲ့ စမုတ္ဆာခြန္းျပည္နယ္ထဲက

ပင္လယ္စာထုတ္လုပ္စက္႐ုံေတြမွာ အမ်ားစုအလုပ္လုပ္ၾကတဲ့ ေ႐ႊ႕ေျပာင္းျမန္မာအလုပ္သမားေတြဆီက ျဖစ္ပါတယ္။

အခုတတိယလႈိင္းမွာေတာ့ ထိုင္းလူမ်ိဳးေတြ အဓိက ကူးစက္ေနၾကတာျဖစ္ပါတယ္။

အခုေလာေလာဆယ္ အတည္ျပဳလူနာေန႔စဥ္ ေထာင္ခ်ီ တိုးေနတာေၾကာင့္ ကိုဗစ္တတိယလႈိင္းကို ထိန္းခ်ဳပ္ႏိုင္ဖို႔လည္း

ထိုင္းအစိုးရက တင္းၾကပ္တဲ့ စည္းကမ္းခ်က္ေတြ ထုတ္ျပန္ထားပါတယ္။

ထိုင္းႏိုင္ငံက ေလာေလာဆယ္အထိ ကိုဗစ္အတည္ျပဳလူနာ စုစုေပါင္း ၆၇,၀၄၄ ေျခာက္ေသာင္း ခုႏွစ္ေထာင္ေက်ာ္ ရွိေနၿပီး

ေသဆုံးသူက ၂၂၄ ဦးထိရွိတယ္လို႔ ထိုင္းအစိုးရက တရားဝင္ သတင္း ထုတ္ျပန္ထားပါတယ္ ။

celeupdatenews

unicode

ထိုင်းနိုင်ငံစမုတ်ပရာကမ်ခရိုင်အတွင်းက ထိုင်းနဲ့ မြန်မာ၅၀၀လောက် အလုပ်လုပ်နေတဲ့ သံမဏိ စက်ရုံက အလုပ်သမားတန်းလျားမှာ

ကိုဗစ်ကူစက်မူတွေကြောင့် စောင့်ကြည့်ခံ နေရတဲ့ မြန်မာ အလုပ်သမားတဦး တိုက်အမြင့် ၄ လွှာကနေ ခုန်ချပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့ပါတယ်။

ဗွီအေအို မြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေး ပို့ထား ပါတယ်။

ထိုင်းနိုင်ငံစမုတ်ပရာကန်ခရိုင် ထဲက မြန်မာနဲ့ထိုင်း နိုင်ငံသား အလုပ်သမား ၅၀၀ လောက်ရှိ တဲ့သံမဏိ ပစ္စည်းကတွေထုတ်တဲ့စက်ရုံအတွင်းမှာ

ပြီးခဲ့တဲ့အပတ်ကစလို့ ကိုဗစ်-၁၉ ရောဂါပိုး ကူးဆက်နေသူ ၃၀ နီးပါး တွေ့ခဲ့ရာကနေ အလုပ်သမား၂၀၀လောက်ကို မိမိ

နေထိုင်နေတဲ့ တိုက်ခန်းတွင်းကနေ အပြင်ထွက်ခွင့်ပိတ်ပင်ထားတာပါ ဒီထဲက မြန်မာအလုပ်သမားတဦ

း တိုက်ပေါ်ကခုန်ချပြီးမိမိကိုယ်ကိုအဆုံးစီရင် သွားခဲ့ကြောင်း ပညာရေးနဲ့ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းကအလုပ်သမားရေးလှုပ်ရှားသူဦးမင်းဦးကအခုလိုပြောပါတယ်။

”ကျန်ခဲ့တဲ့တပတ်လောက်ကတည်းကကိုဗစ်တွေ့တယ်ပေါ့နော်အဲဒီမှာအလုပ်လုပ်နေတဲ့ အလုပ်သမား၅၀၀ ဝန်းကျင်လောက်ရှိတယ်

မြန်မာကောထိုင်းကော ပေါ့ ပထမအုပ်စုထဲမှာအဲဒီထဲမှာ ၅ယောက်တွေ့တယ် သူတို့နဲ့ ထိစပ်သူဘယ်နှစ်ယောက်ရှိလဲ စစ်လိုက်တဲ့အခါကျတော့အယောက် ၂၀၀လောက်ကို

စောင်ကြည့်သဘောမျိုးပေးမထွက်ဘူးထားတယ် ထားထားတဲ့ အချိန်မှာ အဲဒီအုပ်စုထဲမှာပါတာပေါ့

ဆုံးတဲ့တယောက်က ၄လွာကနေ ခုန်ချပြီးသူ့ကိုယ်သူ အဆုံးစီရင်တယ်လို့ ယူဆရတာပေါ့ အဲဒီနေရာမှာဝန်ထမ်းတွေရှိတဲ့apartment ကို lockdown လုပ်ထားတာပေါ့ ပေးမထွက်တာပေါ့ ခန့်မှန်းတာကတော့စိတ်ကျဉ်းကြပ်ပြီးအဆုံးစီရင်တယ်လို့တော့သုံးသပ်တာပဲ။”

မေ၁ရက် ညနေ ပိုင်းက ထိုင်းနိုင်ငံ စမုတ်ပရာကမ် လေးထပ်အမြင့် တိုက်ခန်း ကနေ ခုန်ချသတ်သေသွားခဲ့သူဟာ အသက် ၄၃ နှသ်အရွယ်ရှိ မြန်မာနိုင်ငံသား

အမျိုးသားတစ်ဦး ဖြစ်ကြောင်း စမုပရကမ် ရဲမှူး Pol Capt Suwit Phudonnang စူဝစ် ပုဒုံနမ် က အတည်ပြုခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကဖြစ်ခဲ့တဲ့ ကိုဗစ် ဒုတိယလှိုင်းတုန်းကတော့ ဘန်ကောက်မြို့ပြင်မှာရှိတဲ့ စမုတ်ဆာခွန်းပြည်နယ်ထဲက

ပင်လယ်စာထုတ်လုပ်စက်ရုံတွေမှာ အများစုအလုပ်လုပ်ကြတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဆီက ဖြစ်ပါတယ်။

အခုတတိယလှိုင်းမှာတော့ ထိုင်းလူမျိုးတွေ အဓိက ကူးစက်နေကြတာဖြစ်ပါတယ်။

အခုလောလောဆယ် အတည်ပြုလူနာနေ့စဉ် ထောင်ချီ တိုးနေတာကြောင့် ကိုဗစ်တတိယလှိုင်းကို ထိန်းချုပ်နိုင်ဖို့လည်း

ထိုင်းအစိုးရက တင်းကြပ်တဲ့ စည်းကမ်းချက်တွေ ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံက လောလောဆယ်အထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၆၇,၀၄၄ ခြောက်သောင်း ခုနှစ်ထောင်ကျော် ရှိနေပြီး

သေဆုံးသူက ၂၂၄ ဦးထိရှိတယ်လို့ ထိုင်းအစိုးရက တရားဝင် သတင်း ထုတ်ပြန်ထားပါတယ် ။

celeupdatenews

Leave a Reply

Your email address will not be published. Required fields are marked *