အလုပ်မလုပ်ရတာ ကြာလို့ စားဝတ်နေရေး ခက်ခဲနေပေမယ့် ပွဲတက်ဖို့ငြင်းလိုက်တဲ့ အကြောင်း ပြောလာတဲ့ ထက်ထက်ထွန်း

Posted on

ပရိသတ်ကြီးရေ.. အနုပညာလောက မှာ သရုပ်ဆာင်တစ်ယောက် အဖြစ် ဇာတ်ကားတွေများစွာ ရိုက်ကူးထားသလို အစီအစဉ်တင်ဆက်သူတစ်ယောက်အဖြစ်လည်း အောင်မြင်နေသူကတော့ ထက်ထက်ထွန်းပဲ ဖြစ်ပါတယ်..။

အခက်အခဲတွေနဲ့ လိုအပ်နေသူတွေအတွက် လှူဒါန်းမှုတွေကိုလည်း မကြာခဏ ပြုလုပ်တတ်တဲ့ ထက်ထက်ထွန်းကတော့ လက်ရှိအခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေတာလည်း တွေ့ရပါတယ်..။

ထက်ထက်ထွန်းကတော့ အလုပ်မလုပ် ရတာကြာလို့ စားဝတ်နေရေးခက်ခဲနေပေမယ့် အိမ်မှာကြက်ဥနဲ့ပဲစားမယ်ဆိုပြီး ပြီးခဲ့တဲ့ရက်က ပွဲတက်ဖို့ ငြင်းလိုက်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောလာပါတယ်..။

ဒီကနေ့မှာပြုလုပ်တဲ့ အခမ်းအနားပွဲ တစ်ခုကို အနုပညာရှင်တချို့ တက်ရောက်နေတဲ့ ပုံရိပ်တွေ ပြန့်နှံ့လာကာ ပရိသတ်တွေကြား ဝေဖန်မှုတွေ မြှင့်တက်နေပြီး ထက်ထက်ထွန်းကတော့ သူမအနေနဲ့ ပွဲတက်ဖို့ ငြင်းလိုက်တဲ့အကြောင်းတွေကို ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားပြောပြထားတာပါ..။

“ဒီနေ့လိုင်းပေါ် နာမည်ကြီး မယ့် အခွင့်အရေးလေး

တစ်နေ့က ကျွန်မငြင်းလိုက်တယ် 😅😅😅

လှလှလေးပြင် ပွဲလေးတက်

အလုပ်လေးမလုပ်ရတာကြာနေပေမယ့်

အလုပ်မရှိလို့ စားဝတ်နေရေးခက်ခဲနေပေမယ့်

ကျွန်မ အိမ်မှာ ကြက်ဥနဲ့ဘဲ ဖြတ်သန်း နေလိုက်တယ်..” ဆိုပြီး ရေးသားပြောပြထားတာပါ..။

ခံယူချက်တွေ ခိုင်ခိုင်မာမာနဲ့ ပြည်သူတွေနဲ့ အတူ ရပ်တည်နေတဲ့ ထက်ထက်ထွန်းကို ပရိသတ်တွေအားလုံးကလည်း အားပေးစကားတွေ လည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit – Htet Htet Htun’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *