နောက်ထပ် ချစ်သူရနေပြီ ဆိုတဲ့ အကြောင်း ပရိသတ်တွေကို ဝန်ခံလိုက်တဲ့ ဥက္ကာမင်းမောင်

Posted on




Credit:CELELUCKY

unicode

သရုပ်ဆောင် ဥက္ကာမင်းမောင်ကတော့ သူ့ရဲ့ အချစ်ရေးကို ပရိသတ်တွေ ကို အမြဲ ပွင့်ပွင့်လင်းလင်း ပြောပြတတ်သူပါနော်။ ပထမ အိမ်ထောင် ဆုံးပါးသွားတဲ့ အချိန်မှာ အတော်လေးကို ခံစားခဲ့ရတာပါနော်။ နောက်တစ်ယောက် နဲ့လည်း သုံးနှစ်ကျော်လက်တွဲပြီးနောက် လွန်ခဲ့တဲ့ ခြောက်လလောက်က လမ်းခွဲ ပြတ်စဲခဲ့တာပါနော်။

လောလောဆယ်တော့ Single ဘဝနဲ့ နေထိုင်ပေမယ့် လည်း ကံကြမ္မာရဲ့အလှည့်အပြောင်း တွေကြောင့် နောက်ထပ်ချစ်သူ ရနေပြီဆိုတဲ့ အကြောင်း ပရိသတ်တွေကို ဝန်ခံလိုက်ပါပြီနော်။ ” ဘာလိုလိုနဲ့ Single ဖြစ်တာ ၆ လတောင်ရှိသွားပြီ..ကိုယ့်နိုင်ငံအရေးတွေနဲ့ အလုပ်မအားတာနဲ့ စိတ်က Dating life ဘက်ကို စိတ်မပါ လို့ ဘယ်သူနဲ့မှ မ date ဘဲတစ်ယောက်ထဲ အေးဆေးနေတာ ဘဝက အရမ်းအေးချမ်းတာပဲ.. လွတ်လပ်ခြင်းအပြည့်.. ရည်းစားဟောင်းကို လဲပြန်မလိုချင်ဘူး.. အသစ်လည်း မထားချင်ဘူး…

သြော် ငါ ဒီတစ်ခါတော့ Single ဘဝနဲ့ အကြာကြီး နေဦးမယ်ပေါ့… အာ့လို ဆုံးဖြတ်ထားတာ.. သို့ပေမယ့် လည်း လောကကြီးမှာ ကံကြုံလာရင် ကိုယ်က မရှာသော်လည်း ကိုယ့်ရှေ့မှောက် ရောက်ရောက်လာ တတ်တယ်တဲ့.. အမှန်ပဲ.. ဟိဟိ.. စတွေ့တာ ရက်ပိုင်းပဲ ရှိသေးတယ်.. တည်ငြိမ်နေတဲ့ ကန်ရေပြင်ကို ခဲနဲ့ လာပေါက်တာလား အနုမြူဗုံးလာကြဲတာလားတော့ မသိ.. စိတ်ကတော့ ယွစိယွစိဂယက်တစ်သိန်း ထနေပြီ .. ဘာတွေ ဆက်ဖြစ်မလည်းတော့ မသိ..ရင်တွေခုန်.. အား 😁🤣😂😜” လို့ ရေးသားထားပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

Credit:CELELUCKY

Leave a Reply

Your email address will not be published. Required fields are marked *