လတ္တေလာ အေျခအေနေတြေၾကာင့္ မိသားစုနဲ႔ခြဲေနရၿပီး ဗီဒီယိုေကာ နဲ႔ပဲ အလြမ္းေျဖ ေနရတဲ့ မင္းေမာ္ကြန္း

Posted on

ျပည္သူနဲ႔တစ္သားတည္း ရပ္တည္ခဲ့တဲ့ အႏုပညာရွင္ မင္းေမာ္ကြန္းဟာ လတ္တေလာမွာေတာ့ မိသားစုနဲ႔ ခတၱခြဲခြာေနရၿပီး ေဘးကင္းရာမွာေရွာင္ေနခဲ့ပါတယ္။ တစ္သက္လုံးအတူတူေနလာ တဲ့ မိသားစုေလးကိုသတိရေပမယ့္လည္း အနားမွာမရွိႏိုင္တာေၾကာင့္ ေလလႈိင္းေပၚကပဲ ဗီဒီယိုေကာေလး နဲ႔ အလြမ္းေျဖ ေနခဲ့ရပါတယ္။ ခ်စ္ရတဲ့ အငယ္ဆုံးေလး သားဘုန္းနဲ႔ ဗီဒီယိုေကာေျပာထားတဲ့ အမွတ္တရပုံေလးကို သူ႔ရဲ႕ ေဖ့ဘြတ္မိုင္ေဒးမွာတင္ၿပီး ဖခင္တစ္ေယာက္ရဲ႕ ခ်စ္ျခင္းေမတၱာကို ေပၚလြင္ေစခဲ့ပါေသးတယ္။ သားဘုန္းေလးကလည္း ေဖေဖနဲ႔ေတြ႕ရလို႔ အရမ္းကို ေပ်ာ္ေနတဲ့ပုံပါပဲ။

ဖခင္ျဖစ္သူဦးဇင္ဝိုင္းကိုယ္တိုင္ကလည္း သားသမီး အတြက္ မ်က္ႏွာမငယ္ရတဲ့ အေဖေကာင္းတစ္ေယာက္ ျဖစ္ေပးခဲ့သလို ကိုယ္တိုင္လည္း ဒီလိုဖခင္တစ္ေယာက္ျဖစ္ဖို႔အတြက္ ရပ္တည္မယ္ဆိုတဲ့အေၾကာင္းကို လည္း သူ႔ရဲ႕လူမႈကြန္ယက္ကေန ရဲရဲဝံ့ဝံ့ေျပာျပလာခဲ့ပါတယ္။ ဒီလိုရပ္တည္ခ်က္ျပတ္သားတဲ့ဖခင္ကို သမီးျဖစ္သူ ေလေျပေသြးက အစစအရာရာဂ႐ုစိုက္ဖို႔ မွတ္ခ်က္ဝင္ေပးခဲ့ပါေသးတယ္။ သားသမီးေတြကို မ်က္ႏွာမငယ္ေစတဲ့ ဖခင္တစ္ေယာက္ရဲ႕ မွန္ကန္တဲ့လုပ္ရပ္ေၾကာင့္ ပရိသတ္ေတြကလည္း အရင္ကထက္ပိုၿပီး ေလးစားခ်စ္ခင္လာခဲ့ပါတယ္။

ဦးဇင္ဝိုင္းဖမ္းဆီးခံခဲ့ရၿပီးေနာက္မွာ ကိုေက်ာ္လည္းေဘး လြတ္ရာကိုေျပာင္းခဲ့ၿပီး လက္ရွိမွာေတာ့ လုံၿခဳံတဲ့ ေနရာတစ္ခုမွာ ပရိသတ္ေတြရဲ႕တစ္သားတည္းရပ္တည္ရင္း ရင္ထဲကဆႏၵေတြကိုေဖာ္ထုတ္ေနဆဲပါပဲ။ ဇနီးနဲ႔ သားသမီးသုံးေယာက္လုံးရဲ႕မ်က္ႏွာကို မငယ္ေစတဲ့အျပင္ ဖခင္ျဖစ္သူအတြက္လည္း ဂုဏ္ယူရတဲ့ သားတစ္ေယာက္ ျဖစ္ေစခဲ့ပါတယ္။ မိသားစုေတြအျမန္ဆုံးျပန္လည္ဆုံဆည္းၿပီး အရင္လိုေပ်ာ္စရာအခ်ိန္ေလးေတြ ဖန္တီးႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Photo Credit – Kyaw Kyaw Htay Lwin’s FB Acc

unicode

ပြည်သူနဲ့တစ်သားတည်း ရပ်တည်ခဲ့တဲ့ အနုပညာရှင် မင်းမော်ကွန်းဟာ လတ်တလောမှာတော့ မိသားစုနဲ့ ခတ္တခွဲခွာနေရပြီး ဘေးကင်းရာမှာရှောင်နေခဲ့ပါတယ်။ တစ်သက်လုံးအတူတူနေလာ တဲ့ မိသားစုလေးကိုသတိရပေမယ့်လည်း အနားမှာမရှိနိုင်တာကြောင့် လေလှိုင်းပေါ်ကပဲ ဗီဒီယိုကောလေး နဲ့ အလွမ်းဖြေ နေခဲ့ရပါတယ်။ ချစ်ရတဲ့ အငယ်ဆုံးလေး သားဘုန်းနဲ့ ဗီဒီယိုကောပြောထားတဲ့ အမှတ်တရပုံလေးကို သူ့ရဲ့ ဖေ့ဘွတ်မိုင်ဒေးမှာတင်ပြီး ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ပေါ်လွင်စေခဲ့ပါသေးတယ်။ သားဘုန်းလေးကလည်း ဖေဖေနဲ့တွေ့ရလို့ အရမ်းကို ပျော်နေတဲ့ပုံပါပဲ။

ဖခင်ဖြစ်သူဦးဇင်ဝိုင်းကိုယ်တိုင်ကလည်း သားသမီး အတွက် မျက်နှာမငယ်ရတဲ့ အဖေကောင်းတစ်ယောက် ဖြစ်ပေးခဲ့သလို ကိုယ်တိုင်လည်း ဒီလိုဖခင်တစ်ယောက်ဖြစ်ဖို့အတွက် ရပ်တည်မယ်ဆိုတဲ့အကြောင်းကို လည်း သူ့ရဲ့လူမှုကွန်ယက်ကနေ ရဲရဲဝံ့ဝံ့ပြောပြလာခဲ့ပါတယ်။ ဒီလိုရပ်တည်ချက်ပြတ်သားတဲ့ဖခင်ကို သမီးဖြစ်သူ လေပြေသွေးက အစစအရာရာဂရုစိုက်ဖို့ မှတ်ချက်ဝင်ပေးခဲ့ပါသေးတယ်။ သားသမီးတွေကို မျက်နှာမငယ်စေတဲ့ ဖခင်တစ်ယောက်ရဲ့ မှန်ကန်တဲ့လုပ်ရပ်ကြောင့် ပရိသတ်တွေကလည်း အရင်ကထက်ပိုပြီး လေးစားချစ်ခင်လာခဲ့ပါတယ်။

ဦးဇင်ဝိုင်းဖမ်းဆီးခံခဲ့ရပြီးနောက်မှာ ကိုကျော်လည်းဘေး လွတ်ရာကိုပြောင်းခဲ့ပြီး လက်ရှိမှာတော့ လုံခြုံတဲ့ နေရာတစ်ခုမှာ ပရိသတ်တွေရဲ့တစ်သားတည်းရပ်တည်ရင်း ရင်ထဲကဆန္ဒတွေကိုဖော်ထုတ်နေဆဲပါပဲ။ ဇနီးနဲ့ သားသမီးသုံးယောက်လုံးရဲ့မျက်နှာကို မငယ်စေတဲ့အပြင် ဖခင်ဖြစ်သူအတွက်လည်း ဂုဏ်ယူရတဲ့ သားတစ်ယောက် ဖြစ်စေခဲ့ပါတယ်။ မိသားစုတွေအမြန်ဆုံးပြန်လည်ဆုံဆည်းပြီး အရင်လိုပျော်စရာအချိန်လေးတွေ ဖန်တီးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit – Kyaw Kyaw Htay Lwin’s FB Acc

Leave a Reply

Your email address will not be published. Required fields are marked *