ဗိုလ်ချုပ်သမီးကို ထောင်ထဲထည့် ဗိုလ်ချုပ်ရုပ်ရှင်ဆက်ရိုက်မည်ဟုဆိုကာ ပန်းချီစိုးမိုး ၊ ဓိရာမိုရ်တို့နဲ့အတူ ပြင်ဆင်နေပြီး အလှူငွေကောက်ခံ

Posted on

ဗိုလ်ချုပ်ရုပ်ရုင် ဆက်ရိုက်ဖို့ အကြမ်းဖက်အုပ်စုက ပန်းချီစိုးမိုး ၊ ဓိရာမိုရ်တို့နဲ့အတူ ပြင်ဆင်နေပြီ

အာဏာသိမ်းစစ်ကောင်စီက ဗိုလ်ချုပ်အောင်ဆန်းအထ္ထုပ္ပတိ ဇာတ်ကားကို ဆက်ရိုက်ဖို့ပြင်ဆင်တဲ့ အစည်းအဝေးကို

သာသနာရေးဝန်ကြီး ဦးကိုကို နဲ့ မြန်မာ့သမိုင်းပညာရှင်တွေ ရုပ်ရှင်ပညာရှင်တွေတက်ရောက်ခဲ့တယ်လို့

ဒုဝန်ကြီး ဦးထွန်းအုံနဲ ဒါရိုက်တာ ပန်းချီစိုးမိုးတို့က ဆက်လက်ဆောင်ရွက်ကြမယ့်လုပ်ငန်းများကို တင်ပြခဲ့ကြပြီး

အကယ်ဒမီ ဓိရာမိုရ်က လည်းသက်ဆိုင်ရာ ကဏ္ဍအလိုက်တင်ပြဆွေးနွေးခဲ့ကြတယ်လို့လည်းထုတ်လွှင့်သွားခဲ့ပါတယ်။

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိ အောင်ဆန်းရုပ်ရှင် ဇာတ်ကားကြီးကို

(၂၀၁၆-၂၀၂၁)ခုနှစ်၅နှစ်တာ သက်တမ်းကာလအတွင်း တာဝန်ယူရိုက်ကူးဖို့ပြင်ဆင်ခဲ့ပြီး

ဒါရိုက်တာလူမင်း ကတာဝန်ယူကာ ပန်းချီစိုးမိုးက ပ‌ရောဂျက်များကို ဝန်းရံပံ့ပိုးသူ အဖြစ်တာဝန်ယူခဲ့ပါတယ်။

ကိုဗစ်ကာလကြောင့် ရိုက်ကူးမှုတွေရပ်နားထားရပြီး ၉၀ ရာခိုင်နှူန်းခန့်ပြီးစီးပြီလို ပြီးခဲ့တဲ့ ဇန်နဝါရီလ က ထုတ်ပြန်ခဲ့ပါတယ်။

Credit to original writing

Leave a Reply

Your email address will not be published. Required fields are marked *