မိန်းမဖြစ်သူက ကိုယ်ဝန်ကြီးနဲ့ တောထဲတောင်ထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတာကိုကြည့်ပြီး စိတ်မကောင်းဖြစ်ကာ ရင်ဖွင့်လာတဲ့ ပြည်သူတစ်ဦး

Posted on




unicode

မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေစတင်ဖြစ်ပေါ်ခဲ့တာ ရက်ပေါင်း (၁၀၀) ကျော်ရှိနေပြီဖြစ်ပြီး ပြည်သူတွေလည်း ဒုက္ခမျိုးစုံ၊ အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ် ။ တစ်ချို့နေရာတွေမှာဆိုရင် တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ပြည်သူတွေခမျာ အသက်ဘေးကနေ လွတ်မြောက်ဖို့အတွက် သူတို့ရဲ့နေရပ်ဒေသတွေကို စွန့်ခွာခဲ့ရတာဖြစ်ပါတယ် ။ စစ်ဘေးဒဏ်ကြောင့် တောထဲမှာ ရှောင်ပုန်းနေရaတဲ့ ပြည်သူတွေ အများအပြားရှိနေပြီး အကူအညီတွေလည်း လိုအပ်နေကြတာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ချင်းပြည်နယ်၊မင်းတပ်မြို့မှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပေါ်နေတာဖြစ်ပြီး အခုအချိန်အထိ အခြေအနေ မငြိမ်သက်သေးတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် လက်နက်ကြီးတွေနဲ့ အင်အားသုံး ဖြိုခွင်းမှုတွေရှိလာတာကြောင့် ပြည်သူတွေအားလုံး ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ် ။ မင်းတပ်မြို့မှာ စစ်ဘေးရှောင်နေတဲ့ ပြည်သူတစ်ဦးကလည်း လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် သူတို့ရဲ့အဖြစ်ကို အားလုံးသိအောင်ရင်ဖွင့်ခဲ့တာ ဖြစ်ပါတယ် ။

သူကတော့ စစ်ဘေးဒဏ်ကြောင့် တောထဲတောင်ထဲမှာ ခိုအောင်းနေရတာဖြစ်ပြီး သူ့ရဲ့ဇနီးဖြစ်သူကလည်းကိုယ်ဝန်လွယ်ထားရတာ ဖြစ်ပါတယ် ။ ကိုယ်ဝန်ကြီးနဲ့ ပြေးလွှားနေရတဲ့ ဇနီးဖြစ်သူကိုကြည့်ပြီး သူ့အနေနဲ့ စိတ်မကောင်းဖြစ်ရသလို သောက်နေကျဆေးတွေလည်း ကုန်နေပြီဖြစ်ကြောင်း ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။ပြည်သူတွေကလည်း သူတို့မိသားစုအတွက် ဘေးကင်းပါစေဆိုပြီး ဝိုင်းဝန်းဆုတောင်းပေးနေကြတာ ဖြစ်ပါတယ် ။ဒီမိသားစုလိုမျိုး အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရပြီး တောထဲမှာဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေအများအပြားရှိနေသေးတာပဲ ဖြစ်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *