ဆပ်ပြာတင်သွင်းခွင့်များ ပိတ်ပင်လိုက်ပြီးနောက်ပိုင်း လုပ်ပိုင်ခွင့်တွေရလာ သည့် ဆပ်ပြာထုတ် လုပ်ငန်း

Posted on

စစ်တပ်ပိုင် ဆပ်ပြာစက်ရုံကိုင်းအောင်လှိုင် သွားရောက်ကြည့်ရှုပြီးနောက် ထိုင်း–မြန်မာ နယ်စပ်ကနေ ဆပ်ပြာနဲ့ ဆပ်ပြာမှုန့်တွေ မြန်မာနိုင်ငံအတွင်း တရားဝင် တင်သွင်းခွင့် ရပ်ဆိုင်းလိုက်ပါတယ်။

င်ငံခြားသုံးငွေ လျှော့ချနိုင်ရေးနဲ့ ပြည်တွင်း SME လုပ်ငန်းတွေရဲ့ ထုတ်ကုန်တွေ ဈေးကွက်ယှဉ်ပြိုင်မှုမှအကာအကွယ်ပေးနိုင်ရေးအတွက် နယ်စပ်မှ (ITC) ကတ်နဲ့ တင်သွင်းခွင့် ပြုထားတဲ့ သွင်းကုန်ပစ္စည်းတွေအထဲကဆပ်ပြာ၊ ဆပ်ပြာမှုန့်နဲ့ သွားတိုက်ဆေးတွေကို ဇွန်လ ၄ ရက်ကစပြီး တင်သွင်းခွင့် ရပ်ဆိုင်းထားဖို့ စီးပွားကူးသန်းဝန်ကြီးဌာန လက်အောက်ရှိ ကုန်သွယ်ရေးဦးစီးဌာန မြဝတီကုန်သွယ်ရေးဇုန် တာဝန်ရှိသူက အကောက်ခွန်ဌာနထံညွှန်ကြားစာ ပေးပို့ထားတာပါ။

ဇွန်လ ၃ ရက်နေ့က ကျင်းပတဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ အခုလို ရပ်ဆိုင်းလိုက်တာ ဖြစ်ပြီး မင်းအောင်လှိုင်ဟာ မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာရှိ မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလီမိတက်ပိုင် ပဒုမ္မာဆပ်ပြာစက်ရုံကို ဇွန် ၁ ရက်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးပြီးနောက် ခုလိုဆပ်ပြာ ပြည်ပမှ တင်သွင်းတာကို ပိတ်ပင်လိုက်တာပါ။

စစ်ခေါင်းဆောင်က “ပြည်တွင်းဆပ်ပြာလိုအပ်ချက်များအား အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပြီး ပြည်ပသွင်းကုန်အစားထိုး ဆောင်ရွက်ရန်လိုကြောင်း၊ ပစ္စည်းချင်းတူပါက ဈေးသက်သာရမည်၊ ဈေးနှုန်းချင်းတူပါက ပစ္စည်းအရည်အသွေး ကောင်းမွန်ရမည်ဆိုသည့်အတိုင်း ပြည်သူများ ပစ္စည်းအရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်ရေး ဆောင်ရွက်ပေးနိုင်ရန်လိုအပ်ကြောင်း” စသဖြင့် မှာကြားသွားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ထားပါတယ်။

မြန်မာပြည်သူလူထုကတော့ ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေက ထုတ်လုပ် တင်သွင်းတဲ့ ဆပ်ပြာနဲ့ ဆပ်ပြာမှုန့်တွေကိုသာ အဓိက ဝယ်ယူသုံးစွဲနေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *