ႏိုင္ငံေရး မွာ ဘာသာသာသနာ ကို ေရာယွက္ၿပီး ခုတုံးမလုပ္ဖို႔ သက္ေသနဲ႔တကြ အေသအခ်ာ ေျပာလာတဲ့ မိတ္ကပ္ေမဦး

Posted on

ႏိုင္ငံေရးနဲ႔ဘာသာေရးဆိုတာ သီျခားစီ တည္ရွိေနတဲ့အရာႏွစ္ခုပါ။ ဒီႏွစ္ခုဟာ ေရာေထြးဖို႔ မျဖစ္ႏိုင္သလို ေရာေထြးလိုက္ရင္လည္း မလိုလားအပ္တဲ့ျပႆနာေတြျဖစ္လာႏိုင္ပါတယ္။ ႏိုင္ငံေရးဆိုတာ ႏိုင္ငံသားတိုင္းနဲ႔ဆိုင္တဲ့ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္မႈအေရးသာျဖစ္ၿပီး ဘာသာေရးဟာေတာ့ ယုံၾကည္ကိုးကြယ္မႈ ဆိုင္ရာ အေလ့အထေတြ ျဖစ္ပါတယ္။ လတ္တေလာ ျမန္မာႏိုင္ငံမွာျဖစ္ေပၚေနတဲ့ ႏိုင္ငံေရးအရႈပ္အေထြးေတြမွာ မဆိုင္တဲ့ဘာသာေရးကို ခုတုံးလုပ္ၿပီး ျပည္သူအခ်င္းခ်င္း ဝါဒျဖန႔္မႈိင္းတိုက္ၾကသူေတြလည္း မနည္းပါဘူး။ ဒီလိုမလိုလားအပ္တဲ့ ျပႆနာေတြကို ဖန္တီးေနသူေတြရွိေၾကာင္း မိတ္ကပ္ေမဦးက သက္ေသနဲ႔တကြ ေျပာျပလာခဲ့ပါတယ္။

ဘာသာသာသနာဆိုတာ ႏိုင္ငံတိုင္းမွာရွိၾကၿပီး အျမတ္တႏိုးတန္ဖိုးထား ကိုးကြယ္ၾကပါတယ္။ မိမိတို႔ရဲ႕ဘာသာသာသနာအဓြန႔္ရွည္တည္တံ့ေအာင္လည္းေဆာင္႐ြက္ၾကသလို ေကာင္းမြန္တဲ့ အဆုံးအမေတြကိုလည္း လိုက္နာၿပီးက်င့္ႀကံအားထုတ္ၾကပါတယ္။ ဒီလိုအေလ့အထေကာင္းေတြဟာ ဘာနဲ႔မွမေရာယွက္သင့္ဘဲ သီးျခား တည္ရွိေနသင့္တာပါ။ သို႔ေပမယ့္လည္း ေရာယွက္ခ်င္သူေတြရဲ႕ အေႏွာင့္အသြားမလြတ္တဲ့ စကားလုံးေတြဟာ ႏိုင္ငံ့အေရးကို စြမ္းစြမ္းတမံႀကိဳးစားေပးေနသူေတြ အတြက္ေတာ့ အႀကီးမားဆုံး ဆူးေညႇာင့္ခလုတ္ေတြပါပဲ။

မတူညီတဲ့ႏွစ္ခုကို မေရာေထြးဖို႔ ” ဗုဒၶဘာသာဆိုတာ ကာကြယ္ရမဲ့ဘာသာလား? ကိုးကြယ္ရမဲ့ဘာသာလား? လိုက္နာက်င့္ႀကံရမဲ့ဘာသာလား? သုတၱန္ ေဒႆနာေတာ္ေတြမွာ ဘုရားက ဘယ္လိုမွာခဲ့လဲ သိခ်င္မိတယ္ ဘုရားက ကာကြယ္ၾကပါဆိုရင္ ကာကြယ္ၾကတာေပါ့ လြယ္ပါတယ္ ဘုရားကငါ့ကိုကိုးကြယ္ၾကပါ ဆိုရင္လည္း တစ္ေန႔ (၅) ႀကိမ္ ထိုင္ရွိခိုးၾကတာေပါ့လြယ္ပါတယ္ က်င့္ႀကံလိုက္နာၾကပါဆိုရင္ေတာ့ (နည္းနည္းခက္တယ္မဟုတ္လား? ) ႏိုင္ငံေရးကႏိုင္ငံေရး ဘာသာေရးကဘာသာေရး မေရာယွတ္ပါနဲ႔ ခုတုံးမလုပ္ၾကပါနဲ႔ ” ဆိုၿပီး မိတ္ကပ္ေမဦးက အသိေပးေျပာၾကားလာခဲ့ပါတယ္။ ျပည္သူေတြ အေနနဲ႔လည္း ႏိုင္ငံေရးနဲ႔ ဘာသာေရးကို ကြဲကြဲျပားျပား သိျမင္ၿပီး ကိုယ္လုပ္ရမယ့္အလုပ္ကို အေကာင္းဆုံးလုပ္ႏိုင္ဖို႔ လိုအပ္ပါတယ္။

Photo Credit – May Oo’s FB Acc

unicode

နိုင်ငံရေးနဲ့ဘာသာရေးဆိုတာ သီခြားစီ တည်ရှိနေတဲ့အရာနှစ်ခုပါ။ ဒီနှစ်ခုဟာ ရောထွေးဖို့ မဖြစ်နိုင်သလို ရောထွေးလိုက်ရင်လည်း မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ နိုင်ငံရေးဆိုတာ နိုင်ငံသားတိုင်းနဲ့ဆိုင်တဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအရေးသာဖြစ်ပြီး ဘာသာရေးဟာတော့ ယုံကြည်ကိုးကွယ်မှု ဆိုင်ရာ အလေ့အထတွေ ဖြစ်ပါတယ်။ လတ်တလော မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအရှုပ်အထွေးတွေမှာ မဆိုင်တဲ့ဘာသာရေးကို ခုတုံးလုပ်ပြီး ပြည်သူအချင်းချင်း ဝါဒဖြန့်မှိုင်းတိုက်ကြသူတွေလည်း မနည်းပါဘူး။ ဒီလိုမလိုလားအပ်တဲ့ ပြဿနာတွေကို ဖန်တီးနေသူတွေရှိကြောင်း မိတ်ကပ်မေဦးက သက်သေနဲ့တကွ ပြောပြလာခဲ့ပါတယ်။

ဘာသာသာသနာဆိုတာ နိုင်ငံတိုင်းမှာရှိကြပြီး အမြတ်တနိုးတန်ဖိုးထား ကိုးကွယ်ကြပါတယ်။ မိမိတို့ရဲ့ဘာသာသာသနာအဓွန့်ရှည်တည်တံ့အောင်လည်းဆောင်ရွက်ကြသလို ကောင်းမွန်တဲ့ အဆုံးအမတွေကိုလည်း လိုက်နာပြီးကျင့်ကြံအားထုတ်ကြပါတယ်။ ဒီလိုအလေ့အထကောင်းတွေဟာ ဘာနဲ့မှမရောယှက်သင့်ဘဲ သီးခြား တည်ရှိနေသင့်တာပါ။ သို့ပေမယ့်လည်း ရောယှက်ချင်သူတွေရဲ့ အနှောင့်အသွားမလွတ်တဲ့ စကားလုံးတွေဟာ နိုင်ငံ့အရေးကို စွမ်းစွမ်းတမံကြိုးစားပေးနေသူတွေ အတွက်တော့ အကြီးမားဆုံး ဆူးညှောင့်ခလုတ်တွေပါပဲ။

မတူညီတဲ့နှစ်ခုကို မရောထွေးဖို့ ” ဗုဒ္ဓဘာသာဆိုတာ ကာကွယ်ရမဲ့ဘာသာလား? ကိုးကွယ်ရမဲ့ဘာသာလား? လိုက်နာကျင့်ကြံရမဲ့ဘာသာလား? သုတ္တန် ဒေဿနာတော်တွေမှာ ဘုရားက ဘယ်လိုမှာခဲ့လဲ သိချင်မိတယ် ဘုရားက ကာကွယ်ကြပါဆိုရင် ကာကွယ်ကြတာပေါ့ လွယ်ပါတယ် ဘုရားကငါ့ကိုကိုးကွယ်ကြပါ ဆိုရင်လည်း တစ်နေ့ (၅) ကြိမ် ထိုင်ရှိခိုးကြတာပေါ့လွယ်ပါတယ် ကျင့်ကြံလိုက်နာကြပါဆိုရင်တော့ (နည်းနည်းခက်တယ်မဟုတ်လား? ) နိုင်ငံရေးကနိုင်ငံရေး ဘာသာရေးကဘာသာရေး မရောယှတ်ပါနဲ့ ခုတုံးမလုပ်ကြပါနဲ့ ” ဆိုပြီး မိတ်ကပ်မေဦးက အသိပေးပြောကြားလာခဲ့ပါတယ်။ ပြည်သူတွေ အနေနဲ့လည်း နိုင်ငံရေးနဲ့ ဘာသာရေးကို ကွဲကွဲပြားပြား သိမြင်ပြီး ကိုယ်လုပ်ရမယ့်အလုပ်ကို အကောင်းဆုံးလုပ်နိုင်ဖို့ လိုအပ်ပါတယ်။

Photo Credit – May Oo’s FB Acc

Leave a Reply

Your email address will not be published. Required fields are marked *