တင်းဝင်ဒန် အိုးကြီး အလုံး (၆၀)နဲ့ ကျ ည်ဆံများ မိခြင်း

Posted on

ဦးနေဝင်းခေတ်က မစိုးရိမ်တိုက်ထဲကို စစ်တပ်က ဝင်ရှာတယ်။ ကျောင်းတစ်ကျောင်းမှာ ဒန်အိုးအသစ် အလုံး (၆၀)တွေ့တယ်။

မြို့ထဲက ဒန်အိုးစက်ရုံက ခဏ လာထားထားတာ။ နာရီစင်နား သွားကြည့်တော့ သုံးစွဲမရတော့တဲ့ ကျ ည်ဆံ လေး ငါး ခြောက်တောင့်
တွေ့ရတယ်။

အဲ့ဒါကို သတင်းစာမှာ သတင်းထည့်တော့ “မစိုးရိမ်ကျောင်းတိုက်မှ ဒန်အိုးအလုံးခြောက်ဆယ်နှင့် ကျ ည်ဆံများတွေ့ရှိ” ဆိုပြီး သတင်းမှာ ထည့်တယ်။

နောက်ရက်ကျတော့ သူတို့ သတင်းရေးတာ မှားပါကြောင်း ပြန်လည်ပြင်ဆင်ပေးပါ့မည့်အကြောင်း ဆရာတော်ကြီးကို လာလျှောက်ကြတယ်။

ဆရာတော်ကြီးက “မပြင်ဆင်ပါတော့နဲ့၊ မင်းတို့ မည်းစေဆိုတိုင်း ငါတို့က မည်းမည်မဟုတ်၊ မင်းတို့ ဖြူစေဆိုတိုင်းလည်း ငါတို့က ဖြူမည်မဟုတ်၊ မည်းအောင် ဖြူအောင်က ငါတို့ ကိုယ်တိုင်လုပ်မှ ဖြစ်မည်။

မင်းတို့ သတင်းစာက နှစ်ရက် သုံးရက်နေရင် အိမ်သာသုံးစက္ကူစုတ်နဲ့ ထူးမခြားနားပဲ” ဟု မိန့်တော်မူလိုက်သည်။

(အကိုး -ဆရာတော် ဦးရာဇဓမ္မာဘိဝံသ ရေးသားတော်မူသော မစိုးရိမ်သမိုင်းနှင့် သာသနာဝင်)

Credit

Leave a Reply

Your email address will not be published. Required fields are marked *