အက်.င့္ပ်.က် ခြစ.ားေ.အ.ာ.က်.တ.န်.း.စ.ာ.း စိတ်ဓာတ်တွေ ကို ပါ တော်လှန်ကြပါစို့
Posted on
unicode
YBS-6 စီးသူများ ပိုက်ဆံပိုတောင်းရင် တိုင်လို့ရနေပါပြီနော်။ စပယ်ယာပါနေတာတွေလည်း နောက်တစ်ပတ်ကစပြီး စစ်ဆေးပါတော့မယ်တဲ့။ ပထမတစ်ခါတိုင်တာ အရေးယူမယ်တော့ပြောပြီး ဖုန်းတော့ပြန်မဆက်ပေးပါဘူး။ ခုတစ်ခါ ထပ်တိုင်တာ
ဖုန်းပြန်ဆက်ပေးပြီး အရေးယူတဲ့အကြောင်း ပြောပြပေးပါတယ်။ တိုင်လို့ရတဲ့နံပါတ်တွေပါ 09-428045840၊ 09-760808040၊ 09-683011360၊ 09-443144471၊ 09-751222000။ တာဝန်ရှိသူ ကိုယ်တိုင်ကလည်း ပြောပါတယ်။
၂၀၀ ပဲပေးရမှာ တစ်ပြားမှ ပိုပေးစရာမလိုပါတဲ့။ မတိုင်လို့ တာဝန်ရှိသူတွေ အရေးမယူတာပါ။ မတိုင်ပဲမနေကြပါနဲ့ များများတိုင်ပေးပါ။ များများတိုင်မှ ပိုထိရောက်ပြီး မလုပ်ရဲမှာပါ။ အာဏာသိမ်းခါစ ၂ လပိုင်း တစ်လလုံး ၂၀၀ ကျပ်ပါပဲ။
နောက်ပိုင်း ဂက်စ်ဆိုင်တွေပါ CDM ဆိုပြီး Gas ထည့် တန်းစီရတာနဲ့ ရောကြိတ်ပြီး အခုထိ မှိန်းစားနေကြတာပါ။ ဘယ်သူမှ ပြန်မပြောရဲကြလို့လည်း လုပ်ရဲနေတာ ကိုယ်ဆို ပြန်ပြောတယ်။ တရားဝင်ကောက်တာလား မေးတယ်။
တရားဝင်ဆို တောင်းသလောက် ပေးမယ်ပြောပြီး ရန်စွာတာ လူတွေတောင် ဝိုင်းကြည့်ခံရတယ်။ ကိုယ့်ပါလာတဲ့ဖုန်းနဲ့ ဓါတ်ပုံ ဗွီဒီယို သက်သေယူတယ်။ ပိုက်ဆံပိုကောက်ရင် ပိုကောက်တဲ့သူကို လိုရမယ်ရ ဓါတ်ပုံသာရိုက်ထားလိုက်ပါ။
ကားနံပါတ်ကို အသေအချာ မှတ်ပြီးတော့သာ တိုင်ပါ။ တစ်ခါတစ်လေ မိသားစုလိုက် စပယ်ယာလိုက်လုပ်နေကြတာပါ။ အားလုံး ဒု.က္ခ.ရောက်နေကြတဲ့အချိန် ခေ.တ်ပျ.က်ထဲမှာ မလုပ်ရဲလောက်ဘူးထင်ပြီး ကားသမားတွေ စပယ်ယာလိုလို
သူတို့လူတွေနဲ့ခေါ်ပြီး လုပ်စားနေကြတာပါ။ ဘယ်ယာဉ်လိုင်းမှ တရားဝင် ခွင့်မပြုထားပါဘူး။ တိုင်ရမယ့်နေရာ source မသိသေးလို့ပါ။ တခြားတိုင်လို့ရမယ့် ယာဉ်လိုင်းတွေရှိရင်လည်း တစ်ယောက်နဲ့တစ်ယောက် sharing လုပ်ပေးကြပါ တိုင်ကြပါလို့။
Leave a Reply
Your email address will not be published. Required fields are marked *