ထူးထူးခြားခြား အမေစုရဲ့ (၇၆) နှစ်ပြည့်မွေးနေ့ကို ဆုမွန်ကောင်းတောင်းပေးလိုက်ပြီး ပန်းသပိတ်မှာပါဝင်ခဲ့တဲ့ နေခြည်ဦး

Posted on

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ Beauty Blogger တစ်ယောက်ဖြစ်တဲ့နေခြည်ဦးဟာဆိုရင် အနုပညာလမ်းကြောင်းမှာနေရာ တစ်နေရာရရှိနေတာဖြစ်ပြီး ပရိတ်သတ်အားပေးမှုကို အပြည့်အဝရရှိခဲ့တာပဲဖြစ်ပါတယ်။ ​နေခြည်ကတော့ အကောင်းစား ပစ္စည်းတွေကိုသုံးထားနိုင်သူဖြစ် တာကြောင့်ဆယ်ကျော်သက် အရွယ်လေးတွေရှေ့မှာတော့ အားကျစရာမင်းသမီးလေးတစ်ပါးလိုဖြစ်နေတော့တာပဲဖြစ်ပါတယ်..။

နြခေည်ဦးက လတ်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း အစပိုင်းမှာတော့ ပြည်သူလူထုနဲ့အတူရပ်တည်သလို နဲ့နောက်ပိုင်းတော့ ငြိမ်ချက်သားကောင်းသွားတာပဲဖြစ်ပါတယ်။ အကြောင်းကတော့ သူမတို့မိသားစုက စစ်တပ်အသိုင်းအဝိုင်းကဖြစ်တဲ့အတွက် နိုင်ငံရေးကိုဟန်ပြသာ လုပ်ခဲ့တာဖြစ်ပါ တယ်။ အဲ့ဒီအတွက်လည်း ပရိတ်သတ်တွေရဲ့ဝေဖန်မှုတွေကိုခံနေရတာပဲဖြစ်ပါတယ်..။

Blogger နေခြည်ဦးက ဒီကနေ့ဇွန်လ (၁၉) ရက်နေ့မှာကျရောက်တဲ့ အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၆) နှစ်ပြည့်မွေးနေ့မှာ ထူးခြားတဲ့မွေးနေ့ဆုမွန်ကောင်း တောင်ပေးခဲ့တဲ့ အပြင်ပြည်သူလူထုနဲ့အတူ ပန်းသပိတ်ကိုလည်းပါဝင်ဆင်နွှဲခဲ့ပါသေးတယ်။ နေခြည်ဦးက ” Happy Birthday အမေစု ချစ်တဲ့သူတွေပို့သတဲ့ မေတ္တာကြောင့် အမြန်ဆုံးအချုပ်အနှောင်မှကင်းဝေးပါစေ ကိုယ်လည်းကျမ်းမာ စိတ်လည်းချမ်းသာပါစေ ” ဟုဆိုပြီးဆုမွန်ကောင်းတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။ ခုလိုပြည်သူနဲ့တစ်သားတည်း ပါဝင်လာတဲ့နေခြည်ဦးကို သူမရဲ့ Chillies တွေကလည်းဝမ်းသားဂုဏ်ယူနေကြတာ ကိုတွေ့မြင်ခဲ့ရသလို တစ်ချို့သော ပရိတ်သတ်တွေကအံ့သြနေကြတာကို လည်းတွေ့မြင်ခဲ့ရပါသေးတယ်။ ခုလိုပန်းသပိတ်မှာပါဝင်ခဲ့တဲ့ နေခြည်ဦးအပေါ်ပရိတ်သတ်ရဲ့အမြင်လေးတွေကိုလည်း ရေးသားခဲ့ပါအုံး။ဖတ်ရှုပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်
နော်..။

Source ; Nay Chi Oo Facebook acc

Leave a Reply

Your email address will not be published. Required fields are marked *