ရင်ထဲက ပီတိအပျော်တွေကို ပရိတ်သတ်တွေကိုပါ ဝေမျှပြောပြလာတဲ့ ပရိတ်သတ်အချစ်တော် မင်းမော်ကွန်း

Posted on

ပရိသတ်အချစ်တော် မင်းမော်ကွန်းကတော့ ရုပ်ရှင်ဇာတ်လမ်းတွေမှာရော နှင်းဆီအငြိမ့်မှာရော အောင်မြင်ခဲ့တာကြောင့် ပြည်သူတွေရဲ့အချစ်တွေကို သိမ်းပိုက်ထားနိုင်သူဖြစ်ပါတယ်။ ပြည်သူတွေရဲ့အတူ ခံစားချက်တွေထပ်တူကျခဲ့သူဖြစ်တဲ့အပြင် ဖခင်ဖြစ်သူ အဖမ်းခံရတဲ့အခါမှာလည်း နောက်ဆုတ်မသွား

တဲ့အပြင် ရှေ့ကိုသာဆက်လက်ရပ်တည်ခဲ့ပါတယ်။ အဖေဖြစ်သူရော သားဖြစ်သူပါ ရဲရင့်ပြတ်သားစွာ ရှိနေခဲ့ကြလို့လည်း ပြည်သူတွေလည်း အားအင်တွေအပြည့်ရှိခဲ့တယ်ဆိုရင်လည်း မမှားပါဘူးနော်.. မကြာသေးခင်ရက်ပိုင်းကပဲ မင်းသားမင်းမော်ကွန်းက ထွက်ပြေးတိမ်းရှောင်နေရင်းနဲ့ မွေးဇာတိဖြစ်တဲ့ ရန်ကုန်ကို လွမ်းနေကြောင်းကို

သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာထက်မှာ တင်လာပါသေးတယ်။ မင်းသားမင်းမော်ကွန်းကတော့ လူကိုယ်တိုင်လည်း ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ပြီး လူများနည်းတူ လူမှု့ကွန်ယက်စာမျက်နှာထက်ကနေလည်း ဆက်လက်ပြီးတော်လှန်နေဆဲပဲ ဖြစ်ပါတယ်.။ ခုလိုဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့်

ရန်ကုန်မြို့အပါအဝင် မြို့နယ်တော်တော်များများမှာ ပေါက်ကွဲမှုတွေဆက်တိုက်ဆိုသလို ဖြစ်နေခဲ့ပြီး စစ်သားတွေအပါအဝင် ထိခိုက်မှုတွေရှိနေတာကြောင့် ပြည်သူများလည်း အပြင်တွေထွက်ပြီး အလုပ်သွား အလုပ်ပြန်တွေအတွက် မလုံခြုံတော့ပါဘူး …

မင်းသား မင်းမော်ကွန်းကတော့ မနေ့ကဖြစ်ခဲ့တဲ့ စစ်ကားမီးလောင်မှုတွေအတွက် “လက်စားချေ ဟဟ တွေပေးရတာသိပ်အရသာရှိတယ် ဗျာ 😁😄😆😂 ” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားခဲ့ပါသေးတယ်…

Source: Kyaw Kyaw Htay lwin
crd

Leave a Reply

Your email address will not be published. Required fields are marked *