နေ့စား၊ အနှေးယာဉ် နဲ့ ဆိုင်ကယ်ကယ်ရီ အလုပ်သမားများ ထောက်ပံ့ကြေး (၃၀၀၀၀) အတွက် စာရင်းပေး နိုင်ပြီ –

Posted on




crd…..

unicode

ရန်ကုန်တိုင်းဒေသကြီးထဲမှာ စားဝတ်နေရေးခက်ခဲပြီး လူမှုဖူလုံရေးစနစ်မှာ အကျုံးမဝင်တဲ့ အလုပ်သမား တွေ အနေနဲ့ သက်ဆိုင်ရာ မြို့နယ်စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီရုံးတွေကို စာရင်းပေး သွင်းနို င်ပြီလို့ မြန်မာနိုင်ငံ စားသောက်ကုန်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FWFM)ထုတ်ပြန်ထားပါတယ်။လူမှုဖူလုံရေးစနစ်မှာအကျုံးမဝင်တဲ့ ဆောက်လုပ်ရေးလုပ်သား၊ နေ့စား၊ ယာယီ၊ ပုတ်ြ ပတ်၊ အနှေးယာဉ်နဲ့ ဆိုင်ကယ်တက္ကစီ အလုပ်သမားတွေကို နိုင်ငံတော်က တစ်ယောက်ကို ကျပ်(၃၀၀၀၀)ထောက်ပံ့မှာဖြစ်တဲ့အတွက်လျှောက်ထားကြဖို့ တိုက်တွန်းလိုက်တာပါ။

လူမှုစီးပွားရေးအခြေအနေ ကြပ်တည်းနေကြတဲ့ အလုပ်သမားတွေအနေနဲ့ နာမည်၊ အဖေနာမည်၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နဲ့ လက်မှတ်၊ မှတ် ချက် ပါတဲ့ Form ကို ဖြည့်သွင်းပြီးတော့ သက်ဆိုင်ရာ မြို့နယ်စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီရုံးတွေကို လျှောက်ထားရမှာ ဖြစ်ပါတယ်။

လူမှုဖူလုံရေး အကျုံးမဝင်တဲ့ အလုပ်သမားတွေ တစ်ယောက်ကို ကျပ်(၃၀၀၀၀) ပေးမယ်လို့ အောက်တိုဘာလ (၈)ရက်နေ့က မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ ချု ပ်နဲ့ အစိုး ရတာ ဝန်ရှိသူတွေ တွေ့ဆုံချိန် အလုပ်သမားလူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောခဲ့တာပါ။ရန်ကုန်မှာတော့ အစိုးရ ခွင့် ပြု ထား တဲ့လုပ်ငန်းတွေက လွဲပြီး ကျန်တဲ့လုပ်ငန်းက ဝန်ထမ်းတွေ အလုပ်မသွားကြဖို့နဲ့ အထည်ချုပ်လုပ်ငန်းကဝ န်ထမ်းတွေအနေနဲ့လည်း အောက်တိုဘာ(၂၁)ရက်နေ့အထိ အ လုပ် မသွားဖို့ ကျန်း မားေ ရးနဲ့ အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ထားပါတယ်။

crd…..

Leave a Reply

Your email address will not be published. Required fields are marked *