ထိေတြ႕မႈ မရွိတဲ့ လူနာေတြ မ်ားလာျခင္း နဲ႔ ကိုဗစ္ ရဲ႕ လွည့္စားမႈေတြ မႏၲေလးမွာ စၿပီ

Posted on

စိတ္ညစ္စရာ တစ္ခုကို ေျဖေဖ်ာက္ လို႔ကို မရႏိုင္ဘူး။ လူကသာ အလုပ္ဆက္လုပ္ေနရတာ။ ေနာက္ၿပီး က်ေနာ့္ Status ေတြက ဖတ္ရင္ လူေတြမွာ လူတခ်ိဳ႕မွာ စိတ္ညစ္စရာေတြ ျဖစ္ျဖ စ္ သြားတတ္ေတာ့ မေရးေတာ့ဘူးလို႔ ေတြးထားမိခဲ့ေပမယ့္ ခုေတာ့ ေရးမွ ျဖစ္မယ္လို႔ ေျပာင္းေတြးရတယ္။ ဟိုးအရင္ စစ္ေတြမွာ ခရီးမသြားထိေတြ႕မႈ မရွိတဲ့ လူနာေတြ ရန္ကုန္မွာ ခရီးမ သြား ထိေတြ႕မႈ မရွိတဲ့ လူနာေတြ က်ေနာ္ တို႔ ၾကားၾကားခ်င္း တုန္လႈပ္ၾကတာ မွတ္မိၾကပါလိမ့္မယ္။ ေနာက္ေတာ့ ဒီေန႔လို တစ္ရက္ထဲ လူနာ ၂၀၀၀ ေက်ာ္ထြက္တဲ့အေနအထားထိ ေရာ က္ လာခဲ့တယ္။ မေန႔က ခရီးမသြားထိေတြ႕မႈ လုံးဝမရွိတဲ့ သံသယလူနာ ၈ ေယာက္ေတာင္ (PUI total 26 ဆ္ုေတာ့ positive ႏႈန္းက ၄၀%) မန္းေလးမွာ ေတြ႕ရသတဲ့။ က်ေ နာ္တို႔ မန္းေလးလဲ ရန္ကုန္ေျခရာကို တစ္ထပ္ထည္း နင္းလာၿပီ။

ပိုဆိုးတာက မေန႔က အဖ်ားမရွိ ခရီးမသြား ထိေတြ႕မႈ မရွိတဲ့ လူနာ ေမာလို႔ (Pulmonary Odemema & CKD) သာမာန္လူနာ ေဆာင္ထဲ ေရာက္လာတယ္။ ဒီေန႔မနက္မွာ အဖ်ားတ က္လာ လို႔ Rapid Test နဲ႔ စစ္လိုက္ေတာ့ Positive ထြက္လာတယ္။ သို႔ေသာ္ သတိႀကီးတဲ့ ဆရာဝန္ေတြက သူ႔ကို သီးသန႔္ခြဲထားမိလို႔ ေဆးဝန္ထမ္းေတြလည္း PPE 2 ဝတ္ ထား လို႔ ထိေတြ႕မႈ မရွိဘူး။ ဆိုလိုတာက ဒီလို သာမာန္လူနာထဲကို Covid-19 လူနာ ေရာ လာတာ မန္းေလး အတြက္ ဒါ ပထမဆုံး ပဲ။ ရန္ကုန္မွာလည္း ဒါမ်ိဳးေတြ ျဖစ္ခဲ့တယ္။ ျဖစ္လည္း ျဖစ္ တုန္းပဲ။ ဆီးခ်ိဳနဲ႔လာတယ္။ ကိုဗစ္ပဲ။ ပန္းနာနဲ႔ လာတယ္။ ကိုဗစ္ပဲ။ ေလျဖတ္ၿပီး လာတယ္။ ကိုဗစ္ပဲ။ ကိုဗစ္ရဲ႕ လွည့္စားမႈေတြ မန္းေလးမွ စတင္လာၿပီ။ ကိုဗစ္ဟာ အားေပ်ာ့ သြား ခ် င္ေ ယာင္ေဆာင္တယ္။ ၿပီးရင္ အလစ္မွာ ဝင္တိုက္တယ္။ လူေတြ သတိလစ္ဟင္းမွ ျပန္ျပန္ထတယ္။ လူတိုင္း သတိရွိဖို႔ကလည္း ခက္လွတယ္။

က်ေနာ္က ဒါမ်ိဳးေတြ ေရးရင္ လူေတြ Panic ျဖစ္လိမ့္မယ္ ဆိုၿပီး တားၾကတယ္။ ဟုတ္လည္း ဟုတ္ပါတယ္။ ေၾကာက္တတ္သူေတြကသာ ကိုဗစ္အေၾကာင္း ေလ့လာၾကတာ။ သိလာေတာ့ ပိုေၾကာက္ၾကတာ။ မေၾကာက္တတ္သူက သိေအာင္လည္း မႀကိဳးစားဘူး။ မသ္ေတာ့လည္း ေၾကာက္ရေကာင္းမွန္း မသိဘူး။ မနက္ ၇ နာရီကားေပၚက ျမင္တာေလး ေျပာဦးမယ္။ လူငယ္တ စ္ေ ယာက္ ဆိုင္ေရွ႕မွာ တံမ်က္စည္းလွည္တယ္။ Mask မပါဘူး။ ဆက္ေမာင္းသြားေတာ့ လမ္းေဘး မုန႔္ဟင္းခါးဆိုင္ေရွ႕မွာ တံျမက္စည္းလွည္းတယ္။ Mask မပါဘူး။ ပရဟိတ အသ င္းေ တြ က မနက္တိုင္း သူတို႔ ဆိုင္ေရွ႕ ပိုးသတ္ေဆး ႀကိဳ ျဖန္းေပးထားရမလိုလို။ ေနာက္ဆိုင္ ေဆးဘက္ဆိုင္င္ရာ ၂ဆိုင္ ေရာက္တယ္။ ၁ ဆိုင္က လုံးဝကို မတပ္ဘူး။

ဒီညေနက စလို႔ က်ေနာ္ New Normal တစ္ခု စပါၿပီ။ က်ေနာ္လည္း Power Ranger ျဖစ္ပါၿပီ။ အျပာေကာင္ မဟုတ္ဘူး။ မိုးျပာေကာင္ပါ။ ဒီေရွ႕က ေဆးခန္းမွာ ဝတ္တဲ့ Gown က ပိုထူတယ္။ ၄၀ မိနစ္ေလာက္ကို ေတာ္ေတာ္ အိုက္တယ္။ အဲဒီက အထြက္မွာ ခြၽတ္ရပါတယ္။ ဒါေလးကေတာ့ နည္းနည္းပါးတယ္။ PPE 3 ဝတ္ရတဲ့လူေတြ ၄ နာရီ ဝတ္ရင္ ဘယ္ေလာ က္ မ်ား အေနရခက္လိုက္မလဲ ကိုယ္ခ်င္းစာမိပါတယ္။

Maung Maung Oo

unicode

စိတ်ညစ်စရာ တစ်ခုကို ဖြေဖျောက် လို့ကို မရနိုင်ဘူး။ လူကသာ အလုပ်ဆက်လုပ်နေရတာ။ နောက်ပြီး ကျနော့် Status တွေက ဖတ်ရင် လူတွေမှာ လူတချို့မှာ စိတ်ညစ်စရာတွေ ဖြစ်ဖြ စ် သွားတတ်တော့ မရေးတော့ဘူးလို့ တွေးထားမိခဲ့ပေမယ့် ခုတော့ ရေးမှ ဖြစ်မယ်လို့ ပြောင်းတွေးရတယ်။ ဟိုးအရင် စစ်တွေမှာ ခရီးမသွားထိတွေ့မှု မရှိတဲ့ လူနာတွေ ရန် ကုန်မှာ ခရီးမ သွား ထိတွေ့မှု မရှိတဲ့ လူနာတွေ ကျနော် တို့ ကြားကြားချင်း တုန်လှုပ်ကြတာ မှတ်မိကြပါလိမ့်မယ်။ နောက်တော့ ဒီနေ့လို တစ်ရက်ထဲ လူနာ ၂၀၀၀ ကျော် ထွ က်တဲ့အနေအထားထိ ရော က် လာခဲ့တယ်။ မနေ့က ခရီးမသွားထိတွေ့မှု လုံးဝမရှိတဲ့ သံသယလူနာ ၈ ယောက်တောင် (PUI total 26 ဆ်ုတော့ positive နှုန်းက ၄၀%) မန်းလေးမှာ တွေ့ရသတဲ့။ ကျေ နာ်တို့ မန်းလေးလဲ ရန်ကုန်ခြေရာကို တစ်ထပ်ထည်း နင်းလာပြီ။

ပိုဆိုးတာက မနေ့က အဖျားမရှိ ခရီးမသွား ထိတွေ့မှု မရှိတဲ့ လူနာ မောလို့ (Pulmonary Odemema & CKD) သာမာန်လူနာ ဆောင်ထဲ ရောက်လာတယ်။ ဒီနေ့မနက်မှာ အ ဖျားတ က်လာ လို့ Rapid Test နဲ့ စစ်လိုက်တော့ Positive ထွက်လာတယ်။ သို့သော် သတိကြီးတဲ့ ဆရာဝန်တွေက သူ့ကို သီးသန့်ခွဲထားမိလို့ ဆေးဝန်ထမ်းတွေလည်း PPE 2 ဝတ် ထား လို့ ထိတွေ့မှု မရှိဘူး။ ဆိုလိုတာက ဒီလို သာမာန်လူနာထဲကို Covid-19 လူနာ ရော လာတာ မန်းလေး အတွက် ဒါ ပထမဆုံး ပဲ။ ရန်ကုန်မှာလည်း ဒါမျိုးတွေ ဖြစ်ခဲ့ တယ်။ ဖြစ်လည်း ဖြစ် တုန်းပဲ။ ဆီးချိုနဲ့လာတယ်။ ကိုဗစ်ပဲ။ ပန်းနာနဲ့ လာတယ်။ ကိုဗစ်ပဲ။ လေဖြတ်ပြီး လာတယ်။ ကိုဗစ်ပဲ။ ကိုဗစ်ရဲ့ လှည့်စားမှုတွေ မန်းလေးမှ စတင်လာပြီ။ ကိုဗ စ်ဟာ အားပျော့ သွား ချ င်ေ ယာင်ဆောင်တယ်။ ပြီးရင် အလစ်မှာ ဝင်တိုက်တယ်။ လူတွေ သတိလစ်ဟင်းမှ ပြန်ပြန်ထတယ်။ လူတိုင်း သတိရှိဖို့ကလည်း ခက်လှတယ်။

ကျနော်က ဒါမျိုးတွေ ရေးရင် လူတွေ Panic ဖြစ်လိမ့်မယ် ဆိုပြီး တားကြတယ်။ ဟုတ်လည်း ဟုတ်ပါတယ်။ ကြောက်တတ်သူတွေကသာ ကိုဗစ်အကြောင်း လေ့လာကြတာ။ သိလာ တော့ ပိုကြောက်ကြတာ။ မကြောက်တတ်သူက သိအောင်လည်း မကြိုးစားဘူး။ မသ်တော့လည်း ကြောက်ရကောင်းမှန်း မသိဘူး။ မနက် ၇ နာရီကားပေါ်က မြင်တာလေး ပြောဦးမယ်။ လူငယ် တ စ်ေ ယာက် ဆိုင်ရှေ့မှာ တံမျက်စည်းလှည်တယ်။ Mask မပါဘူး။ ဆက်မောင်းသွားတော့ လမ်းဘေး မုန့်ဟင်းခါးဆိုင်ရှေ့မှာ တံမြက်စည်းလှည်းတယ်။ Mask မပါ ဘူး။ ပရဟိတ အသ င်းေ တွ က မနက်တိုင်း သူတို့ ဆိုင်ရှေ့ ပိုးသတ်ဆေး ကြို ဖြန်းပေးထားရမလိုလို။ နောက်ဆိုင် ဆေးဘက်ဆိုင်င်ရာ ၂ဆိုင် ရောက်တယ်။ ၁ ဆိုင်က လုံးဝကို မတပ်ဘူး။

ဒီညနေက စလို့ ကျနော် New Normal တစ်ခု စပါပြီ။ ကျနော်လည်း Power Ranger ဖြစ်ပါပြီ။ အပြာကောင် မဟုတ်ဘူး။ မိုးပြာကောင်ပါ။ ဒီရှေ့က ဆေးခန်းမှာ ဝတ်တဲ့ Gown က ပိုထူတယ်။ ၄၀ မိနစ်လောက်ကို တော်တော် အိုက်တယ်။ အဲဒီက အထွက်မှာ ချွတ်ရပါတယ်။ ဒါလေးကတော့ နည်းနည်းပါးတယ်။ PPE 3 ဝတ်ရတဲ့လူတွေ ၄ နာရီ ဝတ်ရင် ဘယ်လော က် များ အနေရခက်လိုက်မလဲ ကိုယ်ချင်းစာမိပါတယ်။

Maung Maung Oo

Leave a Reply

Your email address will not be published. Required fields are marked *