ဟေတီသမ္မတ JOVENEL MOISE ဟာ သူ့ ရဲ့နေအိမ် မှာ ပဲ လုပ်ကြံခံရ

Posted on

ဟေတီသမ္မတ Jovenel Moise ဟာ သူ့ရဲ့နေအိမ်မှာပဲ လု ပ်ကြံခံရမှုကြောင့်ေ သ ဆုံးသွားခဲ့ပြီလို့ သိရပါတယ်။ လူမဆန်စွာရ က်စက်ကြမ်းကြုတ်မှုကို ရင်ဆိုင်ခဲ့ရပြီးေ သ န တ် နဲ့ ပ စ် သ တ်ခံခဲ့ရတယ်လို့ ယာယီဝန်ကြီးချုပ်ဖြစ်သူ Claude Joseph က ဒီနေ့မှာ အတည်ပြုပြောဆိုလိုက်ကြောင်း Channel News Asia က ဖော်ပြခဲ့ပါတယ်။

“သမ္မတဟာ သူ့ရဲ့နေအိမ်မှာပဲ လု ပ်ကြံခံခဲ့ရပါတယ်၊ အင်္ဂလိပ်နဲ့ စပိန်လိုပြောတဲ့ နိုင်ငံခြားသားတွေက လု ပ်ကြံသွားခဲ့တာပါ” လို့ Joseph က ပြောကြားခဲ့ပါတယ်။ သမ္မတရဲ့ ဇနီးဖြစ်သူဟာလည်း ဒ ဏ်ရာရရှိခဲ့ပြီး ဆေးရုံကို ပို့ဆောင်ကုသပေးနေရတယ်လို့ သူကထပ်ပြောခဲ့ပြီး ပြည်သူတွေအနေနဲ့ အေးဆေးတည်ငြိမ်စွာနေထိုင်ဖို့ တိုက်တွန်းခဲ့ကာ ရဲနဲ့ စ စ်တပ်က ပြည်သူလူထရဲ့ လုံခြုံရေးကိုေ သ ချာပေါက်ကာကွယ်ပေးမယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။

ဆင်းရဲနွမ်းပါးတဲ့ ကာရစ်ဘီယံနိုင်ငံမှာ နိုင်ငံရေးနဲ့ဆက်နွယ်တဲ့ အကြမ်းဖက်မှုတွေ တိုးပွားလာတဲ့အချိန်မှာ အခုလိုလုပ်ကြံမှုကြီး ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ ဟေတီဟာ နိုင်ငံရေးကွဲပြားမှုတွေနဲ့အတူ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကျပ်အတည်း၊ စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့နိုင်ငံဖြစ်ကာ အခုကိစ္စက နိုင်ငံကို အကျပ်အတည်းထဲ ပိုမိုပို့ဆောင်ပေးနိုင်တဲ့ အနေအထားမှာရှိနေပါတယ်။

“တိုင်းပြည်ဆက်လက်တည်တံ့ခိုင်မြဲရေးအတွက် အာမခံပြီး ကာကွယ်စောင့်ရှောက်ဖို့ အားလုံးဆောင်ရွက်သွားမယ်” လို့လည်း Joseph က ပြောခဲ့ပါတယ်။ ဟေတီမြို့တော် Port-au-Prince မှာလည်းေ သ န တ်သံတွေကို ကြားရမယ့် အနေအထားဖြစ်လာပြီး မူလကတည်းက မြို့တော်မှာ ဂိုဏ်းအချင်းချင်းတိုက်ခိုက်မှုတွေရှိနေခဲ့ကာ ရဲတွေက လမ်းတွေကိုထိန်းချုပ်ခဲ့ကြပါတယ်။ ဒီအကြ မ်းဖ က်မှုတွေဟာ ဆင်းရဲနွမ်းပါးမှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ ပိုမိုများပြားလာခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။

Moise ကတော့ ၂၀၁၇ မှာ သမ္မတအဖြစ် တာဝန်ယူပြီး ပြင်းထန်တဲ့ ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အတိုက်အခံတွေက သူ့ကိုလုပ်ပိုင်ခွင့်အာဏာအသုံးချပြီး အာဏာရှင်စနစ်ထူထောင်နေတယ်လို့ စွပ်စွဲခဲ့ကြပြီး သူကတော့ ငြင်းဆန်ခဲ့ပါတယ်။ ကပ်ရောဂါအခြေအနေကြောင့်လည်း သမ္မတ၊ ဥပဒေပြုရေး နဲ့ ဒေသဆိုင်ရာရွေးကောက်ပွဲတွေကျင်းပဖို့အတွက် နှစ်ကြိမ်တိတိရွှေ့ဆိုင်းခဲ့ရပြီး စက်တင်ဘာလမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆန္ဒခံယူပွဲကျင်းပဖို့ ရှိနေပါတယ်။

အသက် ၅၃ နှစ်အရွယ်သာရှိသေးတဲ့ Moise ဟာ ဒေသစံတော်ချိန် မနက်တစ်နာရီအချိန်မှာ Port-au-Prince မြို့က သူ့ရဲ့နေအိမ်မှာပဲ အတည်မပြုနိုင်သေးတဲ့ လက်နက်ကိုင်သမားတစ်ဦးရဲ့ လုပ်ကြံမှုကိုခံခဲ့ရတာဖြစ်ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ကလည်း ဒီသတင်းအတွက် သူ အံ့အားသင့်ခဲ့ရပြီး စိတ်မကောင်းဖြစ်ရကြောင်း တွစ်တာမှာရေးသားခဲ့ပြီး အိမ်ဖြူတော်ကတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ ရာဇဝတ်မှုလို့ သုံးနှုန်းခဲ့ပါတယ်။ credit

Leave a Reply

Your email address will not be published. Required fields are marked *