ကိုဗစ္နဲ႔ အသက္ဆုံးရႈံးသြားခဲ့တာကို ကပ္ေဆးေနတယ္ လို႔ အယူသည္းကာ တစ္ဖက္သက္ေျပာေနၾကတဲ့ သူေတြကို ဥကၠာမင္းေမာင္ ဒဲ့ေျပာၿပီ

Posted on

ပရိတ္သတ္ႀကီးေရ….ကိုဗစ္ေရာဂါကူးစက္ခံရမႈေၾကာင့္ လူႀကီးလူငယ္မေ႐ြး အသက္ ဆုံးရႈံးမႈေတြ ေန႔စဥ္ရက္ဆက္ ျဖစ္ပ်က္ေနတာ ျဖစ္ပါတယ္။ ဒီအေျခအေန ဆိုးႀကီးကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနၾကေပမယ့္လည္း ဘယ္လိုမွ မထိန္ခ်ဳပ္ႏိူင္ေသးပါဘူးေနာ္။ ဒီကာလမွာ ေသဆုံးသြားၾကသူမ်ားကိုလည္း ကပ္ေဆးေနတာတို႔ မေကာင္းသူပယ္ ေကာင္းသူကယ္ အခ်ိန္ျဖစ္တာေၾကာင့္ ဘုရားက ကယ္မွာတို႔ မေျပာဖို႔လို ပါတယ္။

ဒီအခ်ိန္မွာ ေႂကြလြင့္သြားၾကတဲ့သူမ်ားဟာ မေကာင္းတဲ့သူေတြ မဟုတ္ၾကပါဘူး။ အားလုံး နီးပါးဟာ ကိုယ့္မိသားစုအတြက္ ႐ုန္းကန္ လႈပ္ရွားရင္း မထင္မွတ္ဘဲ ေရာဂါ ကူးစက္ခံရၿပီး အသက္ဆုံးရႈံးသြားၾကသူမ်ားလည္း ရွိပါတယ္။ကိုဗစ္ေရာဂါေၾကာင့္ အသက္ေသဆုံးသြားတာကို ကပ္ေဆးေနတာလို႔ အယူသီးၿပီး လြဲမွားစြာ ေျပာဆို ေနၾကသူမ်ား ကို မၾကာေသးခင္ နာရီပိုင္း ေလာက္က သ႐ုပ္ေဆာင္ ဥကၠာမင္းေမာင္ရဲ႕ လူမႈကြန္ယက္တြင္ ေထာက္ျပေရးသားလာခဲ့တာ ျဖစ္ပါတယ္။ ကပ္ေဆးတယ္ဆိုတာ ဗုဒၶအဆုံးအမတြင္ မရွိဘဲ မေကာင္းသူပယ္လို႔ ေျပာရေအာင္လည္းကိုယ့္အသက္အေသခံ၊ ေရာဂါအကူးခံၿပီး အမ်ား အက်ိဳးေဆာင္႐ြက္ရင္း ေသဆုံးသြားၾကသူေတြကို ေစာ္ကားရာေရာက္ပါတယ္။

ျပန္ေကာင္းတဲ့ သူေတြ၊ ေရာဂါမျဖစ္တဲ့သူေတြကို ဘုရားကယ္တာ မဟုတ္ဘဲ လူငယ္ေတြနဲ႔ ကိုယ္ခံအားေကာင္းသူမ်ားသာ ျပန္ေကာင္း လာၾကတာ ျဖစ္ပါတယ္။ ဘာသာေရးအရ တစ္ကိုယ္ရည္ ေမတၱာပြားမ်ားတာ ျပသနာမဟုတ္ေပမယ့္အသက္ဆုံးရႈံးသြားသူေတြကို ဘာအေၾကာင္းနဲ႔မွ အျပစ္မတင္ဖို႔နဲ႔ ခ်စ္ရတဲ့သူေတြကို လက္လြတ္ဆုံးရႈံးရသူေတြ အေပၚခ်မနင္းဖို႔ လိုအပ္ေၾကာင္း ေျပာျပထားပါတယ္။ ဒီလိုအခ်ိန္မွာ တစ္ေယာက္နဲ႔တစ္ေယာက္အျငင္းပြားမေနၾကဘဲကိုယ့္ပတ္ဝန္းက်င္က မိတ္ေဆြေတြရဲ႕ ခ်စ္ရတဲ့သူေတြ ေလာကႀကီးက ထြက္ခြာေနၾကခ်ိန္မွာခ်စ္ျခင္းေမတၱာနဲ႔ လူသားဆန္မႈကို ဒီ့ထက္ပိုၿပီး ျပသဖို႔လိုအပ္ေၾကာင္း ေျပာၾကားရင္း ဒီသတင္းကို တင္ဆက္ေပး လိုက္ ရပါတယ္။ဖတ္ရႈေပးတဲ့ပရိတ္သတ္ႀကီးကိုအထူးပဲ ေက်းဇူးတင္ရွိပါတယ္ေနာ္။

Credit

unicode

ပရိတ်သတ်ကြီးရေ….ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် လူကြီးလူငယ်မရွေး အသက် ဆုံးရှုံးမှုတွေ နေ့စဉ်ရက်ဆက် ဖြစ်ပျက်နေတာ ဖြစ်ပါတယ်။ ဒီအခြေအနေ ဆိုးကြီးကို ထိန်းချုပ်ဖို့ ကြိုးစားနေကြပေမယ့်လည်း ဘယ်လိုမှ မထိန်ချုပ်နိူင်သေးပါဘူးနော်။ ဒီကာလမှာ သေဆုံးသွားကြသူများကိုလည်း ကပ်ဆေးနေတာတို့ မကောင်းသူပယ် ကောင်းသူကယ် အချိန်ဖြစ်တာကြောင့် ဘုရားက ကယ်မှာတို့ မပြောဖို့လို ပါတယ်။

ဒီအချိန်မှာ ကြွေလွင့်သွားကြတဲ့သူများဟာ မကောင်းတဲ့သူတွေ မဟုတ်ကြပါဘူး။ အားလုံး နီးပါးဟာ ကိုယ့်မိသားစုအတွက် ရုန်းကန် လှုပ်ရှားရင်း မထင်မှတ်ဘဲ ရောဂါ ကူးစက်ခံရပြီး အသက်ဆုံးရှုံးသွားကြသူများလည်း ရှိပါတယ်။ကိုဗစ်ရောဂါကြောင့် အသက်သေဆုံးသွားတာကို ကပ်ဆေးနေတာလို့ အယူသီးပြီး လွဲမှားစွာ ပြောဆို နေကြသူများ ကို မကြာသေးခင် နာရီပိုင်း လောက်က သရုပ်ဆောင် ဥက္ကာမင်းမောင်ရဲ့ လူမှုကွန်ယက်တွင် ထောက်ပြရေးသားလာခဲ့တာ ဖြစ်ပါတယ်။ ကပ်ဆေးတယ်ဆိုတာ ဗုဒ္ဓအဆုံးအမတွင် မရှိဘဲ မကောင်းသူပယ်လို့ ပြောရအောင်လည်းကိုယ့်အသက်အသေခံ၊ ရောဂါအကူးခံပြီး အများ အကျိုးဆောင်ရွက်ရင်း သေဆုံးသွားကြသူတွေကို စော်ကားရာရောက်ပါတယ်။

ပြန်ကောင်းတဲ့ သူတွေ၊ ရောဂါမဖြစ်တဲ့သူတွေကို ဘုရားကယ်တာ မဟုတ်ဘဲ လူငယ်တွေနဲ့ ကိုယ်ခံအားကောင်းသူများသာ ပြန်ကောင်း လာကြတာ ဖြစ်ပါတယ်။ ဘာသာရေးအရ တစ်ကိုယ်ရည် မေတ္တာပွားများတာ ပြသနာမဟုတ်ပေမယ့်အသက်ဆုံးရှုံးသွားသူတွေကို ဘာအကြောင်းနဲ့မှ အပြစ်မတင်ဖို့နဲ့ ချစ်ရတဲ့သူတွေကို လက်လွတ်ဆုံးရှုံးရသူတွေ အပေါ်ချမနင်းဖို့ လိုအပ်ကြောင်း ပြောပြထားပါတယ်။ ဒီလိုအချိန်မှာ တစ်ယောက်နဲ့တစ်ယောက်အငြင်းပွားမနေကြဘဲကိုယ့်ပတ်ဝန်းကျင်က မိတ်ဆွေတွေရဲ့ ချစ်ရတဲ့သူတွေ လောကကြီးက ထွက်ခွာနေကြချိန်မှာချစ်ခြင်းမေတ္တာနဲ့ လူသားဆန်မှုကို ဒီ့ထက်ပိုပြီး ပြသဖို့လိုအပ်ကြောင်း ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေး လိုက် ရပါတယ်။ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကိုအထူးပဲ ကျေးဇူးတင်ရှိပါတယ်နော်။

Credit

Leave a Reply

Your email address will not be published. Required fields are marked *