ေအာက္ဆီဂ်င္ အတြက္ အလႉေငြေတြ လႉဒါန္းၿပီး ျပည္သူေတြ အတြက္ အားျဖည့္ကူညီခဲ့တဲ့ စိုးျပည့္သဇင္

Posted on

လက္ရွိအေျခအေနေတြမွာ ေအာက္ဆီဂ်င္ ရွားပါးျပတ္လပ္မႈ ေၾကာင့္ လူအမ်ားေသဆုံးေနၾကရၿပီး ျပည္သူေတြက အခ်င္းခ်င္း ေဖးမကူညီေနၾကတာ ျဖစ္ပါတယ္..။

ေအာက္ဆီဂ်င္အိုးေတြကို အဆမတန္ေဈးတင္ၿပီး ေရာင္းခ်မႈေတြအျပင္ လိမ္လည္ ေနတဲ့လူတခ်ိဳ႕ရဲ႕ စာနာစိတ္ကင္းမဲ့မႈေတြေၾကာင့္လည္း ဒုကၡေရာက္ရတာေတြ ရွိေနတာေတြ႕ရပါတယ္..။

သ႐ုပ္ေဆာင္မင္းသမီး စိုးျပည့္သဇင္ကေတာ့ လတ္တေလာ မွာ သူမအေန နဲ႔ တတ္ႏိုင္တဲ့ ဘက္ကေန ျပည္သူေတြအတြက္ လႉဒါန္းမႈေတြ ျပဳလုပ္ေနသူပဲ ျဖစ္ပါတယ္..။

ေအာက္ဆီဂ်င္အတြက္ အလႉေငြ (၁၁)သိန္းကို ပရိသတ္ေတြနဲ႔အတူ စုေပါင္းၿပီး ခိုင္ႏွင္းေဝ ရင္ခြင္ရိပ္ၿမဳံေဂဟာမွာ လႉဒါန္းခဲ့တာ ျဖစ္ပါတယ္..။

“ဤကုသိုလ္ေကာင္းမႈသည္ျမန္မာျပည္သူျပည္သားမ်ားေရာဂါကပ္ဆိုးေဘးမွ လြတ္ေျမာက္ေစေသာ အေထာက္အပံ့ျဖစ္ရပါေစ…🙏🙏🙏” ဆိုၿပီး ဆုေတာင္းစကားဆိုထားတာ ျဖစ္ပါတယ္..။

လိုအပ္ေနတဲ့အခ်ိန္မွာ Fan ေတြနဲ႔အတူ အမ်ားျပည္သူအတြက္ လႉဒါန္းမႈေတြျပဳလုပ္ေပးေနတဲ့ စိုးျပည့္သဇင္ရဲ႕ ေကာင္းမႈကုသိုလ္ေလးေတြကေတာ့ တကယ္ကို သာဓုေခၚစရာေကာင္းလြန္းပါတယ္..။

Photo Credit – Soe Pyae Thazin’s Fb Acc

unicode

လက်ရှိအခြေအနေတွေမှာ အောက်ဆီဂျင် ရှားပါးပြတ်လပ်မှု ကြောင့် လူအများသေဆုံးနေကြရပြီး ပြည်သူတွေက အချင်းချင်း ဖေးမကူညီနေကြတာ ဖြစ်ပါတယ်..။

အောက်ဆီဂျင်အိုးတွေကို အဆမတန်ဈေးတင်ပြီး ရောင်းချမှုတွေအပြင် လိမ်လည် နေတဲ့လူတချို့ရဲ့ စာနာစိတ်ကင်းမဲ့မှုတွေကြောင့်လည်း ဒုက္ခရောက်ရတာတွေ ရှိနေတာတွေ့ရပါတယ်..။

သရုပ်ဆောင်မင်းသမီး စိုးပြည့်သဇင်ကတော့ လတ်တလော မှာ သူမအနေ နဲ့ တတ်နိုင်တဲ့ ဘက်ကနေ ပြည်သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်နေသူပဲ ဖြစ်ပါတယ်..။

အောက်ဆီဂျင်အတွက် အလှူငွေ (၁၁)သိန်းကို ပရိသတ်တွေနဲ့အတူ စုပေါင်းပြီး ခိုင်နှင်းဝေ ရင်ခွင်ရိပ်မြုံဂေဟာမှာ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

“ဤကုသိုလ်ကောင်းမှုသည်မြန်မာပြည်သူပြည်သားများရောဂါကပ်ဆိုးဘေးမှ လွတ်မြောက်စေသော အထောက်အပံ့ဖြစ်ရပါစေ…🙏🙏🙏” ဆိုပြီး ဆုတောင်းစကားဆိုထားတာ ဖြစ်ပါတယ်..။

လိုအပ်နေတဲ့အချိန်မှာ Fan တွေနဲ့အတူ အများပြည်သူအတွက် လှူဒါန်းမှုတွေပြုလုပ်ပေးနေတဲ့ စိုးပြည့်သဇင်ရဲ့ ကောင်းမှုကုသိုလ်လေးတွေကတော့ တကယ်ကို သာဓုခေါ်စရာကောင်းလွန်းပါတယ်..။

Photo Credit – Soe Pyae Thazin’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *