သတင်းမှား ဖြန့်ဝေတယ် ဆိုပြီး ထိုင်းအစိုးရ ရဲ့ WARNING ပေးခံရတဲ့ စာရင်းမှာ နာမည်ကြီးအနုပညာရှင်တွေ ပါဝင်နေလို့ စိုးရိမ်နေကြတဲ့ ပရိသတ်များ

Posted on

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ဆိုရင်လည်း ပြည်သူတွေက ဆန္ဒပြပွဲတွေပြုလုပ်ပြီး အစိုးရကို ပြင်းပြင်း ထန်ထန် ဆန့်ကျင်နေကြတာ ဖြစ်ပါတယ် ။ ဒီလိုအခြေအနေတွေ ဖြစ်ပေါ်နေတဲ့ ထိုင်းနိုင်ငံမှာ အစိုးရကိုဆန့်ကျင်တဲ့ ထိုင်းအနုပညာရှင်တွေကို ဖမ်းဝရမ်းထုတ်ပြီး ခြိမ်းခြောက်တာမျိုးတွေပါ ပြုလုပ် နေကြောင်း သတင်းတွေထွက်ပေါ်နေတာလည်း ဖြစ်ပါတယ် ။ Covid-19 အခြေအနေနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုခဲ့တဲ့ ထိုင်းအနုပညာရှင်တွေကို သတင်းအမှားဖြန့်ဝေတယ်ဆိုပြီး သတိပေးတာတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ် ။

ယခုလက်ရှိမှာ စာရင်းထုတ်ခံထားရတဲ့ ထိုင်း အနုပညာရှင် အယောက် (၂၀)စာရင်းမှာတော့ နာမည်ကြီးအနုပညာရှင်တွေဖြစ်ကြတဲ့ Mark Pin, Kimberley နဲ့ YaYa Urassya တို့လည်း ပါဝင်နေတာ ဖြစ်ပါတယ် ။ သူတို့အနေနဲ့ ဝရမ်းထုတ်ခံထားရတဲ့စာရင်းမှာ မပါဝင်သေးပေမယ့်လည်း Warning ပေးခံထားရတဲ့ အခြေအနေမှာ ရှိနေတာ ဖြစ်ပါတယ် ။ အသက် (၁၈)နှစ်အရွယ်သာရှိသေးတဲ့ Rap အဆိုတော်မလေး Milli ကိုတော့ ထိုင်းအစိုးရက ဝရမ်းထုတ်ထားပြီဖြစ်တာကြောင့် ထိုင်းအနုပညာရှင်တွေက သူမအတွက် Twitter မှာ Speak Out လုပ်ပေးနေကြတာလည်း တွေ့ရပါတယ်။

ထိုင်းမီဒီယာတစ်ခုဖြစ်တဲ့ Daradaily ဖော်ပြခဲ့တဲ့ အနုပညာရှင် (၁၂)ယောက်ကတော့ Nui Chernyim,Tuk Siriporn,King the Comedian, Ekkachai (Folk song Singer),Petch Karunpon, Pui Pimonwan,Max Jenmana, Mark Prin,Yaya Urassaya ,Kimberly နဲ့ Milli တို့ပဲ ဖြစ်ပါတယ် ။ မြန်မာနိုင်ငံ က ပရိသတ်တွေကတော့ သူတို့ချစ်ရတဲ့ ထိုင်းအနုပညာရှင် အတွက် စိုးရိမ်နေကြပြီး ဘေးကင်းစေဖို့အတွက် ဝိုင်းဝန်းဆုတောင်းပေးနေကြတာလည်း တွေ့ရပါတယ်။

Source & Photo Credit-Dara Daily News

Leave a Reply

Your email address will not be published. Required fields are marked *