သူမေဖ့စ္ဘုတ္ျပန္စသုံးတဲ့ ေန႔မွာပဲ သတင္းဆိုးတစ္ခုကိုၾကားရတဲ့ အတြက္ ယူႀကဳံးမရ ဝမ္းနည္းေနတဲ့ ေအသင္ခ်ိဳေဆြ

Posted on

ပရိတ္သတ္ႀကီးေရ….ဒီရက္ပိုင္းေတြမွာ ကိုဗစ္ကပ္ေရာဂါဆိုးက်ိဳးေတြေၾကာင့္ အသက္အႏၲရာယ္ ဆုံးရႈံးရသူေတြ မ်ားစြာ ရွိေနၾကပါတယ္ေနာ္။ ကြယ္လြန္သြားသူမ်ားအား လူမႈ ေရး အရေတာင္နာေရးလိုက္ပို႔ခြင့္မရတဲ့ အေျခအေနဟာ ေတာ္ေတာ္ေလးကိုဝမ္းနည္းစရာေကာင္းလွပါတယ္။ ဒီအေျခအေနဆိုးႀကီး ကို အျမန္ဆုံးၿပီးဆုံးသြားေစဖို႔ ျပည္သူမ်ား အားလုံးက ဆုေတာင္းေနၾကတာ ျဖစ္ပါတယ္။

အဆိုေတာ္ ေအသင္ခ်ိဳေဆြကလည္း Facebook ျပန္စသုံးတဲ့ ေန႔မွာပဲ အသိမိတ္ေဆြေတြ ဆုံးပါးသြားတာတဲ့ သတင္းကို တင္ရတဲ့အတြက္ ယူႀကဳံးမရ ဝမ္းနည္းေနတဲ့အေၾကာင္းကို သူမရဲ႕ လူမႈကြန္ယက္တြင္ေရးသားထားပါတယ္။သူမ အရမ္းခ်စ္ရတဲ့ မိတ္ေဆြတစ္ဦး ဆုံးပါးသြားတာကို မိခင္ျဖစ္သူက ေျပာျပေသာ္ လည္း အခုထိ မယုံႏိုင္ေသးတဲ့အေၾကာင္းကို ရင္ဖြင့္ေရးသားထားပါတယ္။ ကိုယ့္ပတ္ဝန္းက်င္က ခ်စ္ခင္ရတဲ့သူေတြကို ဆုံးရႈံးရတဲ့အတြက္ စိတ္ထဲမွာ အေတာ္ေလးကို ဝမ္းနည္းခံစားေနရၿပီး ဘယ္လိုမွ အဆင္မေျပျဖစ္ေနေၾကာင္း ကိုလည္း ေျပာျပထားပါတယ္။

ေအသင္ဟာ လူထုလႈပ္ရွားမႈမ်ားတြင္ တက္ႂကြစြာပါဝင္ခဲ့တာေၾကာင့္ ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲဆိုခံထားရၿပီး မၾကာခင္မွာဘဲ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရတာ ျဖစ္ပါတယ္။ အက်ဥ္းေထာင္ထဲတြင္ ရက္အနည္းငယ္ ေနထိုင္ခဲ့ရၿပီး ျပန္လည္လြတ္ေျမာက္လာ ခဲ့ေပမယ့္လည္း ဆိုရွယ္မီဒီယာမ်ား အသုံးမျပဳဘဲ အခ်ိန္အေတာ္ၾကာ ေနေနခဲ့တာပါ။ Facebook ျပန္စသုံးျဖစ္တဲ့ေန႔မွာပဲ သူမရဲ႕အေကာင့္တြင္ အခုလို နာေရးသတင္းေဝမွ်ေပးခဲ့ရတာကို စိတ္မေကာင္းျဖစ္ခဲ့ရတာပါ။ ျပည္သူေတြအားလုံးလည္း ကပ္ေရာဂါဆိုးႀကီးကေန အျမန္ဆုံးကင္းလြတ္ပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပး လိုက္ ရပါတယ္။

Source and Photo Crd-Athen Cho Swe’s Facebook Account

Credit ; MMLoad

unicode

ပရိတ်သတ်ကြီးရေ….ဒီရက်ပိုင်းတွေမှာ ကိုဗစ်ကပ်ရောဂါဆိုးကျိုးတွေကြောင့် အသက်အန္တရာယ် ဆုံးရှုံးရသူတွေ များစွာ ရှိနေကြပါတယ်နော်။ ကွယ်လွန်သွားသူများအား လူမှု ရေး အရတောင်နာရေးလိုက်ပို့ခွင့်မရတဲ့ အခြေအနေဟာ တော်တော်လေးကိုဝမ်းနည်းစရာကောင်းလှပါတယ်။ ဒီအခြေအနေဆိုးကြီး ကို အမြန်ဆုံးပြီးဆုံးသွားစေဖို့ ပြည်သူများ အားလုံးက ဆုတောင်းနေကြတာ ဖြစ်ပါတယ်။

အဆိုတော် အေသင်ချိုဆွေကလည်း Facebook ပြန်စသုံးတဲ့ နေ့မှာပဲ အသိမိတ်ဆွေတွေ ဆုံးပါးသွားတာတဲ့ သတင်းကို တင်ရတဲ့အတွက် ယူကြုံးမရ ဝမ်းနည်းနေတဲ့အကြောင်းကို သူမရဲ့ လူမှုကွန်ယက်တွင်ရေးသားထားပါတယ်။သူမ အရမ်းချစ်ရတဲ့ မိတ်ဆွေတစ်ဦး ဆုံးပါးသွားတာကို မိခင်ဖြစ်သူက ပြောပြသော် လည်း အခုထိ မယုံနိုင်သေးတဲ့အကြောင်းကို ရင်ဖွင့်ရေးသားထားပါတယ်။ ကိုယ့်ပတ်ဝန်းကျင်က ချစ်ခင်ရတဲ့သူတွေကို ဆုံးရှုံးရတဲ့အတွက် စိတ်ထဲမှာ အတော်လေးကို ဝမ်းနည်းခံစားနေရပြီး ဘယ်လိုမှ အဆင်မပြေဖြစ်နေကြောင်း ကိုလည်း ပြောပြထားပါတယ်။

အေသင်ဟာ လူထုလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရပြီး မကြာခင်မှာဘဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ အကျဉ်းထောင်ထဲတွင် ရက်အနည်းငယ် နေထိုင်ခဲ့ရပြီး ပြန်လည်လွတ်မြောက်လာ ခဲ့ပေမယ့်လည်း ဆိုရှယ်မီဒီယာများ အသုံးမပြုဘဲ အချိန်အတော်ကြာ နေနေခဲ့တာပါ။ Facebook ပြန်စသုံးဖြစ်တဲ့နေ့မှာပဲ သူမရဲ့အကောင့်တွင် အခုလို နာရေးသတင်းဝေမျှပေးခဲ့ရတာကို စိတ်မကောင်းဖြစ်ခဲ့ရတာပါ။ ပြည်သူတွေအားလုံးလည်း ကပ်ရောဂါဆိုးကြီးကနေ အမြန်ဆုံးကင်းလွတ်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေး လိုက် ရပါတယ်။

Source and Photo Crd-Athen Cho Swe’s Facebook Account

Credit ; MMLoad

Leave a Reply

Your email address will not be published. Required fields are marked *