ကွယ်လွန်သူတွေ အတွက် ဝမ်းနည်းနေချိန်မှာ ဖုန်းဆက်ပြီး လှောင်ပြောင်ကြသူ တချို့ကြောင့် ပိုပြီးစိတ်မကောင်းဖြစ်နေရတဲ့ ကျော်ကျော်နန္ဒ

Posted on

လက်ရှိကပ်ရောဂါကာလကြီးမှာ ပြည်သူ အားလုံးဟာ အပူသောကတွေကိုယ်စီနဲ့ စိုးရိမ်ပူပန်နေတာတွေကို ကြံ့ကြံ့ခံစိတ်အားတင်းကာ ကြိုးစားဖြတ်ကျော်နေကြရတဲ့ အချိန်တစ်ခုလည်း ဖြစ်ပါတယ်..။

သရုပ်ဆောင်ကျော်ကျော်နန္ဒ ကတော့ လက်ရှိ မှာ ကျန်းမာရေးအတွက် မိဘနဲ့ မိသားစုတွေကို ဂရုစိုက်နေရတဲ့အပြင် စာနာစိတ်ကင်းသူတွေကြောင့် စိတ်မကောင်းဖြစ်လို့ နေပါတယ်..။

ကျော်ကျော်နန္ဒကတော့ ကွယ်လွန်သူတွေ အတွက် စိတ်ထိခိုက်နေရတဲ့အချိန်မှာ သူ့ဆီကို ဖုန်းဆက်ပြီး လှောင်ပြောင်တဲ့ လူတချို့နဲ့ ပတ်သက်ပြီး ပြောပြလာပါတယ်..။

အခုလို စိတ်မကောင်းဖြစ်နေရတဲ့ အချိန်မှာ တကူးတက ဖုန်းဆက်လှောင်ပြောင်ကြတဲ့ စာနာစိတ်ကင်းသူတွေကို အံ့ဩမိပေမယ့် ပြည်သူတွေ ဘေးကင်းဖို့ကိုလည်း ဆုတောင်းစကားပြောထားပါသေးတယ်..။

“ခုချိန်မှာ မိဘနဲ့ကျနော်မိသားစု /ကျနော် ကိုယ်လည်း ကျနော်ဂရုစိုက်နေရပါတယ် ထိုပြင် ကွယ်လွန်သွားကြတဲ့သူတွေအတွက် လည်းစိတ်မကောင်းချိန်​တွေမှာ ကျနော်ကို ဖုန်းဆက်ပြီး လှောင်နိုင်တဲ့ လူတချို့ရဲ့စိတ်ကို အံဩမိပါတယ်ပါ ကျန်းမာဘေးကင်းကြပါစေ..” ဆိုပြီး စိတ်မကောင်းစွာ ပြောပြထားတာ ဖြစ်ပါတယ်..။

အခုလို ပြည်သူတွေအားလုံး ရောဂါကပ်ဆိုးတွေကြောင့် ပူပင်သောကတွေရောက်နေရတဲ့အချိန်မှာ စာနာစိတ်ကင်းစွာ လှောင်ပြောင်မှုတွေ မပြုလုပ်ကြဘဲ အချင်းချင်းအားပေးရင်း ဖေးမကူညီကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်..။

Photo Credit – Kyaw Kyaw Nanda’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *