(၇)ရက် သားသမီး တို့ရဲ့ စိတ်ဝင်စားစရာ ချစ်စရာ အမူအကျင့်များ အကြောင်း

Posted on

တနင်္ဂနွေ

ချစ်ဖို့ကောင်းတဲ့ နေရာမှာ No.1ရုပ်တည်ကြီး နေတတ် ပေမယ့်.. တကယ်ခင်သွားရင်လဲ သူငယ်ချင်း အဖွဲ့ထဲ မှာ မျက်နှာအပြောင်ဆုံးက သူပဲ

အချစ်ကြီးသလောက် အချစ်ရေးမှာတော့ အရမ်းကံခေတယ် ရတာမလို လိုတာမရတွေလေ.အစွဲလန်းလဲ ကြီးတယ် ချစ်ပြီဆို တခြားလူ နဲ့ မတူသလို မုန်းပြီဆိုလဲ လှည့်မကြည့်တတ်ဘူး

အချောကြီး မဟုတ်ပေမယ့် ဆွဲဆောင်မှု အရမ်းရှိတယ် ညို့အား အပြင်းဆုံးက အသံ (အသံလေး ကြားဖူးရုံနဲ့တင် စွဲလန်း သွားစေတာမျိုး)

တင်္နလာ

အထာကျတဲ့ နေရာမှာ No. 1

တခုခုဆို အရမ်းပြတ်သားတယ် ပြောစရာရှိရင် ဘယ့်သူ့ကိုမှာ အားမနာတတ်ဘူး မှန်တဲ့ ဖက်က ရပ်တည်တာမျိုးပေါ့..

ရန်လိုတဲ့လူ နဲနဲများတယ် ဒါမယ့်ဘယ်သူ့ကိုမှ သိပ်ဂရုမစိုက်တတ်ဘူး ဘယ်လိုအခြေနေပဲ ဖြစ်ဖြစ် ရင်ဆိုင်ရဲတဲ့ သတ္တိရှိတယ်

အပေါင်းသင်းဆိုလဲ ရွေးပြီးပဲ ပေါင်းတယ် အုတ်ရောရော ကျောက်ရောရော သိပ်မထားတတ်ဘူး အတုယောင်တွေကို မုန်းလို့တဲ့လေ

ညို့အားအပြင်းဆုံးက ခန္ဓာကိုယ် (ယောကျာ်းလေးဆို အရမ်းခန့်ပြီး မိန်းကလေးဆိုလဲ အချိုးအစား ကျတယ်.. ဆွဲဆောင်မှု အရမ်းရှိတယ်)

အင်္ဂါ

ဆရာကြီး လုပ်တဲ့နေရာမှာ No.1

ပြောသာပြောတာနော် သြဇာက အရမ်းညောင်းတယ်

လူချစ်လူခင်လဲ ပေါတယ် လူတိုင်းကလဲ ယုံကြည်တယ် ခေါင်းဆောင်ကောင်း ပီသတဲ့ သူတွေပေါ့

ဒါမယ့် သိပ်မပွင့်လင်းတော့ ပျော်တယ်လို့ပဲ ထင်ရတာ အမြဲတမ်းလိုလို အထီးကျန်နေတတ်တယ်

မိသားစုဖြစ်ဖြစ် သူငယ်ချင်းတွေ ထဲမှာပဲဖြစ်ဖြစ် အပစ်ပယ်ခံရတဲ့ အချိန်က များနေ တတ်တယ်

ညို့အားအပြင်းဆုံးက မျက်လုံး (အကြည့်နဲ့ ညှို့တာနော် သူတို့နဲ့တွေ့ရင် မျက်လုံးတွေကို သတိထား အရမ်းကြောက်ဖို့ကောင်းတာ..)

ဗုဒ္ဓဟူး

ရူးတဲ့နေရာမှာ No.1

တလောကလုံး သူတို့နဲ့တည့်, တဲ့လူ မရှိသလောက်ပဲ

စိတ်ရင်းကောင်းတယ် အပြောဆိုးတယ်

စိတ်ဆိုးတုန်းလဲ ခနပဲ ပြီးရင် ဘာမှမဟုတ်ဘူး ပေါင်းသင်းရ ခက်တဲ့သူတွေ

အဖေကလွဲရင် တမိသားစုလုံးနဲ့ မျက်နှာကြောမတည့်ဘူး ဘယ်လောက်အသက်ကြီးကြီး ခလေးစိတ်က မပျောက်ဘူး

ညို့အားအပြင်းဆုံးက ဆံပင်ပုံစံ (မိန်းကလေးဖြစ်ဖြစ် ယောက်ျားလေးဖြစ်ဖြစ် သူတို့တွေက ဆံပင် ကို အရမ်းတန်ဖိုးထားတာ)

ကြာသပတေး

ရှန်း တဲ့နေရာမှာ No.1 -ဘာလုပ်လုပ်လွဲတယ် သေချာခိုင်းလေ လွဲလေပဲ -တခုခုဆို အမြဲအဆူအငေါက် ခံရတယ်

စိတ်ရင်းကောင်းတော့ သူငယ်ချင်းတော့ ပေါတာပေါ့ ဒါပေမယ့် အတုအစစ် သိပ်မခွဲတတ်တော့ သူငယ်ချင်းကြောင့်ပဲ ခဏခဏ ချောက်ချ ခံရတဲ့သူတွေ.

အယုံလွယ်တယ် ၊ပိန်းတယ် ကိုယ့်ဖို့ ဘယ်တော့မှ မကြည့်တတ်ဘူး

အနစ်နာ အရမ်းခံတတ်တယ် ညို့အားအပြင်းဆုံးက မျက်နှာ( သေချာကြည့်မိလေ လှလေပဲ..)

သောကြာ

လေပွားတဲ့ နေရာမှာ No.1

အရမ်းစကားများတယ် အကြောင်းမရှိ အကြောင်းရှာပြီးကို တတွတ်တွတ်ပြောနေတာ

ဒါမယ့် အကုန်လုံးကို သီးခံပြီး ပေါင်းတတ်တယ် ရောက်တဲ့နေရာမှာ ချစ်မယ့်လူ ပေါတယ်

ပြသနာတော့ ခဏခဏဖြစ်တယ် ပြသနာက မလာရင်တောင် သူတို့က သွားရှာတာ အယုံလွယ် သလောက် သူတို့ဘေးမှာလဲ လိမ်မယ့်လူတွေချည်းပဲ.

ညို့အားအပြင်းဆုံးက တော်ကီ.. ( အပြောတွေ အောက်မှာ မျောသွားအောင်ကို စွမ်းတာ သတိထားပြီးသာ ဆက်ဆံ..)

စနေ

စိတ်ကြီးတဲ့ နေရာမှာ No.1

အစစအရာရာ ဗိုလ်ကျတယ် လိုချင်တာမရရင် တလောကလုံး စိန်ခေါ်ဖို့လဲ ဝန်မလေးဘူး

နေရာတကာ စိတ်ကြီးတတ်တဲ့ ဒေါသအိုးလေးတွေ..

ဒါမယ့် စိတ်ရင်းကောင်းတယ် အပေါင်းအသင်းမင်တယ် အနစ်နာခံတတ်လို့လဲ ချစ်မယ့်လူ ပေါတယ်

ထင်တိုင်း ကြဲနေတတ်ပေမယ့် အဆင်မပြေတာတွေ ခဏခဏ ကြုံနေတတ်တယ်

ဘယ့်သူ့ကိုမှလဲ သိပ်မယုံဘူး သူတို့အနားလာတဲ့ လူတိုင်းကို သံသယမျက်လုံးတွေနဲ့ပဲ ကြည့်တတ်တယ် ညို့အား အပြင်းဆုံးက အပြုံး

( အထူးသဖြင့် သွားတက်၊ ပါးခွက် တွေ ပါနေတတ်တယ် သူတို့ပြုံးနေရင် မျက်နှာသာ ရအောင်လွှဲ အပြုစားခံရတာထက် ဆိုးတယ်..)

Credit Original upload

Leave a Reply

Your email address will not be published. Required fields are marked *