သင့် သွေးအမျိုး အစား အ လိုက် စိတ်နေသဘော ထား များ

Posted on

Aသွေး

Aသွေးလေးတွေအများစုဟာသနားစရာ၊ ချစ်စရာအလွန်ကောင်းကြပါတယ်။

သူတို့တွေဟာအပြင်ပန်းမှာခက်ထန်ကြမ်းတမ်းတယ် ထင်ရပေမယ့် အတွင်းစိတ်သဘောထားကတော့ အလွန်နူးညံ့

သိမ်မွေ့ပါတယ်?

သူများကိုကူညီလိုက်လို့ကိုယ့်မှာသုညဖြစ်သွား ခဲ့ရင်တောင် ကိုယ်ကူညီလိုက်တဲ့သူအဆင်ပြေနေတယ်ဆိုရင် ကြည်နူး

ပီတိဖြစ်နေတတ်တဲ့သူတွေပါ

Aသွေးလေးတွေဟာ……… စေတနာလည်းအရမ်းကောင်းသလိုသံယောဇဉ်လည်းအလွန်ကြီးကြတဲ့သူတွေပါ။

သူတို့ဟာစိတ်ဆိုးစိတ်ကောက်လည်းလွယ်ပါတယ်။ခဏခဏလည်းစိတ်ဆိုးစိတ်ကောက်တတ်ပါတယ် စိတ်ကောက်

လည်းခဏပဲ။

ချော့မယ့်သူရှိရင်တော့ဟန်အမူပိုပြီးဆက်ပြီးတော့စိတ်ကောက်ဟန်…ဆောင်နေတတ်ပါတယ်။ချော့မယ့်သူမရှိရင်

တော့သူ့အလိုလိုပျော့သွားရော

A သွေးလေးတွေဟာချစ်သူအပေါ်မှာလည်းကလေးတစ်ယောက်လိုဆိုးနွဲ့ချင်ကြပါတယ်။ အချစ်လည်းအရမ်းကြီးပါ

တယ်။

ဒါပေမယ့်အချစ်စိတ်ကြီးတော့ဘယ်လောက်ကြီးတဲ့အပြစ်ဖြစ်ဖြစ်စိတ်ရှည်သည်းခံပြီးနားလည်ခွင့်လွှတ် ပေးနိုင်တဲ့သူ

တွေပါ။

ဒါပေမယ့်စိတ်ထဲမှာတော့မတင်မကျနဲ့အမြဲသံသယဖြစ်နေတတ်တယ်။ ဖြစ်ခဲ့သမျှ အတိတ်တွေကိုတော့ အမြဲမမေ့

ဖျောက်နိုင်ပဲ အမှတ်ကြီးတဲ့သူတွေပါ

A သွေးလေးတွေဟာအများအားဖြင့်ကိုယ့် ဘဝကို စိတ်ညစ်စရာကောင်းတယ်လို့ထင်နေတတ်ပါတယ်။

သူများအကြည့်တွေကိုလည်း သည်းမခံနိုင်သလို သူ့ကိုသူများတွေကစိတ်ထဲမှာ ဘယ်လိုထင်နေမလဲဆိုတာကိုအမြဲသိ

ချင်နေသူတွေပါ။

Aသွေးလေးတွေဟာကိုယ့်ကိုယ်ကိုလည်းမချစ်တတ်ဘူး။ …..သူများတကာတွေကိုလည်းတော်ရုံတန်ရုံအထင်မကြီး

တတ်ဘူ A သွေးလေးတွေဟာတစ်ခါတစ်လေကိုယ့်ကိုယ်ကို…..တောင်o_O ယုံကြည်ဖို့ခက်ခဲနေတတ်တယ်။

သူ့မှာအတွေးအခေါ်ကောင်းတွေရှိနေတာတောင်… သူများစကားကိုယုံပြီးလက်ခံတတ်တဲ့အတွက် အလုပ်တစ်ခုကိုလုပ်

မယ်ဆိုရင်လည်းစဉ်းစားနေတာနဲ့ပဲအချနိကုန်သွားတတ်တယ်။ –

လုပ်လိုက်တဲ့ကိစ္စတစ်ခုကို အများအားဖြင့်ပြဿသ၁နာဖြစ်မယ် ၊ဆုံးရှုံးမယ်ဆိုပြီးမကောင်းတဲ့ဘက်ကပဲ အများအားဖြ

င့် တွေးလေ့ရှိတယ်။

A သွေးလေးတွေဟာ ငြိမ်းချမ်းခြင်းကိုမြတ်နိုးသူတွေပါ။ ညဖြစ်နိုင်ရင်ကိုယ်တစ်ယောက်တည်းပဲ ငြိမ်းချမ်းစွာသာသာ

ယာယာနေသွားချင်ကြတဲ့သူတွေပါ။

ငြိမ်းချမ်းရေးကိုမြတ်နိုးပေမယ့်လည်း တောင်းပန်ရမှာကိုတော့ သေလောက်အောင်မုန်းတယ်။

သူအမှားတစ်ခုလုပ်မိပြီဆိုရင်လည်းနောင်တရမဆုံးဖြစ်နေတတ်တာA သွေးလေးတွေပါ

A သွေးလေးတွေဟာသူတစ်ပါးအပေါ်မှာကျတော့….. ဦးစားပေးတတ်တယ်။ .. သနားတတ်တယ်။

အားနာတတ်တယ်။ ဒါပေမယ့်ကိုယ့်မိသားစုအပေါ်မှာတော့အနိုင်ယူချင်တယ်။

A သွေးလေးတွေကိုချစ်သူခင်သူလည်းပေါသလို အပေါင်းအသင်းလည်းများပေမယ့် ….အများအားဖြင့်

တစ်ယောက်တည်းနေရတာကိုပဲ…သဘောကျပြီးတစ်ယောက်တည်းပဲဖစ်နေတတ်ပါတယ်

Aသွေးပိုင်ရှင်လေးတွေ ကဒေါသကလည်းအရမ်းကြီးတတ်တယ်။ ဒါပေမယ့်တော်ရုံတန်ရုံစိတ်မဆိုးတတ်ပါဘူး။ စိတ်

ကလည်းအရမ်းမြန်တယ်။

သူမှန်တယ်ထင်ရင်ဘယ်သူ့ကိုမဆို ရင်ဆိုင်ရဲတယ်။ ဘာမဆိုလုပ်ရဲတယ်။ ကိစ္စတစ်ခုကိုလုပ်ချင်ပြီဆိုရင်လည်း

ဇွတ်လုပ်တတ်တယ်။

သူ့ကိုမခံချင်အောင်၊…ဒေါသထွက်အောင်မထိတထိသွားလုပ်တဲ့သူတွေဆို …အရွဲ့ပြန်တိုက်ရ်မှကိုကျေနပ်တယ်။

စိတ်တိုနေပြီဆိုရင်တော့ မျက်နှာထားကတင်းတင်းနဲ့ တစ်လောကလုံးသူ့လုပ်စာကိုပဲထိုင်စားနေရသလို ဘယ်သူနဲ့မှကို

စကားမပြောချင်တော့ဘူး

A သွေးလေးတွေဟာသူများအပေါ်မှာလည်းကိုယ့် သိက္ခာအကျခံပြီးတော့ကိုကူညီပေးတတ်တဲ့သူတွေပါ။

မိသားစုနဲ့ပတ်သတ်ရင်လည်းသံယောဇဉ်အရမ်းကြီးပြီးခင်တွယ်တတ်တယ်။

A သွေးလေးတွေဟာချစ်သူအပေါ်မှာလည်း….ကိုယ့်ရဲ့စိတ်ကူးထက်ချစ်သူရဲ့ စိတ်ကူးကိုပိုပြီးဦးစားပေးတတ်ကြပါတယ်။

ကိုယ်ချစ်တဲ့သူကိုလည်းလိုတာထက်ပိုပြီးတော့သဝန်တိုတတ်ကြတယ်။ ပြီးတော့စိထဲမှာရှိတိာကုပွင့်ပွင့်လင်းလင်းမ

ပြောရဲကြဘူး➳ ➳ ➳

A သွေးလေးတွေဟာချစ်သူကိုအရမ်းချစ်သလောက် မြတ်နိုးသလောက် ဂရုစိုက်သလောက် ကြင်နာ သလောက် တွယ်တာသလောက် အလေးထားသလောက် နားလည်မှု တွေခွင့်လွှတ်မှုတွေရှိသလောက်အများအားဖြင့် သူ့ချစ်သူအပေါ်သူပေးနိုင်သလောက်ပြန်မရတတ်ကြပါဘူးA သွေးလေးတွေဟာတစ်ယောက်ဆိုတစ်ယောက်ပိတောက်ဆိုပိတောက်ပါပဲ်

ဘူးဆိုဖရုံမသီးတတ်ပါဘူး စိတ်ခံစားမှုကလည်းအရမ်းပြင်းထန်တဲ့အတွက် ချစ်သူနဲ့ပတ်သတ်ပြီးဘာမဟုတ်တာလေးကအစ စိတ်ထဲမှာဝမ်းနည်းခံစားတတ်ပါတယ်။

Bသွေးလား…

လူပုံကြည့်ရင် ရေခဲတုံးနဲ့ မှားမယ် ခင်ကြည့်ပါ ခင်လည်း သိပ်မရင်းနှီးတဲ့လူဆို ခပ်တန်းတန်းဘဲ မာနကြီးတာ မဟုတ်ပါဘူး

သူတို့ပင်ကိုဗီဇကိုက အေးဆေးတာပါ လူအများနဲ. မနေတတ်ဘူး တယောက်တည်းနေရတာ သဘောကျတယ်

စကားများတာမကြိုက်သလို ကိုယ်တိုငိက လည်းစကားနည်းတယ်လေ သူတို. အမှန်းဆုံးက ပူပူညံညံ စက်သေနတ်ပစ်တာ ကျော်ပူသာတာ ခံနိုင်တယ်

နားပူတာတော့မခံနိုင်ဘူးဗျာ ဆိုသလိုမျိုး တချို.က ပေါင်းသင်းဆက်ဆံရေးညံ့တယ်ထင်ကြတယ် မဟုတ်ပါဘူး

သူတို.မှာ လူတယောက်ကို ဘယ်လို ပေါင်းရသင်းရမလည်းဆိုတာ အဲ့လူကို ကြည့်တာနဲ. သိတယ် ဒါပေမယ့် မလိုအပ်ပဲ ပညာကို ထုတ်မသုံးဘူးပေါ့ဗျာ

တချို.လူတွေက သူတို.ကို ငတုံး ငအထင်တယ် သွားမလုပ်နဲ. ခင်ဗျားကို ရောင်းစားသွားလိမ့်မယ်

အလုပ်တခု လုပ်ရင် ကိုယ်ပိုင်အလုပ်ဖြစ်စေ တခြားသူရဲ. အလုပ်ဖြစ်စေ စိတ်ပါပါ လုပ်ပေးတတ်တယ်

ဒါ့ကြောင့် သူတို. လုပ်ဖူးတဲ့နေရာတိုင်းက သူတို.ကို သဘောကျကျတယ် အလုပ်ပေါ်လည်း သစ္စာရှိတာပေါ့ အစားအစာလား ဂျေးမများဘူး ကျွေးတာနဲ.စားတတ်တယ် ရှိတာနဲ.စားတယ်

စိတ်နေစိတ်ထားကတော့ သနားကြင်နာတတ်တာ ၂ ယောက်မရှိဘူး ဒုက္ခရောက်နေတဲ့ သူကိုတွေ.ရင် အရမ်းကူညီချင်တယ်

မတတ်နိုင်လို.သာ မကူညီလိုက်ရတာဘဲ ရှိတယ် ကူညီချင်စိတ်မရှိလို. မကူညီတာတော့မဟုတ်ဘူး သည်းခံတတ်တယ်

ဒါပေမယ့် လိုတာထက်ပိုလာရင် တော့ သူလုပ်တာထက် ပိုလုပ်တတ်တယ်

အစွဲလမ်းမကြီးဘူး ပြီး ပြီးရောပဲစွဲမိပြီ ဆိုရင်လည်း ဒါမှဒါ ဟိုဟာလာမပြောနဲ့ မရဘူး ဒေါသလား မကြီးသလိုနဲ. ဒေါသထွက်လာရင် တော်ရုံနဲ့ မပြေဘူး အဲ့ဒါကိုပဲ တွေးလိုက် ဒေါသထွက်လိုက်ပဲ

ဒေါသကြီးတာကတော့ 9 လောက်ရှိတယ် သူတို.ကို လျှော့မတွက်နဲ. ပျားတုပ်တာထက်ဆိုးသွားလိမ့်မယ် အငြိုးတော့မကြီးပါဘူး ဒီနေ့ပြီး နောက်နေ.ဆိုမေ့ရောပဲ… ပြီးတော့

လူတဖက်သားကို အရမ်းအားးနာတတ်တယ် စကားတခွန်းပြောမယ်ဆိုရင်တောင် အဲ့စကား ကို ပြောလိုက်ရင် တဖက်သား ဘယ်လိုခံစားရမလည်း ဆိုတာစဉ်းစားမိပြီး မပြောဖြစ်လိုက်တာများတယ်

သူတို. အစော်ကားခံရလို. ပြောပိဆိုရင်လည်း ယဉ်ကျေးလှပါတယ်ဆိုတဲ့ သူလိုက်မမီဘူး

တော်ရုံနဲ. တော့ မပြောတတ်ပါဘူး တော်တော် ပေါက်ကွဲလာမှပါ ပြောမိပြောရာ ပြောပိသွားမှ သူတို.ဗီဇအရ ပြန်အားနာနေတတ်ပြန်ရော အဲ့အခါမှ အဲ့လူကို ဘယ်လိုပြန်ချော့ရမလည်း စဉ်းစားရတာလည်း အမော ပေါ်တင်ကြီးတော့ မချော့ချင်ဘူး

ဘာလို.လည်းဆို မာနကလည်း ကြီးတာကိုး မာနကြီးတာကလည်း သူများထက်သာတယ် 9 လောက်ရှိတာပေါ့ မာနကြီးသလောက် အရှက်လည်းကြီးတယ်

ဒါ့ကြောင့်တော်ရုံနဲ. ရည်းးစားစကားမပြောဖြစ်ကြဘူး ရှက်တာကိုး အဲ့တာဒါက B သွေးပိုင်ရှင် boy or girl တူတူတွေပါဘဲ

အချစ်ရေးးလားး

ကံမကောင်းဘူး ဘာလို.လည်းဆို သူတို့က အမြုံတွေလေ ရင်ထဲရှိတာကို အပြင်ဘက်မှာ သိပ်မဖေါ်ပြတတ်ဘူး

မဖေါ်ပြတတ်တာမဟုတ်ဘူး မဖေါ်ပြချင်တာ ဒါပေမယ့် သူတို.က အရမ်းချစ်တတ်ပါတယ်

သူ.ချစ်ရတဲ့သူထက်တောင် သူ.အပေါ် ပိုချစ်တယ် ဒါပေမယ့် သူ.ချစ်သူကိုယ်တိုင်ကကို သူ.အချစ်ကို မမြင်တတ်ဘူး

ဘာလို.လည်းဆို ရင်ထဲရှိတာ တခြား အပြင်မှာ တကယ်ပြောမိ လုပ်မိတာက တခြားဖြစ်နေတာကိုး

အဲ့ဒါကြောင့်တော်တော် သည်းခံနိုင်ပိ B သွေးးတွေကို တော်တော်နားလည်နိုင်မှ ရေရှည်တည်တံ့တဲ့အချစ်တခု ပိုင်ဆိုင်နိုင်မှာပါ

B သွေးက တခြားသွေးတွေထက် သစ္စာရှိတယ် သူ.ချစ်သူကွယ်ရာမှာ သစ္စာဖာက်တဲ့ ကိစ္စမျိုး မလုပ်မိအောင် ဘယ်သူမှမသိပါဘူး ဆိုပြီးလည်း

မလုပ်မိအောင်ထိန်းတယ် အဲ့လိုလုပ်ထားရမှာကို စိတ်မလုံတာ B သွေးအများစုမှာ တဖက်သားနားမလည်နိုင်တဲ့အပြုအမူတွေရှိတယ်

B သွေးချစ်သူရှိရင် တခုတော့ အကြံပေးချင်ပါတယ် သူတို.က သင့်ကို မချစ်ဘူးလို. မထင်လိုက်ပါနဲ.

သင့်ထက်တောင် သူတို.က သင့်ကို ပိုချစ်ပါတယ် ဒါပေမယ့် သင့်လို အမူအရာနဲ. မဖေါ်ပြတတ်တာဘဲ ရှိတာပါ

သူတို.ရင်ထဲမှာသင့်ကို ချစ်တဲ့ အချစ်တွေနဲ.ပဲ ပြည့်နေတာပါ ဆိုးတာက

သူတို. ဘယ်လောက်ချစ်ကြောင်းမပြတတ်တာပါဘဲ သင်ါကိုသင့်ထက်ဘယ်လောက်ချစ်လည်းဆိုတာ သင်က လမ်းခွဲရင်တောင် ပထမ B သွေးရဲ.မာနကြောင့်ရတယ်လေ ကိစ္စမရှိဘူး ပြောပါလိမ့်မယ်

ဒါပေမယ့် သင့်နဲ. တကယ်ပြတ်ရတော့မယ်မှန်းသိရင်သူတို.မှာခြေမကိုင်မိလက်မကိုင်မိနဲ. ကိုယ့်ကိုပြတ်ပါပိ ပြောတဲ့သူကို ဆွဲထားမိတတ်တဲ့ အထိ ချစ်ကြတာပါ တော်ရုံသန်ရုံ နဲ.တော့ သူတို.က သင့်ကို လမ်းစမခွဲပါဘူး

သူတို. အမုန်းဆုံးက သူက သစ္စာရှိသလောက် သင်က သူ.အပေါ်သစ္စာ မဲ့ခဲ့ရင်တော့ သူအသက်လောက်ချစ်နေပါစေ သင်ဘယ်လောက် တောင်းပန်တောင်းပန် ဘယ်လောက်သူ.အရှေ.မှာ ငိုပြနေပါစေ သူတို.လက်ခံမှာမဟုတ်ပါဘူး

အဲ့အခါ ကြရင် သူတို.ရဲ.ပြတ်သားမှုကို သင်ကိုယ်တိုင်ကြည့်ပိ အံ့သြရတဲ့ အထိဖြစ်ပါလိမ့်မယ်

နောက်ဆုံးတခုက B သွေးအများးစု ဖြစ်ပါတယ် လမ်းလျောက်ရင် လက်ကို ဘယ်နားထားရမှန်းမသိဘူး တခုခုကို ကိုင်ထားရမှ နောက်တခု ကိုယ်ချစ်သလောက် ကိုယ့်အပေါ်သစ္စာ မရှိခဲ့လို မုန်းပြီဟေ့ဆို သူ.နာမည်တောင်မနည်းပြန်စဉ်းစားရလောက်ကို ပါပဲတဲ့.

ရှားရှား ပါးပါး AB များ

#ABသွေးလားးးးး အချစ်ကြီးလို့လား (သို့)အစွဲအလမ်း ကြီးလို့လား ချစ်သူတွေပေါ်မှာ သစ္စာရှိတတ်ကြလို့ ကျန်ရစ်ဖြစ် များပြီး အသည်းကွဲနေတာများတယ် ချစ်သူပေါ်မှာလည်း သစ္စာမဖေါက် သလို သူတို့ကို လျစ်လျူရှုရင် ဂရူမစိုက်သလို ပြစ်ထားရင်လည်း

မချစ်တော့လို့လားလို့ AB လေးတွေက တွေဝေတတ်ကြတယ်လေ သူတို့က အချစ်ရေးမှာ ခံစားချက်ကို သိုဝှက်လေ့ မရှိကြလို့လည်း အမြဲ တဖက်သားရဲ့ လှည့်စားမှုကို ခံရလေ့ ရှိနေတတ်ကြတယ်တဲ့လေ…

တွေဝေတတ်တာ ABပါ မသေချာ မရေရာတဲ့ အနာဂါတ် မနက်ဖြန်တိုင်းအတွက် သူတို့ လေးတွေက လေထဲမှာစိတ်ကူး အိမ်မက်လေးတွေကို အကောင် ထည်ဖေါ်နေတတ် ကြတယ်လေ စိတ်ကူး ထဲကအတိုင်း အပြင်မှာ ဖြစ်အောင်ကြိုးစားဖို့

ဇွဲလုံလ ဝိရိယရှိသူတွေထဲမှာ အမှတ်ပေးရမယ်ဆို ABလေးတွေကို လက်ညိုးအရင်ထိုးရလိမ့်မယ်လေ ဇွဲရှိသူတွေအနေနဲ့ပေါ့ AB တွေက တခြားသွေးတွေလို မဟုတ်ဘဲ လူမှုဆက်ဆံရေးမှာအရောတဝင်မလုပ်တတ်တာ သူတို့ရဲ့ ပင်ကိုစရိုက်လေးပါ

သီခြား ပင်ကိုစတိုင်လေးနဲ့ ခပ်အေးအေးလေး နေတတ်ကြတယ် လေ အများစုက ဒါပေမယ့် သူတို့အရောတဝင် နေထိုင်လေ့ရှိတဲ့ သူငယ်ချင်း မိတ်ဆွေ အရင်းတွေကြားမှာတော့ ဟာသဥာဏ်ရွှင်တဲ့ လူပြက်တစ်ယောက်လို

တပါးသူ ပျော်ရွှင်အောင် နေတတ်ကြတတ်တယ်တဲ့ တိုက်ဆိုင်ရဲ့လား ABလေးတို့ရေ ABတွေက ဂီတကိုအရမ်းမြတ်နိုးတယ် တစ်ယောက်ထဲပြင်းနေချိန်မှာ သံဇဉ်လေးတွေနဲ့feelingလုပ်နေတတ်ကြတယ်

ပျော်စရာရှိပြီဆိုရင်တစ်ယောက်တည်း ကြိတ်မပျော်ဘဲ သူငယ်ချင်း အပေါင်းသင်း ချစ်သူတို့ကို ပျော်ရွှင်မှုကိုဝေမျှပီတိဖြစ်စေတယ်လေ ဝမ်းနည်းပြီဆို နှစ်ယောက်မရှိဘူး ABတွေက အစွန်းဆုံးရောက်အောင် အားငယ်နေတတ်တတ်တယ်လေ…

AB သွေးသမားတွေဟာ….

လူမှုဆက်ရေးနဲ့ပတ်သတ်ရင်( သို့ ) သူငယ်ချင်းတွေနဲ့ပတ်သတ်ရင်… အားလုံးကို မျှတစွာ ဆက်ဆံတယ် ခွဲခြားဆက်ဆံတာမျိုးမရှိဘူး အယုတ်ဆုံးပြောရရင် ကျားမတောင် မခွဲခြားကြဘူး လူသားအားလုံးအပေါ် ကူညီတတ်တယ် ဖော်ရွေပါတယ်

စကားပြောကောင်းပြီး လူကြီးလူကောင်း ဆန်တယ်ထင်ရပေမဲ့ သူငယ်ချင်းတွေနဲ့ တွေ့ရင် တကယ့် အပေါတစ်ယောက်လိုဘဲ သူအကဲဆုံးဘဲ ဟာသ အမြဲလုပ်တတ်တယ် သူအကြောင်းမသိတဲ့သူတွေဆို ရုပ်တည်ကြီးနေလို့ မာနကြီးတယ်ထင်ပြီး အမြင်ကတ်တယ်

အချို့က ပေါပေါတောတောနေလို့ ကြည့်မရကြဘူး ဒါပေမဲ့ တဖတ်သား အားနည်းချက်ကိုတော့ ဟာသ မလုပ်ကြဘူး အမြဲရှောင်တယ် ။ သူတို့ကို တစ်ခါနုတ်ဆက်ရင် ဒါမှမဟုတ်ပြုံးပြရင် သူတို့က ဆယ်ခါနုတ်ဆက်ဖို့ ပြုံးပြဖို့ ဝန်မလေးဘူး

သူတို့ကို လူရာမသွင်းသလို ခံစားရရင် တစ်ယောက်ထဲ ဝမ်းနည်းနေရော ဘယ်လောက်ဘဲသံယောဇဉ် ရှိခဲ့ရှိခဲ့ မကျေနပ်တော့ဘူးဆိုရင် ဓာတ်လှေကား အတူစီးနေတာတောင် မသိချင်ယောင်ဆောင်နေတတ်တယ် ။

အဲ အဲ့ဒီနေရာမှာ အဲဒီလူ တခုခုဖြစ်ကြည့်ပါလား သနားပြီး ကူညီိတတ်ကြပြန်ရော သူတို့ဟာ အတော်လေး နားလည်ရခတ်တယ် အရမ်းအားနာ တတ်လို့ အကြွေးတွေ ဆုံးတာများတယ် ကိုယ့်ပစ္စည်းကိုတောင် ပြန်မတောင်ရက်ကြဘူး အေး….သူတို့ မသဒ္ဓါရင်တော့ ရေတောင် မတိုက်ချင်ဘူး ။

အချစ်ရေးနဲ့ ပတ်သတ်ရင်

အချစ်ကြီးတယ် နည်းနည်းအစွန်းရောက်ချင်တယ် ဒါပေမဲ့ သူတို့လောက် ပြန်မချစ်ပြရင်နေ နည်းနည်းလေးချစ်ပြရုံနဲ့ ကျေနပ်နေတတ်တယ်

ဖြေသိပ်နိုင်တယ် သစ္စာ ဖောက်ရင် သတ်ပစ်ဖို့ဝန်မလေးဘူး သူတို့က အချစ်ကို တန်ဖိုးထားတယ် သူတို့ပျော်ရွှင်ဖို့အတွက်

ချစ်တယ် ဆိုတဲ့ စကားကို လွယ်လွယ်မပြောတတ်ကြဘူး ။ သူတို့တကယ်ချစ်မိပြီဆိုလည်း သူတို့ကိုအသုံးချနေမှန်း သိရက်နဲ့ ခွင့်လွတ်နေကြပြန်ရော ကဗျာ ဆန်ဆန် တင်စားရရင် ဆရာလယ်တွင်းသားစောချစ်ရဲ့“ မျက်လုံးမှာအလွမ်း နုတ်ခမ်းမှာ မာန…” ဆိုတဲ့ ဝတ္ထုနာမည် တူကြတယ်

အမြဲလွမ်းနေတတ်တယ် အဲဒီနောက်မှာ မာနက ကပ်ပါနေတယ် သူတို့ကို မလိုတော့ဘူး ထင်တဲ့တနေ့ တွယ်ကပ်နေမှာတော့မဟုတ်ဘူး သူတို့မာနကဘဲ ဝမ်းနည်းလွယ်တဲ့ သဘောတရားကို ဖုံးကွယ်ထားတယ် ။ သူတို့အချစ်က စွဲမက်ဖို့ကောင်းသလိုကြောက်ဖို့လည်းကောင်းတယ် ။

စည်းပွားရေးပတ်သတ်ရင်…

အကွက်မြင်တယ် စနစ်တကျ စီမံခန့်ခွဲနိုင်တယ် သူတပါးအလုပ်ကို လုပ်ရတာထက် ကိုယ်ပိုင်အလုပ်ကိုဘဲ ပိုစိတ်ဝင်စားကြတယ် အရောင်းအဝယ်ကို ဝါသနာကြီးတယ် ကိုယ့်အားကို ကိုးတယ်ဆိုတာထက်

သူများအောက် မကျို့ချင်တဲ့စိတ်က ပိုအားကြီးတယ် သူတို့ကစပြီးပြိုင်ရတာကို သိပ်ဝါသနာမပါဘူး ဖြစ်သလိုနေတတ်သလို အပျင်းလည်းကြီးချင်တယ် ဒါပေမဲ့ သူတို့ကို သွားပြိုင်ရင်တော့ လုံးဝ အကြောမခံဘူး အဲ့ဒါကတော့ နေရာမရွေးဘူး

သူတို့ကို ခြေတက်နင်းမိရင် ခေါင်းပြန်နင်းရမှ ကျေနပ်တယ် ပြီးမှ ငါလွန်သွားသလားတွေးတယ် ။

ဘဝနေထိုင်မှုပုံစံ

သဘာဝတရားကို အမြဲလက်ခံထားတဲ့သူတွေဖြစ်တဲ့အတွက် ဒေါင်ကျကျ ပြားကျကျ နေတယ် ဝတ်တယ် စားတယ် အသစ်အဆန်းကို စိတ်မဝင်စားလို့တော့ မဟုတ်ဘူး အဟောင်းလေးတွေအပေါ် သံယောဇဉ်တွယ်ပြီး မြတ်နိုးနေတဲ့အတွက်

အသစ်ပေါ်တိုင်း ဝယ်မသုံးကြဘူး သူငယ်ချင်းတွေ မိသားစုဝင်တွေ အတင်းတိုက်တွန်းမှ ဝယ်ဖြစ်ကြတယ် ။

သူတို့ဟာ စုတ်တံ တဖတ် ဓားတဖတ်တွေ ဖြစ်တယ် နုရွပြီဆိုလည်း သိပ်ကို အနုပညာဆန်ပြီး

ကြမ်းတမ်းပြီးဆိုရင် ကျားနာတစ်ကောင်လို တရှူးရှူး တဒိုင်းဒိုင်းဘဲ သူတို့ ပန်းချီဆွဲနေတာ စာရေးနေတာ ကဗျာစပ်နေတာ ပန်းအလှထိုးနေတာကိုကြည့်ပြီး စိတ်ရှည်တယ်လို့ ထင်ရပေမဲ့ တခါတခါ ဘာမဟုတ်တဲ့ အဆင်မပြေတာလေးနဲ့

စိတ်တိုနေပြန်ရော ဒါပေမဲ့ အမှန်တရားကို နားလည်လွယ်သူတွေ ဖြစ်လို့ စိတ်တိုလည်း သိပ်မကြာပါဘူး ။

သူတို့ လုပ်ချင်ရင် မှန်တယ်ထင်ရင် ဘယ်သူ့မှ ဂရုမစိုက်ကြဘူး တဇွတ်ထိုးနိုင်တယ် သူတို့ကို ဟိတ်ကြီး ဟန်ကြီးနဲ့ သွားမပြောနဲ့ လုံးဝနာခံမှာ မဟုတ်ဘူး အရွဲ့တိုက်ပြီး လုပ်ဖို့ဘဲ ရှိတယ် လျှော့ပြောကြည့်ပါလား ကြိုက်သလားမမေးနဲ့ ဘာပဲလုပ်ရလုပ်ရဘဲ ။

သူတို့အကြောက်ဆုံးက ကိုယ်ကျင့်စာရိတ္တနဲ့ ပတ်သတ်ပြီး အထင်လွဲမှာ အကြောက်ဆုံးဘဲ အသက်ချင်းလည်းဖို့ ဝန်မလေးဘူး ။

ခန့်မှန်းရခက်သော O သွေး တို့ရဲ့စိတ်

စိတ်မပါပဲ အသေးအဖွဲအလုပ်လေးကအစ အပျင်းကြီးတယ်၊ တခါတရံကျ အလုပ်အများကြီးကို တစ်ယောက်တည်း မရပ်မနားလုပ်နေတတ်ပြန်ရော။

တခါတလေ အပျော်ကြီးပျော်နေတယ်လို့ သူများအမြင်မှာ နေပြပြီး တစ်ယောက် တည်း နောက်ကွယ် မျက်ရည်ကျကြတယ်။

ဟန်မဆောင် ပွင့်လင်းတတ်တဲ့အခါ ရှိသလို ၊ ဟန်ဆောင် တော်ကြတာလည်း O က နံပါတ်(၁)ပါပဲ။ အငြင်းသန်ပြီး အရွဲ့တိုက်တတ်တယ်။

O သွေးတွေ မာန အလွန်ကြီးပြီး သူများ အသနားမခံတတ်ကြဘူး။ ကိုယ့်ဒူးကိုချွန် ကိုယ့်အားကိုယ်ကိုး ဦးဆောင် တတ်တဲ့ ခေါင်းဆောင်စိတ်ရှိသူတွေပါ။

သူ့တို့မာနက သူများကို မထိခိုက်ပါဘူး၊ ရှိသင့်ရှိထိုက်တဲ့ မာနမျိုးပေါ့၊ အပေါင်းအသင်း သူငယ်ချင်း များအပေါ် အလွန် သံယောဇဉ် ကြီးတတ်ကြပြီး သူငယ်ချင်း အတွက်ဆို ကူညီပေးဖို့ အမြဲအသင့်ရှိတတ်ကြတယ်။

ငါခင်သလိုသူတို့က မခင်ပါဘူး´´လို့လည်း တစ်ယောက် တည်း တွေးကာ အားငယ်တတ်ကြတယ်။ သူတို့အကြောင်းမသိသူများ Oသွေးတွေကို အပေါ်ယံ ခန့်မှန်းရင် မာကြောကြော ဘုဆက်ဆက် မို့ မခင်တတ်ကြဘူးလို့ ထင်ကောင်းထင်လိမ့်မယ်။

တကယ်လက်တွေ့မှာ Oတွေရဲ့စိတ်က အလွန်နူံညံ့ပြီး ခံစားလွယ်တယ်။ ချစ်သူနဲ့သူငယ်ချင်းအပေါ် အလွန်အချစ်ကြီးပြီး ခွင့်လွှတ် နားလည်ပေးတတ်တယ်။

ဒါပေမဲ့ သူ့အပေါ် ချစ်တယ်ဆိုတာ အမြဲ သံသယထားပြီး စိတ်စမ်းလေ့ရှိတယ်၊

အချစ်ကိုမယုံရဲတဲ့ သူမျိုးတွေပေါ့၊ ဒါကြောင့် Oသွေး ချစ်သူများ စိတ်ရှည်ရှည်ထားပေးဖို့တော့လိုလိမ့်မယ်။

သူတို့စိတ်ကို နားလည်ဖို့ အချိန်ယူရလိမ့်မယ်၊ တခါတရံ အရမ်းသဘောထားကြီးပြပြီး တခါတလေ ကလေးဆိုးလေးလို့ ဘာမဟုတ်တာလေးနဲ့စိတ်ကောက်တတ်ကြ တယ်။

O သွေးတွေဟာ သူ့ကို တကယ် ချစ်တဲ့သူကိုသာ သူပြန်ချစ်တတ် ပါတယ် ။ အချစ်ကို အလျော်အစား သဘောမျိုးထားတတ်ပြီး တဖတ်သတ် အချစ်မျိုးကို မလိုလားတဲ့သူတွေ ပါ။ စိတ်ဆိုးပြေလွယ်တတ်ပေမဲ့ စိတ် မှတ် ကြီးသူတွေပါ။

အမှတ်မထင် မှားမိရင် အမှားကို တစိမ့်စိမ့်တွေးကာ နောက်မဖြစ်အောင် ကိုယ့်ကိုယ်ကို ဆုံးမတတ်ကြတယ်။

လုပ်ချင်တာလုပ်ရတဲ့ အချိန်မှာတော့ Oသွေးတွေ မျက်နှာက ကြည့်အကောင်းဆုံးအချိန်ပါပဲ။

သူတို့ လုပ်ရပ်အတွက် ဘယ်တော့မှ နောင်တ မရတတ်ကြတဲ့ ခေါင်းမာသူတွေပေါ့။

ခရက်ဒစ်

Leave a Reply

Your email address will not be published. Required fields are marked *